
လမ်းဘေးက ပင်လယ်စာ နဲ့ တစ်ခါသုံး ကိုယ်ဝန်တားဆေးကြောင့် အသက်ဆုံးရူံးခဲ့ရတဲ့ မိန်းကလေး(ဂရုစိုက်ကြပါ)
လမ်းဘေးက ပင်လယ်စာ နဲ့ တစ်ခါသုံး ကိုယ်ဝန်တားဆေးကြောင့် အသက်ဆုံးရူံးခဲ့ရတဲ့ မိန်းကလေး(ဂရုစိုက်ကြပါ) ကျနော်အဖြစ်အပျက်အမှန်တစ်ခုလေးကို အားလုံးသတိထားရအောင်လို့ပြောချင်တာပါ။ဘာဖြစ်လို့လဲဆိုတော့ ခုတားဆေးနဲ့ပင်လယ်စာကြောင့်မို့အသက်ဆုံးရူံးခဲ့ရတာက ကျနော့်သူငယ်ချင်းအတွဲဖြစ်နေတာကြောင်မို့ပါဗျာ။ ကိုဗစ်တွေမဖြစ်ခင် 2019-12 လပိုင်းလောက်က ကျနော်အလုပ်လုပ်နေတဲ့မန်းလေးကို သူငယ်ချင်းတို့သမီးရည်းစားအလည်လာကြတာပါ။လူငယ်စုံတွဲတွေဆိုတော့ တည်းခိုခန်းမှာတည်းကြတာပေါ့။သူတို့အတွဲက ပဲခူးဘက်က လူကြီးတွေသဘောတူထားပေမယ့်မယူဖြစ်ကြသေးပါဖူး။ သူတို့ရောက်နေကြောင်း ကျနော့်ဆီဖုန်းဆက်တော့ ညနေအလုပ်ဆင်းရင်လာခဲ့မယ်ဆိုပြီး သူတို့တည်းတဲ့နေရာနားလေးချိန်းလိုက်တာပါ။ကျနော်နဲ့လဲအရမ်းခင်တော့ပွင့်ပွင့်လင်းလင်းပါပဲ။ဒီလိုနဲ့ညနေရောက်တော့ သူတို့နဲ့သွားတွေ့တယ်။ ဆိုင်သွားထိုင်ရအောင်ဆိုတော့ […]