အပင္တစ္ပင္တည္းကေန အသီးအမ်ိဳးေလးဆယ္ထြက္ရွိတဲ့ အံ့ဖြယ္သစ္ပင္

Zawgyi ျဖင့္ဖတ္ရန္

အပင္တစ္ပင္တည္းကေန တစ္ၿပိဳင္နက္တည္း အသီးအမ်ိဳးအစား ၄၀ အထိ ထြက္ရွိႏိုင္တဲ့ အံ့ဖြယ္သစ္ပင္တစ္မ်ိဳးကို တီထြင္ဖန္တီးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ပညာရွင္ကေတာ့ အႏုပညာဖန္တီးသူ ပေရာ္ဖက္ဆာ San van Aken ျဖစ္ၿပီး သူရဲ႕လုပ္ေဆာင္ခ်က္ဟာ အနာဂတ္ကမာၻေျမေပၚ သီးႏွံစိုက္ပ်ိဳးေရးအတြက္ လမ္းသစ္တစ္ခုျဖစ္လာဖို႔ ရွိေနတာပဲျဖစ္ပါတယ္။

နယူးေယာက္က ပညာရွင္ႀကီးဟာ သစ္ပင္ကိုင္းေတြကို ကိုင္းဆက္ကူးစိုက္ပ်ိဳးတဲ့နည္းပညာဟာ အပင္ေတြကိုႏွိပ္စက္တဲ့နည္းလမ္းတစ္ခုလို႔ ယူဆခဲ့ၿပီး သူရဲ႕ႀကံဆခဲ့ပုံက Chip Grafting လို႔ ေခၚတဲ့ နည္းပညာပုံစံတစ္မ်ိဳးပါပဲ။

သူဟာ ဒီလို အံ့ဖြယ္သစ္ပင္မ်ိဳးကို အေမရိကန္ႏိုင္ငံအႏွံ႔အျပား နဲ႔ ျပည္နယ္အေတာ္မ်ားမ်ားနဲ႔ အေရအတြက္အေျမာက္အမ်ား စိုက္ပ်ိဳးေအာင္ျမင္ခဲ့ၿပီျဖစ္ၿပီး ဂုဏ္ယူဖြယ္ရာ အႏုပညာရပ္ဆိုင္ရာ တီထြင္မႈတစ္ခုအေနနဲ႔လည္း သတ္မွတ္ခံေနရတာျဖစ္ပါတယ္။

သီးမ်ိဳးစုံ ၄၀ သီးတဲ့အပင္ဟာ သီးပြင့္ခ်ိန္ရာသီေရာက္ခ်ိန္မွာဆိုရင္ အေသြးအေရာင္စုံလင္မ်ားျပားေနၿပီး ရႈမၿငီးဖြယ္ျဖစ္တာမို႔ အင္မတန္ၾကည္ႏူးစရာျဖစ္ၿပီး ၾကည့္လို႔ေကာင္းသလို ကမာၻေျမေပၚမွာ အႏုပညာ အလွပုံစံတစ္ရပ္အေနနဲ႔လည္း ဝမ္းေျမာက္ဖြယ္ရာျမင္ေတြ႕ရမွာျဖစ္ပါတယ္။

Credit : ZAW (H2H)

Unicode ဖြင့်ဖတ်ရန်

အပင်တစ်ပင်တည်းကနေ အသီးအမျိုးလေးဆယ်ထွက်ရှိတဲ့ အံ့ဖွယ်သစ်ပင်

အပင်တစ်ပင်တည်းကနေ တစ်ပြိုင်နက်တည်း အသီးအမျိုးအစား ၄၀ အထိ ထွက်ရှိနိုင်တဲ့ အံ့ဖွယ်သစ်ပင်တစ်မျိုးကို တီထွင်ဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပညာရှင်ကတော့ အနုပညာဖန်တီးသူ ပရော်ဖက်ဆာ San van Aken ဖြစ်ပြီး သူရဲ့လုပ်ဆောင်ချက်ဟာ အနာဂတ်ကမ္ဘာမြေပေါ် သီးနှံစိုက်ပျိုးရေးအတွက် လမ်းသစ်တစ်ခုဖြစ်လာဖို့ ရှိနေတာပဲဖြစ်ပါတယ်။

နယူးယောက်က ပညာရှင်ကြီးဟာ သစ်ပင်ကိုင်းတွေကို ကိုင်းဆက်ကူးစိုက်ပျိုးတဲ့နည်းပညာဟာ အပင်တွေကိုနှိပ်စက်တဲ့နည်းလမ်းတစ်ခုလို့ ယူဆခဲ့ပြီး သူရဲ့ကြံဆခဲ့ပုံက Chip Grafting လို့ ခေါ်တဲ့ နည်းပညာပုံစံတစ်မျိုးပါပဲ။

သူဟာ ဒီလို အံ့ဖွယ်သစ်ပင်မျိုးကို အမေရိကန်နိုင်ငံအနှံ့အပြား နဲ့ ပြည်နယ်အတော်များများနဲ့ အရေအတွက်အမြောက်အများ စိုက်ပျိုးအောင်မြင်ခဲ့ပြီဖြစ်ပြီး ဂုဏ်ယူဖွယ်ရာ အနုပညာရပ်ဆိုင်ရာ တီထွင်မှုတစ်ခုအနေနဲ့လည်း သတ်မှတ်ခံနေရတာဖြစ်ပါတယ်။

သီးမျိုးစုံ ၄၀ သီးတဲ့အပင်ဟာ သီးပွင့်ချိန်ရာသီရောက်ချိန်မှာဆိုရင် အသွေးအရောင်စုံလင်များပြားနေပြီး ရှုမငြီးဖွယ်ဖြစ်တာမို့ အင်မတန်ကြည်နူးစရာဖြစ်ပြီး ကြည့်လို့ကောင်းသလို ကမ္ဘာမြေပေါ်မှာ အနုပညာ အလှပုံစံတစ်ရပ်အနေနဲ့လည်း ဝမ်းမြောက်ဖွယ်ရာမြင်တွေ့ရမှာဖြစ်ပါတယ်။

Credit : ZAW (H2H)

Leave a Reply

Your email address will not be published. Required fields are marked *