
Zawgyiဖြင့်ဖတ်ရန်


အာရှမှာ အနိမ့်ဆုံးဘဲ


.


.

အခုဆို
.

.


.
လက်လီဈေး …. ၅၀ ကျပ်တန်
လက္ကားဈေး ……၃၀ ကျပ် နဲ့
လေဖောင်းမူန့်အစုံ

ပြီးတော့

ပင်လယ်စာလို့ခေါ်တဲ့
.


.


.


.

.


.



.

အဆိပ်တွေ အဆိပ်တွေ

အိမ်ရှင်မတွေ

.

ချက်ချင်း မသေပေမယ့်
.

ပြီးတော့
သုံးစွဲနေကြသေးတာဘဲ

.


.

အဲ့ဒီတော့
အချိုမူန့် များများ
စားရတော့မှာပေါ့
.

.


.




Credit-.xyznews.

Unicodeဖြင့်ဖတ်ရန်

မြန်မာလူမျိုးတွေ ဘာကြောင့် အသက်တိုတာလဲ .. ?

စာဖတ်ပျင်းပြီး အထွေထွေဗဟုသုတ အားနည်း၍
အစားအသောက် ကျိန်စာ သင့်နေသောရွှေမြန်မာများ

ရွှေမြန်မာတွေရဲ့ ပျမ်းမျှသက်တမ်းက ၅၇ နှစ်
အာရှမှာ အနိမ့်ဆုံးဘဲ

အသက် ရှင်သန်ဖို့အတွက် နေစဉ်စားသောက်နေရတဲ့
အစားအသောက်တွေကို ကျန်းမာရေးအသိနဲ့ မချင့်ချိန်ဘဲ
စားသောက်ရင် ကိုယ့်ရဲ့ ကျန်းမာရေးထိခိုက်ရုံမျှ မကဘဲ
ကိုယ့်ရဲ့ရင်သွေးတွေ ၊ ကလေးငယ်တွေရဲ့ အနာဂတ်ပါ
အညွန့်ကျိုးသွားနိုင်ပါတယ်

.

ဈေးသက်သာလို့ ဆိုတဲ့ အကြောင်းပြချက် မပေးပါနဲ့
ကျန်းမာရေးအသိ မရှိဘဲ လျှာနဲ့စိတ်ကို အလိုလိုက်တာပါ

.

အခုဆို
အသက် ၄၀ နဲ့ အထက် တွေကို ကြည့်လိုက် မေးလိုက်ရင်
ဟိုဟာက မတည့် ဒီဟာက စားလိုမရ နဲ့
အရှင်လက်လက် ပြိတ္တာရောဂါ တွေဖြစ်တဲ့
ဆီးချို ၊ သွေးချို ၊ သွေးတိုး ၊ နှလုံးသွေးကြောကျဉ်း စတဲ့
ရောဂါတွေ မရှိတဲ့သူ တော်တော်ကို ရှားလာတယ်
.

တဆင့်တက် အဲ့ဒီထက်ပိုဆိုးတဲ့
အသဲကင်ဆာ ၊ အဆုပ်ကင်ဆာ ၊ ကျောက်ကပ်ကင်ဆာ
ရောဂါတွေ အဖြစ် အရမ်းများလာတယ်
.

အသက် ၆၀ ကျော်တွေကြည့်လိုက်တော့
အရိုးပါး အရိုးပွ နဲ့ သတိမေ့တဲ့ ရောဂါတွေ ဖြစ်နေကြတယ်

.
ကလေးလေးတွေကြည့်တော့လည်း
အရောင်စုံ အရသာစုံ အနံ့စုံ နဲ့
လက်လီဈေး …. ၅၀ ကျပ်တန်
လက္ကားဈေး ……၃၀ ကျပ် နဲ့
ထုပ်လုပ်စားရိပ်..၂၀ ကျပ် လောက်ဘဲရှိတဲ့
အချိုရည်မျိုးစုံ ၊ ဂျယ်လီခွက်ကြီးမျိုးစုံ နဲ့
အချိုမူန့် နဲ့ ကြက်သားမှုန့် ရောမွေထားတဲ့
လေဖောင်းမူန့်အစုံ
အရောင်စုံ အရသာစုံ အနံစုံ နဲ့
ချိုချဉ်အစုံ ပီကေအစုံ နိုခဲအစုံ

ပြီးတော့

အသားပုပ်ပေါင်းစုံ ကြာရှည်ခံဓါတုဆေးပေါင်းစုံ နဲ့လုပ်တဲ့
ပင်လယ်စာလို့ခေါ်တဲ့
အသားတုပေါင်းစုံ ၊ အကင်ပေါင်းစုံ တွေရဲကောင်းမူကြောင့်
ပိန်လှီလှီ ညှောင့်နာနာ နဲ့ ရှူနာ ရှိုက်ကုံးလေးတွေဖြစ်လို့
.

တချို ငွေကြေးချမ်းသာပြီး ကျန်းမာရေးအသိမရှိတဲ့
မိသားစုကကလေးတွေဆို ပိုဆိုးတယ်

.

ကျောင်းကို မုန့်ဖိုးအများကြီးပေး ထားတော့
တွေ့သမျှ အသစ်ပေါ်တိုင်းဝယ်စားတယ်
တွေသမျှ မသောက်ဖူးသေးတဲ့ အချိုရည်အစုံ သောက်ပြီး
နောက်ဆုံး ၁၂ နှစ် ၁၃ နှစ်သားလေးကို
ကျောက်ကပ်ပျက်ပြီး ကျောက်ကပ်အလှူရှင် မရှိသေးလို
တပတ် တခါ အကြောဖောက်ပြီး ကျောက်ကပ်ဆေးနေရတဲ့
ကလေးတွေ အများကြီးတွေ့ နေရတယ်

.

လူကြီးများ လေ့လာပါ သတိထားပါ ဆင်ချင်ပါ ပြီးရင်
ကလေးတွေကို အကျိုးအကြောင်းပြောပြပြီး သင်ပေးပါ

.
ခက်တာက လူကြီးတွေ ကိုယ်တိုင်က မသိတာဘဲ
တချို အသိတရားနည်းတဲ့ လူကြီးတွေ ပြောသေးတယ်

.

” တသက်လုံး စားလာတာ အခုမှတော့ မစားဘဲ
မနေနိုင်ပေါင် သေမှသေရောဘဲ ” ဆိုတဲ့
လူကြီးတွေ အများကြီးဘဲ

.

တရုတ်ကြီးတယောက်ပြောတာ သွားသတိရတယ်

” နိတို့မြန်မာတွေ ကျန်းမာရေးအသိကိုမရှိဘူး
ဘိုင်းကနဲ့ လဲပြီးမသေရင်ပြီးရော အကုန်စားတယ်တဲ့ ”

.

နေစဉ်စားသောက်နေတဲ့ အစားအသောက်တွေမှာ
အဆိပ်တွေ အဆိပ်တွေ

အိမ်ရှင်မတွေ
ဟင်းချိုမူန့် ကြက်သားမှုန့်တွေထည့် ဆီအညံတွေနဲ့
ဆီပြန်ဟင်းတွေချက်ပြီး
ကိုယ်အရမ်းချစ်ရတဲ့ ကိုယ့်ယောင်္ကျား နဲ့ သားသမီးတွေကို
အိမ်က မီးဖိုချောင်ထဲမှာ အဆိပ်ခတ်နေကြတယ်

.

ချက်ချင်း မသေပေမယ့်
တဖြည်းဖြည်း ကျန်းမာရေး ချို့တဲ့
ကျန်းမာရေး မကောင်းတော့ ကျန်းမာရေးစရိပ်တွေကြောင့်
စီးပွားရေးတွေ လုံးပါးပါးပြီး
နောက်ဆုံး မိသားစုတစုလုံး ဘဝပျတ်
သားသမီးတွေပါ အညွှန်တုန်းကုန်ပါလိပ်မယ်
.

ပြီးတော့
ထုပ်လုပ်တဲ့သူတွေကို ဘယ်လို အရေးယူပါ ဘာညာနဲ့
အစိုးရ ကိုချည်းဘဲ အပြစ် မပြောပါနဲ့
အစိုးရက တင်းတင်းကြပ်ကြပ် အရေးယူမူတွေလုပ်ထားတဲ့
မူးယစ်ဆေး ဆိုတာတွေကိုတောင်မှ
အသိတရား နည်းပါးသူတွေက မရမကရှာဝယ်ပြီး
သုံးစွဲနေကြသေးတာဘဲ
အသိတရားမရှိ သုံးစွဲသူတွေရှိနေသရွေ့ ထုပ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ

.

ဟင်းချို မူန့်လေး ကြက်သားမှုန့်လေးမှ မပါရင်
စားမကောင်းဘူး လျှာထဲမစွဲဘူး
အသားဟင်းချက်ရင် ဆီမြုပ်နေမှ ကောင်းတာ
ဟင်းချက်ရင် အရောင် ရဲရဲလေးမှ လှတာ

.

အဲ့ဒီတော့
စားကောင်းပြီး လျှာထဲစွဲချင်တယ်
ဆီမြုပ်ပြီး အရောင်လှချင်တယ်
ဈေးကျတော့ ပေါလော ရှောလော သုံးချင်တယ် ဆိုတော့
အချိုမူန့် များများ
ပြည့်ဝဆီ အညံစားတွေနဲ့
ဆေးဆိုးထားတဲ့ အရောင်တင်မူန့်တွေဘဲ
စားရတော့မှာပေါ့
.

အစိုးရက ထုတ်လုပ်သူတွေကို
ဘယ်လိုဘဲ အရေးယူ အပြစ်ပေးနေပေမယ့်
.

ကျန်းမာရေး အသိတရားမရှိ စားသုံးသူတွေရှိနေသရွေ့
ထုတ်လုပ်ရောင်းချသူတွေရှိနေမှာပါဘဲ

.
မှားတာပါရင်လည်း စေတနာအမှားမို့ ခွင့်လွတ်ပါ…..
လိုတာရှိရင်လည်း အောက်ကဖြည့်ပေးပါ…….

စိတ်သဘောထားချင်းတိုက်ဆိုင်ရင် Share ပေးပါ….

မူရင်းတင်သူကို လေးစားစွာ credit ပေးပါတယ်

လိုင်းပေါ်တွေ့လို့ ကျန်းမာရေးအတွက် share ပေးတာဖြစ်ပါတယ်

Credit-.xyznews.

Leave a Reply

Your email address will not be published. Required fields are marked *