ေဖ့စ္ဘြခ္ေပၚမွာ ဇနီးမယားကို တင္ေရာင္းစားခဲ့သူ ဖမ္းဆီးခံရ

Zawgyi ျဖင့္ဖတ္ရန္

ေငြအသုံးလိုတဲ့အခါ ကိုယ္ပိုင္ဆိုင္တဲ့ စာအုပ္ေတြ၊ ပရိေဘာဂေတြ၊ အီလက္ထေရာနစ္ပစၥည္းေတြကို အြန္လိုင္းေပၚကေန ျပန္ေရာင္းခ်တာေတြ မၾကာခဏဆိုသလို ျမင္ေတြ႕ဖူးေပမယ့္ ဇနီးမယားကို အေရာင္းပိုစ့္တင္တာကေတာ့ ထူးဆန္းလြန္းပါတယ္။
အင္ဒိုနီးရွားႏိုင္ငံက အမ်ိဳးသားဟာ သူ႔ရဲ႕ ဇနီးမယားနဲ႔ ေပ်ာ္ပါးဖို႔ ‘သုံးေယာက္တစ္တြဲ’ ဝန္ေဆာင္မႈ ရႏိုင္ပါၿပီလို႔ ေဖ့စ္ဘြခ္ေပၚမွာ အေရာင္းပို႔စ္တင္ခဲ့တာေၾကာင့္ ဖမ္းဆီးခံခဲ့ရပါတယ္။

အသက္ ၂၉ ႏွစ္အ႐ြယ္ ‘အာမင္ ဆန္တိုဆို’ ဆိုသူဟာ မိသားစုရဲ႕ ေငြေရးေၾကးေရး အက်ပ္အတည္းကို ေျဖရွင္းဖို႔ အိမ္ေထာင္သက္တမ္း ၁၂ ႏွစ္ၾကာေပါင္းသင္းလာတဲ့ ဇနီးမယားကို အြန္လိုင္းေပၚမွာ တင္ေရာင္းစားခဲ့တာျဖစ္ပါတယ္။

ထူးဆန္းစြာနဲ႔ သူ႔ရဲ႕အေရာင္းပိုစ့္ေအာက္မွာ အင္ဒိုနီးရႈး႐ူပီး ၂,၀၀၀,၀၀၀ (က်ပ္ ၂ သိန္း ၂ ေသာင္းဝန္းက်င္) နဲ႔ ေဈးေပးခဲ့တဲ့ ဝယ္လက္ရွိခဲ့ပါတယ္။ ဒီလိုလုပ္ရတာဟာ သူတို႔ရဲ႕ ကေလးႏွစ္ေယာက္ အသုံးစရိတ္နဲ႔ ေက်ာင္းစရိတ္အတြက္လို႔ ရဲစခန္းမွာ ထြက္ဆိုခဲ့ပါတယ္။

‘အာမင္’ ဟာ သာမန္ အလုပ္ၾကမ္း အထမ္းသမားတစ္ဦးျဖစ္ၿပီး သူ႔ရဲ႕တစ္ရက္ဝင္ေငြ ႐ူပီး ၅၀,၀၀၀ (က်ပ္ ၅ ေထာင္ေက်ာ္) ဟာ သူမိသားစုကို ေလာက္ငေအာင္ မေထာက္ပံ့ႏိုင္ပါဘူး။ အရင္တုန္းက ေငြေၾကးအေထာက္အပံ့ေလးေတြ ရခဲ့ဖူးေပမယ့္ အခုလက္တေလာ မရေတာ့တာေၾကာင့္ ဇနီးျဖစ္သူနဲ႔ တိုင္ပင္ၿပီး သူမရဲ႕ သေဘာတူညီခ်က္နဲ႔အတူ ေဖ့စ္ဘြခ္ေပၚမွာ အေရာင္းပိုစ့္ တင္ခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္။

ဇနီးျဖစ္သူကိုလည္း ရဲစခန္းက စစ္ေဆးခဲ့ၿပီး ဒီကိစၥကို သူမကိုယ္တိုင္လည္း သေဘာတူခဲ့ေၾကာင္း ထြက္ဆိုခဲ့ပါတယ္။ ဒါေပမယ့္ ရဲစခန္းက ‘အာမင္’ ကို တရားစြဲဆိုရန္ ဆက္လက္ဖမ္းဆီးထားၿပီး ဇနီးျဖစ္သူကိုေတာ့ ျပန္လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

Credit : popolay

Unicode ဖြင့်ဖတ်ရန်

ဖေ့စ်ဘွခ်ပေါ်မှာ ဇနီးမယားကို တင်ရောင်းစားခဲ့သူ ဖမ်းဆီးခံရ

ငွေအသုံးလိုတဲ့အခါ ကိုယ်ပိုင်ဆိုင်တဲ့ စာအုပ်တွေ၊ ပရိဘောဂတွေ၊ အီလက်ထရောနစ်ပစ္စည်းတွေကို အွန်လိုင်းပေါ်ကနေ ပြန်ရောင်းချတာတွေ မကြာခဏဆိုသလို မြင်တွေ့ဖူးပေမယ့် ဇနီးမယားကို အရောင်းပိုစ့်တင်တာကတော့ ထူးဆန်းလွန်းပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အမျိုးသားဟာ သူ့ရဲ့ ဇနီးမယားနဲ့ ပျော်ပါးဖို့ ‘သုံးယောက်တစ်တွဲ’ ဝန်ဆောင်မှု ရနိုင်ပါပြီလို့ ဖေ့စ်ဘွခ်ပေါ်မှာ အရောင်းပို့စ်တင်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။

အသက် ၂၉ နှစ်အရွယ် ‘အာမင် ဆန်တိုဆို’ ဆိုသူဟာ မိသားစုရဲ့ ငွေရေးကြေးရေး အကျပ်အတည်းကို ဖြေရှင်းဖို့ အိမ်ထောင်သက်တမ်း ၁၂ နှစ်ကြာပေါင်းသင်းလာတဲ့ ဇနီးမယားကို အွန်လိုင်းပေါ်မှာ တင်ရောင်းစားခဲ့တာဖြစ်ပါတယ်။

ထူးဆန်းစွာနဲ့ သူ့ရဲ့အရောင်းပိုစ့်အောက်မှာ အင်ဒိုနီးရှုးရူပီး ၂,၀၀၀,၀၀၀ (ကျပ် ၂ သိန်း ၂ သောင်းဝန်းကျင်) နဲ့ ဈေးပေးခဲ့တဲ့ ဝယ်လက်ရှိခဲ့ပါတယ်။ ဒီလိုလုပ်ရတာဟာ သူတို့ရဲ့ ကလေးနှစ်ယောက် အသုံးစရိတ်နဲ့ ကျောင်းစရိတ်အတွက်လို့ ရဲစခန်းမှာ ထွက်ဆိုခဲ့ပါတယ်။

‘အာမင်’ ဟာ သာမန် အလုပ်ကြမ်း အထမ်းသမားတစ်ဦးဖြစ်ပြီး သူ့ရဲ့တစ်ရက်ဝင်ငွေ ရူပီး ၅၀,၀၀၀ (ကျပ် ၅ ထောင်ကျော်) ဟာ သူမိသားစုကို လောက်ငအောင် မထောက်ပံ့နိုင်ပါဘူး။ အရင်တုန်းက ငွေကြေးအထောက်အပံ့လေးတွေ ရခဲ့ဖူးပေမယ့် အခုလက်တလော မရတော့တာကြောင့် ဇနီးဖြစ်သူနဲ့ တိုင်ပင်ပြီး သူမရဲ့ သဘောတူညီချက်နဲ့အတူ ဖေ့စ်ဘွခ်ပေါ်မှာ အရောင်းပိုစ့် တင်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။

ဇနီးဖြစ်သူကိုလည်း ရဲစခန်းက စစ်ဆေးခဲ့ပြီး ဒီကိစ္စကို သူမကိုယ်တိုင်လည်း သဘောတူခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါပေမယ့် ရဲစခန်းက ‘အာမင်’ ကို တရားစွဲဆိုရန် ဆက်လက်ဖမ်းဆီးထားပြီး ဇနီးဖြစ်သူကိုတော့ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Credit : popolay

Leave a Reply

Your email address will not be published. Required fields are marked *