လမ္းေဘး အစားအစာကုိမွ ႀကိဳက္ႏွစ္သက္သူေတြ မျဖစ္မေန သိထားသင့္တဲ႔ ျဖစ္ရပ္တစ္ခု

ZawGyiျဖင့္ဖတ္ရန္
ကြ်န္ေတာ္တုိ႔ ျမန္မာႏုိင္ငံလုိ အာဆီယံႏုိင္ငံ ေတာ္ေတာ္မ်ားမ်ားမွာ လမ္းေဘးအစားအစာ ေရာင္းခ်မႈေတြက ဒုနဲ႔ေဒးကုိ ရွိလုိ႔ေနပါတယ္။ လမ္းေဘးအစားအစာေတြဟာ ေစ်းႏႈန္းအားျဖင့္ သက္သာလွတဲ႔အျပင္ အလြယ္တကူ ဝယ္စားႏုိင္တာျဖစ္လုိ႔ အခ်ိန္ကုန္လည္း သက္သာၿပီး အရသာလည္း ရွိလွပါတယ္။

ဒါေပမယ့္ သန္႔ရွင္းလတ္ဆတ္မႈ အားနည္းခ်က္ရွိတာေၾကာင့္ လမ္းေဘးအစားအစာကုိ ပုံမွန္စားသုံးမယ္ဆုိရင္ေတာ့ အႏၲရာယ္ရွိလာႏုိင္ပါတယ္။

လမ္းေဘးအစားအစာေတြ ၾကြယ္ဝစြာ ေရာင္းခ်ေလ့ရွိတဲ႔ အာဆီယံႏုိင္ငံေတြထဲမွာ ဖိလစ္ပုိင္ႏုိင္ငံလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဖိလစ္ပုိင္ႏုိင္ငံရဲ႕ ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာဆုိရင္ လမ္းေဘးအစားအေသာက္ဆုိင္မ်ားနဲ႔ စည္းကားလ်က္ရွိၿပီး ေဒသတြင္းကလူမ်ားနဲ႔ ႏုိင္ငံျခားခရီးသြားမ်ားကပါ ႀကိဳက္ႏွစ္သက္ၾကေလ့ရွိပါတယ္။

ဒီလုိ လမ္းေဘးအစားအစာကုိ ႏွစ္သက္စြဲလန္းသူေတြထဲမွာ ဖိလစ္ပုိင္ႏုိင္ငံသူေလး Henschel Ann Quinto လည္း အပါအဝင္ျဖစ္ပါတယ္။ တစ္ေန႔ Henschel Ann Quinto ဟာ ပုံမွန္စားေနက်မဟုတ္တဲ႔ လမ္းေဘးအစားအစာေတြကုိ စားေသာက္ခဲ႔ၿပီးေနာက္ပုိင္းမွာေတာ့ သူရဲ႕အစာအိမ္ထဲမွာ ထူးျခားတဲ႔ ေဝဒနာေတြ စတင္ခံစားလာခဲ႔ရပါတယ္။

Henschel Ann Quinto ဟာ ဒီေဝဒနာေၾကာင့္ ေရေတြမၾကာခဏ ငတ္လာခဲ႔ရၿပီး ေသြးေတြလည္း မၾကာခဏ အန္လာပါေတာ့တယ္။ ဒီလုိနဲ႔ တျဖည္းျဖည္းမွာေတာ့ Henschel Ann Quinto ရဲ႕ ေရာဂါဟာ ပုိမုိဆုိးရႊားလာခဲ႔ၿပီး ဝမ္းပ်က္ဝမ္းေလွ်ာကေန အဖ်ားေရာဂါအထိပါ ျဖစ္လာခဲ႔ရပါတယ္။

ဒီလုိနဲ႔ Henschel Ann Quinto ဟာ ေဆးရံုကုိသြားၿပီး စစ္ေဆးမႈေတြ သြားေရာက္ျပဳလုပ္ခဲ႔ရာ Amoebiasis ဆုိတဲ႔ ေရာဂါပုိးကုိ ခံစားေနမွန္း သိရွိခဲ႔ရပါတယ္။ ဒါ့အျပင္ Henschel Ann Quinto ရဲ႕ ခႏၶာကုိယ္ထဲမွာ ေရာဂါဘယေတြကုိ အဓိကျဖစ္ေစႏုိင္တဲ႔ ကပ္ပါးေကာင္မ်ားဟာ သုံးမ်ိဳးအထိေတာင္ ရွိလုိ႔ေနပါတယ္။

ဒါေၾကာင့္ Henschel Ann Quinto ဟာ ေဆးဝါးကုသမႈကုိ ခက္ခက္ခဲခဲ ကုသခဲ႔ရၿပီး ယခုအခါမွာေတာ့ ေဆးရုံကေန ျပန္လည္ဆင္းခြင့္ ရရွိသြားခဲ႔ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ သင္လည္း Henschel Ann Quinto လုိ လမ္းေဘးအစားအစာကုိ ႏွစ္သက္စြဲလန္းသူတစ္ေယာက္ဆုိရင္ သတိေလးနဲ႔ယွဥ္ၿပီး စားေသာက္ဖုိ႔ လုိအပ္ပါေၾကာင္း တုိက္တြန္းလုိက္ရပါတယ္ခင္ဗ်ာ။

Credit: STH

Unicodeဖြင့်ဖတ်ရန်

ကျွန်တော်တို့ မြန်မာနိုင်ငံလို အာဆီယံနိုင်ငံ တော်တော်များများမှာ လမ်းဘေးအစားအစာ ရောင်းချမှုတွေက ဒုနဲ့ဒေးကို ရှိလို့နေပါတယ်။ လမ်းဘေးအစားအစာတွေဟာ ဈေးနှုန်းအားဖြင့် သက်သာလှတဲ့အပြင် အလွယ်တကူ ဝယ်စားနိုင်တာဖြစ်လို့ အချိန်ကုန်လည်း သက်သာပြီး အရသာလည်း ရှိလှပါတယ်။

ဒါပေမယ့် သန့်ရှင်းလတ်ဆတ်မှု အားနည်းချက်ရှိတာကြောင့် လမ်းဘေးအစားအစာကို ပုံမှန်စားသုံးမယ်ဆိုရင်တော့ အန္တရာယ်ရှိလာနိုင်ပါတယ်။

လမ်းဘေးအစားအစာတွေ ကြွယ်ဝစွာ ရောင်းချလေ့ရှိတဲ့ အာဆီယံနိုင်ငံတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော်တော်များများမှာဆိုရင် လမ်းဘေးအစားအသောက်ဆိုင်များနဲ့ စည်းကားလျက်ရှိပြီး ဒေသတွင်းကလူများနဲ့ နိုင်ငံခြားခရီးသွားများကပါ ကြိုက်နှစ်သက်ကြလေ့ရှိပါတယ်။

ဒီလို လမ်းဘေးအစားအစာကို နှစ်သက်စွဲလန်းသူတွေထဲမှာ ဖိလစ်ပိုင်နိုင်ငံသူလေး Henschel Ann Quinto လည်း အပါအဝင်ဖြစ်ပါတယ်။ တစ်နေ့ Henschel Ann Quinto ဟာ ပုံမှန်စားနေကျမဟုတ်တဲ့ လမ်းဘေးအစားအစာတွေကို စားသောက်ခဲ့ပြီးနောက်ပိုင်းမှာတော့ သူရဲ့အစာအိမ်ထဲမှာ ထူးခြားတဲ့ ဝေဒနာတွေ စတင်ခံစားလာခဲ့ရပါတယ်။

Henschel Ann Quinto ဟာ ဒီဝေဒနာကြောင့် ရေတွေမကြာခဏ ငတ်လာခဲ့ရပြီး သွေးတွေလည်း မကြာခဏ အန်လာပါတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်းမှာတော့ Henschel Ann Quinto ရဲ့ ရောဂါဟာ ပိုမိုဆိုးရွှားလာခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောကနေ အဖျားရောဂါအထိပါ ဖြစ်လာခဲ့ရပါတယ်။

ဒီလိုနဲ့ Henschel Ann Quinto ဟာ ဆေးရုံကိုသွားပြီး စစ်ဆေးမှုတွေ သွားရောက်ပြုလုပ်ခဲ့ရာ Amoebiasis ဆိုတဲ့ ရောဂါပိုးကို ခံစားနေမှန်း သိရှိခဲ့ရပါတယ်။ ဒါ့အပြင် Henschel Ann Quinto ရဲ့ ခန္ဓာကိုယ်ထဲမှာ ရောဂါဘယတွေကို အဓိကဖြစ်စေနိုင်တဲ့ ကပ်ပါးကောင်များဟာ သုံးမျိုးအထိတောင် ရှိလို့နေပါတယ်။

ဒါကြောင့် Henschel Ann Quinto ဟာ ဆေးဝါးကုသမှုကို ခက်ခက်ခဲခဲ ကုသခဲ့ရပြီး ယခုအခါမှာတော့ ဆေးရုံကနေ ပြန်လည်ဆင်းခွင့် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် သင်လည်း Henschel Ann Quinto လို လမ်းဘေးအစားအစာကို နှစ်သက်စွဲလန်းသူတစ်ယောက်ဆိုရင် သတိလေးနဲ့ယှဉ်ပြီး စားသောက်ဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

Credit: STH

Leave a Reply

Your email address will not be published. Required fields are marked *