နာက်င္ရတဲ့ အခ်စ္

Zawgyiျဖင့္ဖတ္ရန္

ကၽြန္ေတာ္ ေနွာင္းလက္ ကေလးနွစ္ဖက္ကို ဆုတ္ကာ ေနွာင္းမ်က္နွာကို ေစ့ေစ့ၾကည့္ျပီးေျပာ လိုက္သည္။

** ေနွာင္း ေမာင္တို ့နွစ္ဦး ေရွ ့ေရးအတြက္ ေမာင္နိုင္ငံျခားမွာ အလုပ္သြား လုပ္ေတာ့မယ္ **

** ဘယ္ေလာက္ၾကာမွာလဲေမာင္ **

** သိပ္မၾကာပါဘူး ေနွာင္းရယ္ အလြန္ဆံုးၾကာလွ ၃ နွစ္ေပါ့ **

** ဟင္ ၃ နွစ္ၾကီးေတာင္လား **

** ၃ နွစ္ဆိုတာ ခဏေလး ပါေနွာင္းရယ္ ** ေနွာင္းမ်က္၀န္းမွ မ်က္ရည္မ်ားစီးက် လာသည္။ ကၽြန္ေတာ္ ေနွာင္းကိုယ္ေလးကို အသာ အယာဖက္ကာ ။ ေက်ာျပင္ေလးအား ပုတ္ကာ နွစ္သိမ့္ လိုက္သည္။ ေနွာင္းနွင့္ ကၽြန္ေတာ္ ခ်စ္သူေတြျဖစ္ခဲ့ၾကတာ ၂ နွစ္ေက်ာ္ခန့္ရွိခဲ့ ပါျပီ။ ေနွာင္းတြင္ အေဖမရွိေတာ့။ အေမနွင့္ ေမာင္ေလး တစ္ေယာက္ ညီမေလး တစ္ေယာက္သာ ရွိသည္။

ေနွာင္းက ကုမၼဏီတစ္ခုတြင္ အလုပ္လုပ္ရင္း မိသားစု တာ၀န္ကို ယူေနရသည္။ ကၽြန္ေတာ္ ကလည္း။ ေျပေျပလည္လည္ မဟုတ္။ ထို ့ေၾကာင့္ ကၽြန္ေတာ္နိုင္ငံျခားတြင္ အလုပ္လုပ္ရင္း ေနွာင္းမိသားစုေလးကို ။ တစ္ဖက္ တစ္လမ္းမွ ေထာက္ပံ့ျပီး ျပန္လာလွ်င္ လက္ထပ္ ရန္ရည္ရြယ္ ထားသည္။ နိုင္ငံျခားတြင္ ၃ နွစ္ေနေသာ္လည္း အလုပ္ကမေကာင္း ကံ ကမလိုက္သျဖင့္ ထင္သေလာက္ ပိုက္ဆံမစုမိ ။ ကၽြန္ေတာ့ မိသားစုကိုလည္း ေထာက္ပ့့ံရေသးသည္ ။ ကၽြန္ေတာ္ျပန္ ေရာက္ေရာက္ျခင္း သူငယ္ခ်င္း ေအာင္မင္းေျပာ စကားေၾကာင့္ အေမာမေျပ ။

** ေဟ့ေကာင္ ေမာင္ေမာင္ မင္းေနွာင္းက သူ ့ရံုးက အန္ကယ္ၾကီးတစ္ေယာက္နဲ ့တြဲေနတယ္ကြ **

** အဲဒီအန္ကယ္ၾကီးက လူပ်ိဳ ၾကီး ငေထာၾကီးလို ့လည္းၾကားတယ္ကြ ။ မင္းေနွာင္းေတာ့ ကပ္ျပီးရိပ္ေနျပီနဲ ့တူတယ္ **

** ေသျခာရဲ ့လားကြာမင္းကလည္း **

** မယံုရင္လည္း မင္းခ်စ္သူကို ကိုယ္တိုင္သြားေမးကြာ ** တနဂၤေႏြေန ့ ေနွာင္းအလုပ္ပိတ္ရက္ ေစ်းလာမည္ကို သိသျဖင့္ကၽြန္ေတာ္ေစ်းနားကလၻက္ရည္ဆိုင္တြင္ ။ မနက္ေစာ ေစာ သြားထိုင္ေစာင့္ေနလိုက္သည္ ။ဆိုင္ေရွ ့မွအျဖတ္ ေနွာင္းကိုကၽြန္ေတာ္လွမ္းေခၚလိုက္သည္ ။

** ေႏွာင္း ** ေခၚသံေၾကာင့္ ေနွာင္းလွည့္ၾကည့္ေတာ့ ကၽြန္ေတာ့္ကိုေတြ ့သြားသျဖင့္ အံ့ၾသ၀မ္းသာသြားတာေတြ ့ရသည္ ။

** ဟင္ ေမာင္ဘယ္တံုးကျပန္ေရာက္တာလဲ ** ** ၃ ရက္ေလာက္ရွိျပီ ေနွာင္း ေမာင္ ေနွာင္းနဲ ့ေအးေအး ေဆးေဆး စကားေျပာခ်င္တယ္ **

** အင္းဒါဆိုရင္လည္း ေမာင္နဲ ့ေနွာင္းေတြ ့ေနက် ေနရာေလးမွာ ေန ့လည္ ၁၂ နာရီေစာင့္ေနေလ ေနွာင္းလာခဲ့မယ္ ** ကန္ေတာ္ မင္ပန္းျခံခံု တန္းေလးေပၚတြင္ကၽြန္ေတာ္ထိုင္ေစာင့္ေနလိုက္သည္ ။ ခဏအၾကာေနွာင္း ေရာက္လာသည္ ။

** ေမာင္ေစာင့္ေနတာၾကာျပီလား **

** မၾကာေသးပါဘူး ေမာင္လည္း ခုေလးတင္ေရာက္တာ ။ ေနွာင္းေနေကာင္း တယ္ေနာ္ ** ကၽြန္ေတာ္က ေနွာင္းလက္ကေလးကို ဆုတ္ကိုင္ရင္းေမးလိုက္သည္ ။ ေနွာင္းကျပံဳးၾကည့္ျပီး ေခါင္းညိတ္ျပသည္ ။ အျပစ္ကင္းစင္ေသာ ခ်စ္သူေလး၏မ်က္နွာကိုျမင္ေတာ့ ေအာင္မင္းေျပာေသာကိစၥကိုမေမးရက္ ။ ** ေျပာေလေမာင္ ေျပာစရာရွိတယ္ဆိုျပီးေတာ့ ဘာမွမေျပာပဲေနွာင္းကိုပဲၾကည့္ေနတယ္ **

** ေနွာင္း ေမာင့္ ကိုခ်စ္တယ္ေနာ္ **

** ၾကည့္ ေမာင္ကေတာ့ဘာမ်ားလည္းလို ့ ကဲၾကားခ်င္ရင္လည္းထပ္ေျပာပါ့မယ္ **

** ခ်စ္ပါသတဲ့ရွႈင္ ခ်စ္ပါသတဲ့ ကဲေက်နပ္ျပီလား ** ကၽြန္ေတာ္ကေနွာင္းကိုျပံဳးၾကည့္ရင္း ေခါင္းညိတ္ျပလိုက္ပါသည္ ။ ** ေနွာင္း ေမာင္ေမးမယ္ စိတ္မဆိုးနဲ ့ေနာ္ ** ** ေမးေလေမာင္ ဘာသိခ်င္လို ့လဲ ** ** ေနွာင္းနဲ ့ရံုးကအန္ကယ္ၾကီးနဲ ့ ကဘယ္လိုလဲ အဲဒါေမာင္သိခ်င္တယ္ ** ** ေၾသာ္ဒါလား အန္ကယ္ခ်စ္က ေနွာင္းရဲ ့ဆရာပါ ။ ေနွာင္းက သူ ့လက္ေအာက္မွာအလုပ္လုပ္ရတာေလ တစ္ေလာက အန္ကယ္ခ်စ္ ကားအက္စီးဒင့္ျဖစ္ေတာ့ ရံုးကိုမလာနိုင္ဘူး ။ အဲဒါေနွာင္းက အစစ အရာရာ ကူညီေပးတာပါေမာင္ ။ ဘာမွမဟုတ္ပါဘူး ** ** အင္းဒါဆိုရင္လည္း ျပီးတာပါပဲ ေနွာင္းရယ္ **

** စိတ္ခ်ပါေမာင္ရယ္ ေနွာင္းခ်စ္တာေမာင္ ပဲ ။ ေမာင္က လြဲျပီးတစ္ျခားဘယ္သူ ့ကိုမွစိတ္မ၀င္စားဘူး ။ ကဲေက်နပ္ျပီလား** ေႏွာင္းအေျပာေလး ေတြၾကားေတာ့ ကၽြန္ေတာ္ေပ်ာ္ ခဲ့ရျပန္ပါတယ္ ။ ကၽြန္ေတာ္နိုင္ငံျခားသို ့ ဒုတိယအၾကိမ္ ထပ္ထြက္ခဲ့ရျပန္ပါတယ္ ။ ဒီတစ္ေခါက္ကေတာ့ အလုပ္ကလည္းေကာင္းသည္။ေငြ ကိုလည္းျဖစ္ျဖစ္ေျမာက္ေျမာက္ စုလာနိုင္သည္မို ့ေနွာင္းနွင့္ လက္ထပ္ဖို ့အေရးေတြးျပီး ေပ်ာ္ေနမိသည္ ။ ေလဆိပ္တြင္ေအာင္မင္းလာၾကိဳသည္ ။အိမ္ေရာက္ေတာ့ ေအာင္မင္းကေျပာသည္ ။

** ေမာင္ေမာင္ ညက်ရင္ ငါလာေခၚမယ္ လၻက္ရည္ဆိုင္သြားမယ္ **

ကၽြန္တာ္ေခါင္းညိတ္ျပလိုက္ေတာ့ ေအာင္မင္းျပန္သြားသည္ ။ လၻက္ရည္ဆိုင္တြင္ေအာင္မင္းက ေျပာသည္။

** ေမာင္ေမာင္ မင္းကိုငါေျပာစရာရွိတယ္ စိတ္ခိုင္ခိုင္ထား **

** ေျပာစမ္းပါကြာ ဘာကိုလည္း ငါစိတ္ခိုင္ပါတယ္ **

** မင္းေနွာင္း ဟိုအန္ကယ္ၾကီးနဲ ့လက္ထပ္သြားျပီ **

** ဘာ လက္ထပ္သြားျပီ ေသျခာရဲ ့လားကြာ ** ေအာင္မင္းကေခါင္းတစ္ဆတ္ဆတ္ညိတ္ရင္း ။ ** မင္းမယံုရင္ေတာ့ မင္းကိုယ္တိုင္ပဲ သြားေမးၾကည့္ေတာ့ကြာ **

** ကဲ ေနာက္မွေမးမယ္ ေသျခာတယ္ဆိုရင္ေတာ့ ဆိုင္ေျပာင္းၾကမယ္ကြာ ေအာင္မင္း ဘီယာဆိုင္ကို go ၾကစို ့** ကၽြန္ေတာ္ ဘာမွမေျပာဘီယာကိုသာ တစ္ခြက္ျပီး တစ္ခြက္ဆင့္ ေသာက္ေနမိသည္ ။ မူးမူး နွင့္ဘီယာခြက္ထဲ ကိုၾကည့္လိုက္ေတာ့ ။ ျပံဳးစစနွင့္ၾကည့္ ေနေသာ ေနွာင္းမ်က္နွာကိုျမင္ ေနရသည္ ။ ကၽြန္ေတာ္နွင့္ ေတြ ့စဥ္ကေျပာခဲ့ေသာ စကားမ်ား ကိုလည္း ျပန္ၾကားေယာင္ ေနမိသည္။ ေမာင္ကလြဲျပီးဘယ္သူ ့မွစိတ္မ၀င္စား ဘူးဆို ခုေတာ့ ေနွာင္းရယ္မင္း လုပ္ရက္လိုက္တာကြာ။။ ေနွာင္းရယ္ေမာင္မင္းကိုအရမ္းခ်စ္တယ္ကြာ ။ ကၽြႏ္ေတာ္မူးမူးနွင့္ေအာ္ေျပာလိုုက္ေသာအသံေၾကာင့္ ။

** ေဟ့ေကာင္ ေမာင္ေမာင္ စိတ္ကိုထိမ္းပါကြာ ေတာ္ျပီကြာမင္းမေသာက္နဲ ့ေတာ့မင္းမ်ားေနျပီ **

** ေသာက္ပါရေစကြာ ေအာင္မင္း ငါေနွာင္းကိုသိပ္ခ်စ္တယ္ သူ ့ကိုေမ့တဲ့အထိ ငါမူးေအာင္ေသာက္ ပါရေစကြာ ။ ထိုညက အိမ္သို ့ဘယ္လိုျပန္ေရာက္လာသည္ ကိုကၽြန္ေတာ္ မသိေတာ့ ။ ကန္ေတာ္ မင္ပန္းျခံ ခံုတန္း ေလးေပၚတြင္ ကၽြန္ေတာ္ေရာေနွာင္းပါ မထိုင္ၾက မတ္တပ္ရပ္လွ်က္ ။

** ေနွာင္းဘယ္လိုလုပ္လိုက္တာလဲ ေမာင့္ကိုေျပာတံုးကေတာ့ မဟုတ္ဘူးဆို ခုေတာ့ သူမ်ားေတြေျပာသလိုပဲ ** ေငြမ်က္နွာကိုၾကည့္ျပီး ဒီလူၾကီးလက္ထဲကို မင္းဘ၀ကိုထိုး အပ္လိုက္ တာေပါ့ ဟုတ္လား ။ မင္းတို ့မိန္းမေတြကဒီလိုပဲ

** အခ်စ္ကိုတန္ဖိုးမထားဘူး ေငြမ်က္နွာတစ္ခုပဲ ၾကည့္တတ္ၾကတယ္ **

** ေမာင္ေနွာင္းကို အဲဒီလိုမေျပာနဲ ့ ေနွာင္းေမာင့္ကိုဘယ္ေလာက္ခ်စ္သလဲဆိုတာေမာင္အသိဆံုးပါ ဒါေပမဲ ့ေမာင္ လူ ့ဘ၀ဆို တာတစ္ခါတစ္ခါေတာ့လဲ မေမွ်ာ္လင့္ပဲျဖစ္လာတဲ့ ကံၾကမၼာကို လက္ခံလိုက္ရတာပဲေမာင္ ေနွာင္းအေမ အသည္းအသန္ ျဖစ္လို ့ ေဆးရံုတက္လိုက္ရတယ္ကုန္က် စရိပ္ေတြေနွာင္းမတတ္နိုင္ဘူး အန္ကယ္ပဲ အကုန္အက်ခံျပီး ေနွာင္းအေမအသက္ကို ကယ္ေပးခဲ့တယ္။ မိသားစု အဆင္မေျပတာကိုၾကည့္ျပီး အန္ကယ္ကပဲလိုအပ္တာ အားလံုးကူညီခဲ့တယ္ ေနွာင္းညင္းလို ့မရဘူးေမာင္ ။ မိသားစုရဲ ့တကယ့္ အေရးျဖစ္လာရင္ အားကိုးရွာ တတ္ၾကတာ ေနွာင္းတို ့မိန္းမသားေတြရဲ ့ဘ၀ပါေမာင္ ေမာင္ကလည္း ေနွာင္းကို ဘာအဆက္အသြယ္မွမလုပ္ဘူး ေနွာင္းဘာလုပ္ရမလဲေမာင္ ။ တ

စ္ကယ္လိုအပ္လို ့ ကူညီလာတဲ့ လူတစ္ေယာက္ရဲ ့အကူအညီကို ေနွာင္းညင္းလိုက္ ရမွာလားေမာင္ ေျပာစမ္းပါ ။ဒါေၾကာင့္ ေနွာင္းဆံုးျဖတ္ခ်က္ခ်လိုက္ရတယ္ အန္ကယ္ကလည္း ရိုးရိုးသားသား လက္ထပ္ဖို ့ ဖြင့္ေျပာလာတယ္။သူ ့ေက်းဇူးေတြ ကလည္းေျပာလို ့မကုန္ဘူး အေမကအစ ေမာင္ေလးညီမေလးေတြကလဲ အန္ကယ့္ကိုခင္ၾကတယ္ ခ်စ္ၾကတယ္။ ေနွာင္းျငင္းခြင့္မရွိဘူးေမာင္ ဒါေၾကာင့္လက္ခံ လိုက္ရတယ္ ။ အန္ကယ့္ကိုခ်စ္လို ့လားဆိုေတာ့ မခ်စ္ဘူးေမာင္ ။ ေနွာင္းခ်စ္တာေမာင္ပဲ ဒါေပမဲ ့ ေမာင္ ေနွာင္းအန္ကယ့္ကိုလက္ထပ္ ျပီးျပီဆိုေတာ့ ခ်စ္ခ်စ္ မခ်စ္ခ်စ္ မယား၀တ္ တရားေတာ့ ေက် ပြန္ရမွာပဲေမာင္မိသားစု ဘ၀နဲ ့ပတ္သက္လာေတာ့လည္း ေနွာင္းတစ္ေယာက္ထဲ ေကာင္းစားမဲ့အခ်စ္ကိစၥကို ရင္နာနာနဲ ့ ဥပကၡာျပဳျပီး ဒီလိုလမ္းကိုေရြးလိုက္ရတာပဲေမာင္ ။ ေနွာင္းရင္ထဲက ခံစားခ်က္ကိုနားလည္ေပးပါေမာင္ ။ ေနွာင္းသြားေတာ့မယ္

** ေနွာင္း ငိုလည္းငို ေျပာလည္းေျပာနွင့္ ေျပးထြက္သြားပါေတာ့သည္ ။ ေၾသာ္ကုိယ့္ခ်စ္သူ တစ္ျခားေယာက်ာၤး နွင့္လက္ထပ္သြားတာကိုသိရေတာ့လည္းရင္မွာနာက်င္ရပါသည္ ။ သို ့ေသာ္လည္း မိမိကိုခ်စ္လ်က္နွင့္ မိသားစုေကာင္းစားေရးကိုငဲ့ျပီး မခ်စ္မနွစ္သက္သူ ရင္ခြင္ထဲသို ့ ။ ခို၀င္လိုက္ရသည္ဆိုျပန္ေတာ့လည္း ခ်စ္သူေနွာင္းကို ကၽြန္ေတာ္ဘယ္လိုမွအျပစ္ မတင္ရက္နိုင္ေတာ့ပါ။
Unicodeဖြင့်ဖတ်ရန်

ကျွန်တော် နှောင်းလက် ကလေးနှစ်ဖက်ကို ဆုတ်ကာ နှောင်းမျက်နှာကို စေ့စေ့ကြည့်ပြီးပြော လိုက်သည်။

** နှောင်း မောင်တို့နှစ်ဦး ရှေ့ရေးအတွက် မောင်နိုင်ငံခြားမှာ အလုပ်သွား လုပ်တော့မယ် **

** ဘယ်လောက်ကြာမှာလဲမောင် **

** သိပ်မကြာပါဘူး နှောင်းရယ် အလွန်ဆုံးကြာလှ ၃ နှစ်ပေါ့ **

** ဟင် ၃ နှစ်ကြီးတောင်လား **

** ၃ နှစ်ဆိုတာ ခဏလေး ပါနှောင်းရယ် ** နှောင်းမျက်ဝန်းမှ မျက်ရည်များစီးကျ လာသည်။ ကျွန်တော် နှောင်းကိုယ်လေးကို အသာ အယာဖက်ကာ ။ ကျောပြင်လေးအား ပုတ်ကာ နှစ်သိမ့် လိုက်သည်။ နှောင်းနှင့် ကျွန်တော် ချစ်သူတွေဖြစ်ခဲ့ကြတာ ၂ နှစ်ကျော်ခန့်ရှိခဲ့ ပါပြီ။ နှောင်းတွင် အဖေမရှိတော့။ အမေနှင့် မောင်လေး တစ်ယောက် ညီမလေး တစ်ယောက်သာ ရှိသည်။

နှောင်းက ကုမ္မဏီတစ်ခုတွင် အလုပ်လုပ်ရင်း မိသားစု တာဝန်ကို ယူနေရသည်။ ကျွန်တော် ကလည်း။ ပြေပြေလည်လည် မဟုတ်။ ထို့ကြောင့် ကျွန်တော်နိုင်ငံခြားတွင် အလုပ်လုပ်ရင်း နှောင်းမိသားစုလေးကို ။ တစ်ဖက် တစ်လမ်းမှ ထောက်ပံ့ပြီး ပြန်လာလျှင် လက်ထပ် ရန်ရည်ရွယ် ထားသည်။ နိုင်ငံခြားတွင် ၃ နှစ်နေသော်လည်း အလုပ်ကမကောင်း ကံ ကမလိုက်သဖြင့် ထင်သလောက် ပိုက်ဆံမစုမိ ။ ကျွန်တော့ မိသားစုကိုလည်း ထောက်ပံ့ရသေးသည် ။ ကျွန်တော်ပြန် ရောက်ရောက်ခြင်း သူငယ်ချင်း အောင်မင်းပြော စကားကြောင့် အမောမပြေ ။

** ဟေ့ကောင် မောင်မောင် မင်းနှောင်းက သူ့ရုံးက အန်ကယ်ကြီးတစ်ယောက်နဲ့တွဲနေတယ်ကွ **

** အဲဒီအန်ကယ်ကြီးက လူပျို ကြီး ငထောကြီးလို့လည်းကြားတယ်ကွ ။ မင်းနှောင်းတော့ ကပ်ပြီးရိပ်နေပြီနဲ့တူတယ် **

** သေခြာရဲ့လားကွာမင်းကလည်း **

** မယုံရင်လည်း မင်းချစ်သူကို ကိုယ်တိုင်သွားမေးကွာ ** တနင်္ဂနွေနေ့ နှောင်းအလုပ်ပိတ်ရက် ဈေးလာမည်ကို သိသဖြင့်ကျွန်တော်ဈေးနားကလ္ဘက်ရည်ဆိုင်တွင် ။ မနက်စော စော သွားထိုင်စောင့်နေလိုက်သည် ။ဆိုင်ရှေ့မှအဖြတ် နှောင်းကိုကျွန်တော်လှမ်းခေါ်လိုက်သည် ။

** နှောင်း ** ခေါ်သံကြောင့် နှောင်းလှည့်ကြည့်တော့ ကျွန်တော့်ကိုတွေ့သွားသဖြင့် အံ့သြဝမ်းသာသွားတာတွေ့ရသည် ။

** ဟင် မောင်ဘယ်တုံးကပြန်ရောက်တာလဲ ** ** ၃ ရက်လောက်ရှိပြီ နှောင်း မောင် နှောင်းနဲ့အေးအေး ဆေးဆေး စကားပြောချင်တယ် **

** အင်းဒါဆိုရင်လည်း မောင်နဲ့နှောင်းတွေ့နေကျ နေရာလေးမှာ နေ့လည် ၁၂ နာရီစောင့်နေလေ နှောင်းလာခဲ့မယ် ** ကန်တော် မင်ပန်းခြံခုံ တန်းလေးပေါ်တွင်ကျွန်တော်ထိုင်စောင့်နေလိုက်သည် ။ ခဏအကြာနှောင်း ရောက်လာသည် ။

** မောင်စောင့်နေတာကြာပြီလား **

** မကြာသေးပါဘူး မောင်လည်း ခုလေးတင်ရောက်တာ ။ နှောင်းနေကောင်း တယ်နော် ** ကျွန်တော်က နှောင်းလက်ကလေးကို ဆုတ်ကိုင်ရင်းမေးလိုက်သည် ။ နှောင်းကပြုံးကြည့်ပြီး ခေါင်းညိတ်ပြသည် ။ အပြစ်ကင်းစင်သော ချစ်သူလေး၏မျက်နှာကိုမြင်တော့ အောင်မင်းပြောသောကိစ္စကိုမမေးရက် ။ ** ပြောလေမောင် ပြောစရာရှိတယ်ဆိုပြီးတော့ ဘာမှမပြောပဲနှောင်းကိုပဲကြည့်နေတယ် **

** နှောင်း မောင့် ကိုချစ်တယ်နော် **

** ကြည့် မောင်ကတော့ဘာများလည်းလို့ ကဲကြားချင်ရင်လည်းထပ်ပြောပါ့မယ် **

** ချစ်ပါသတဲ့ရှှုင် ချစ်ပါသတဲ့ ကဲကျေနပ်ပြီလား ** ကျွန်တော်ကနှောင်းကိုပြုံးကြည့်ရင်း ခေါင်းညိတ်ပြလိုက်ပါသည် ။ ** နှောင်း မောင်မေးမယ် စိတ်မဆိုးနဲ့နော် ** ** မေးလေမောင် ဘာသိချင်လို့လဲ ** ** နှောင်းနဲ့ရုံးကအန်ကယ်ကြီးနဲ့ ကဘယ်လိုလဲ အဲဒါမောင်သိချင်တယ် ** ** သြော်ဒါလား အန်ကယ်ချစ်က နှောင်းရဲ့ဆရာပါ ။ နှောင်းက သူ့လက်အောက်မှာအလုပ်လုပ်ရတာလေ တစ်လောက အန်ကယ်ချစ် ကားအက်စီးဒင့်ဖြစ်တော့ ရုံးကိုမလာနိုင်ဘူး ။ အဲဒါနှောင်းက အစစ အရာရာ ကူညီပေးတာပါမောင် ။ ဘာမှမဟုတ်ပါဘူး ** ** အင်းဒါဆိုရင်လည်း ပြီးတာပါပဲ နှောင်းရယ် **

** စိတ်ချပါမောင်ရယ် နှောင်းချစ်တာမောင် ပဲ ။ မောင်က လွဲပြီးတစ်ခြားဘယ်သူ့ကိုမှစိတ်မဝင်စားဘူး ။ ကဲကျေနပ်ပြီလား** နှောင်းအပြောလေး တွေကြားတော့ ကျွန်တော်ပျော် ခဲ့ရပြန်ပါတယ် ။ ကျွန်တော်နိုင်ငံခြားသို့ ဒုတိယအကြိမ် ထပ်ထွက်ခဲ့ရပြန်ပါတယ် ။ ဒီတစ်ခေါက်ကတော့ အလုပ်ကလည်းကောင်းသည်။ငွေ ကိုလည်းဖြစ်ဖြစ်မြောက်မြောက် စုလာနိုင်သည်မို့နှောင်းနှင့် လက်ထပ်ဖို့အရေးတွေးပြီး ပျော်နေမိသည် ။ လေဆိပ်တွင်အောင်မင်းလာကြိုသည် ။အိမ်ရောက်တော့ အောင်မင်းကပြောသည် ။

** မောင်မောင် ညကျရင် ငါလာခေါ်မယ် လ္ဘက်ရည်ဆိုင်သွားမယ် **

ကျွန်တာ်ခေါင်းညိတ်ပြလိုက်တော့ အောင်မင်းပြန်သွားသည် ။ လ္ဘက်ရည်ဆိုင်တွင်အောင်မင်းက ပြောသည်။

** မောင်မောင် မင်းကိုငါပြောစရာရှိတယ် စိတ်ခိုင်ခိုင်ထား **

** ပြောစမ်းပါကွာ ဘာကိုလည်း ငါစိတ်ခိုင်ပါတယ် **

** မင်းနှောင်း ဟိုအန်ကယ်ကြီးနဲ့လက်ထပ်သွားပြီ **

** ဘာ လက်ထပ်သွားပြီ သေခြာရဲ့လားကွာ ** အောင်မင်းကခေါင်းတစ်ဆတ်ဆတ်ညိတ်ရင်း ။ ** မင်းမယုံရင်တော့ မင်းကိုယ်တိုင်ပဲ သွားမေးကြည့်တော့ကွာ **

** ကဲ နောက်မှမေးမယ် သေခြာတယ်ဆိုရင်တော့ ဆိုင်ပြောင်းကြမယ်ကွာ အောင်မင်း ဘီယာဆိုင်ကို go ကြစို့** ကျွန်တော် ဘာမှမပြောဘီယာကိုသာ တစ်ခွက်ပြီး တစ်ခွက်ဆင့် သောက်နေမိသည် ။ မူးမူး နှင့်ဘီယာခွက်ထဲ ကိုကြည့်လိုက်တော့ ။ ပြုံးစစနှင့်ကြည့် နေသော နှောင်းမျက်နှာကိုမြင် နေရသည် ။ ကျွန်တော်နှင့် တွေ့စဉ်ကပြောခဲ့သော စကားများ ကိုလည်း ပြန်ကြားယောင် နေမိသည်။ မောင်ကလွဲပြီးဘယ်သူ့မှစိတ်မဝင်စား ဘူးဆို ခုတော့ နှောင်းရယ်မင်း လုပ်ရက်လိုက်တာကွာ။။ နှောင်းရယ်မောင်မင်းကိုအရမ်းချစ်တယ်ကွာ ။ ကျွန်တော်မူးမူးနှင့်အော်ပြောလိုက်သောအသံကြောင့် ။

** ဟေ့ကောင် မောင်မောင် စိတ်ကိုထိမ်းပါကွာ တော်ပြီကွာမင်းမသောက်နဲ့တော့မင်းများနေပြီ **

** သောက်ပါရစေကွာ အောင်မင်း ငါနှောင်းကိုသိပ်ချစ်တယ် သူ့ကိုမေ့တဲ့အထိ ငါမူးအောင်သောက် ပါရစေကွာ ။ ထိုညက အိမ်သို့ဘယ်လိုပြန်ရောက်လာသည် ကိုကျွန်တော် မသိတော့ ။ ကန်တော် မင်ပန်းခြံ ခုံတန်း လေးပေါ်တွင် ကျွန်တော်ရောနှောင်းပါ မထိုင်ကြ မတ်တပ်ရပ်လျှက် ။

** နှောင်းဘယ်လိုလုပ်လိုက်တာလဲ မောင့်ကိုပြောတုံးကတော့ မဟုတ်ဘူးဆို ခုတော့ သူများတွေပြောသလိုပဲ ** ငွေမျက်နှာကိုကြည့်ပြီး ဒီလူကြီးလက်ထဲကို မင်းဘဝကိုထိုး အပ်လိုက် တာပေါ့ ဟုတ်လား ။ မင်းတို့မိန်းမတွေကဒီလိုပဲ

** အချစ်ကိုတန်ဖိုးမထားဘူး ငွေမျက်နှာတစ်ခုပဲ ကြည့်တတ်ကြတယ် **

** မောင်နှောင်းကို အဲဒီလိုမပြောနဲ့ နှောင်းမောင့်ကိုဘယ်လောက်ချစ်သလဲဆိုတာမောင်အသိဆုံးပါ ဒါပေမဲ့မောင် လူ့ဘဝဆို တာတစ်ခါတစ်ခါတော့လဲ မမျှော်လင့်ပဲဖြစ်လာတဲ့ ကံကြမ္မာကို လက်ခံလိုက်ရတာပဲမောင် နှောင်းအမေ အသည်းအသန် ဖြစ်လို့ ဆေးရုံတက်လိုက်ရတယ်ကုန်ကျ စရိပ်တွေနှောင်းမတတ်နိုင်ဘူး အန်ကယ်ပဲ အကုန်အကျခံပြီး နှောင်းအမေအသက်ကို ကယ်ပေးခဲ့တယ်။ မိသားစု အဆင်မပြေတာကိုကြည့်ပြီး အန်ကယ်ကပဲလိုအပ်တာ အားလုံးကူညီခဲ့တယ် နှောင်းညင်းလို့မရဘူးမောင် ။ မိသားစုရဲ့တကယ့် အရေးဖြစ်လာရင် အားကိုးရှာ တတ်ကြတာ နှောင်းတို့မိန်းမသားတွေရဲ့ဘဝပါမောင် မောင်ကလည်း နှောင်းကို ဘာအဆက်အသွယ်မှမလုပ်ဘူး နှောင်းဘာလုပ်ရမလဲမောင် ။ တ

စ်ကယ်လိုအပ်လို့ ကူညီလာတဲ့ လူတစ်ယောက်ရဲ့အကူအညီကို နှောင်းညင်းလိုက် ရမှာလားမောင် ပြောစမ်းပါ ။ဒါကြောင့် နှောင်းဆုံးဖြတ်ချက်ချလိုက်ရတယ် အန်ကယ်ကလည်း ရိုးရိုးသားသား လက်ထပ်ဖို့ ဖွင့်ပြောလာတယ်။သူ့ကျေးဇူးတွေ ကလည်းပြောလို့မကုန်ဘူး အမေကအစ မောင်လေးညီမလေးတွေကလဲ အန်ကယ့်ကိုခင်ကြတယ် ချစ်ကြတယ်။ နှောင်းငြင်းခွင့်မရှိဘူးမောင် ဒါကြောင့်လက်ခံ လိုက်ရတယ် ။ အန်ကယ့်ကိုချစ်လို့လားဆိုတော့ မချစ်ဘူးမောင် ။ နှောင်းချစ်တာမောင်ပဲ ဒါပေမဲ့ မောင် နှောင်းအန်ကယ့်ကိုလက်ထပ် ပြီးပြီဆိုတော့ ချစ်ချစ် မချစ်ချစ် မယားဝတ် တရားတော့ ကျေ ပွန်ရမှာပဲမောင်မိသားစု ဘဝနဲ့ပတ်သက်လာတော့လည်း နှောင်းတစ်ယောက်ထဲ ကောင်းစားမဲ့အချစ်ကိစ္စကို ရင်နာနာနဲ့ ဥပက္ခာပြုပြီး ဒီလိုလမ်းကိုရွေးလိုက်ရတာပဲမောင် ။ နှောင်းရင်ထဲက ခံစားချက်ကိုနားလည်ပေးပါမောင် ။ နှောင်းသွားတော့မယ်

** နှောင်း ငိုလည်းငို ပြောလည်းပြောနှင့် ပြေးထွက်သွားပါတော့သည် ။ သြော်ကိုယ့်ချစ်သူ တစ်ခြားယောကျာၤး နှင့်လက်ထပ်သွားတာကိုသိရတော့လည်းရင်မှာနာကျင်ရပါသည် ။ သို့သော်လည်း မိမိကိုချစ်လျက်နှင့် မိသားစုကောင်းစားရေးကိုငဲ့ပြီး မချစ်မနှစ်သက်သူ ရင်ခွင်ထဲသို့ ။ ခိုဝင်လိုက်ရသည်ဆိုပြန်တော့လည်း ချစ်သူနှောင်းကို ကျွန်တော်ဘယ်လိုမှအပြစ် မတင်ရက်နိုင်တော့ပါ။
Credit; ကိုေမာင္ေမာင္(ေရႊျမိဳ ့ေတာ္)

Leave a Reply

Your email address will not be published. Required fields are marked *