Zawgyi ဖြင့်ဖတ်ရန်
Writer -Min Thu (XYZ News)
Unicode ဖြင့်ဖတ်ရန်
အစားအစာမှာ ယင်ကောင်လာနားရင် ဖြစ်လာမယ့် ကျန်းမာရေး ပြသနာများ
အစားအစာကိုယင်နားရင်ဘာတွေတကယ်ဖြစ်မလဲဆိုတာကသင်တွေးထားတာထက်ပိုစိတ်ရှုပ်ဖို့ကောင်းပါတယ်။ယင်နားတဲ့အစားအသောက်တွေစားတာချက်ချင်းရပ်လိုက်ပါတော့။အင်းဆက်ထိန်းသိမ်းတဲ့ကျွမ်းကျင်သူတွေရဲ့ပြောကြားချက်အရယင်ကောင်တွေကဘက်တီးရီးယားအမျိုးပေါင်း ၂၀၀ကိုသယ်ဆောင်ပါတယ်။အဲဒီယင်ကောင်တွေကိုအစားအသောက်တွေနားကပ်လာရင်မောင်းဖို့လွယ်ပါတယ်။ဒါပေမယ့်တချို့လူတွေကယင်ကောင်တွေအနားမှာရှိတာသိပ်ပြဿနာမရှိဘူးလို့ထင်ပါတယ်။
ယင်ကောင်တွေအနားမှာရှိတာကသင်သိထားတာထက်ပိုအန္တရာယ်များပါတယ်။ယင်ကောင်တွေကအစားအသောက်တွေပေါ်နားတာနဲ့အန်ချလိုက်တယ်ဆိုတာလူတော်တော်များများသိကြပါတယ်။သူတို့ကမဝါးနိုင်တဲ့အတွက်အစာတွေပျော့သွားအောင်အန်ချပြီးမှစားတာပါ။အဲဒါကတော့သူတို့ရောဂါတွေကိုပျံ့နှံ့အောင်သယ်တဲ့နည်းတော့မဟုတ်ပါဘူး။
ယင်ကောင်တကောင်ရဲ့ခြေထောက်မှာရောဂါပိုးတွေကပ်နေပါတယ်သူတို့တွေကမုန့်တွေနဲ့အမိူှက်တွေပေါ်မှာနားဖို့အဲ့ဒီခြေထောက်တွေကိုသုံးရတာအမှန်ပါပဲအဲ့ဒီခြေထောက်တွေနဲ့သင့်မုန့်တွေပေါ်ကိုနားတယ်လို့စဉ်းစားကြည့်လိုက်ပါယင်ကောင်နားလိုက်တာနဲ့တင်သင့်အစားစားတွေကပိုးတွေနဲ့ပြည့်နေပါပြီ။ အရွယ်ရောက်ပြီးသူတော်တော်များများကတော့ရောဂါတွေကိုတိုက်ခိုက်နိုင်ပေမယ့်ကလေးငယ်တွေနဲ့လူကြီးတွေကတော့မခံနိုင်ပါဘူး။
အင်းဆက်တွေကိုထိန်းသိမ်းတဲ့ရွန်ဟာရီဆန်ပြောတာသူတို့သင်စားမယ့်အစားအစာပေါ်ကိုနားလိုက်ရုံ၊ခြေထောက်ကအမွေးတွေနဲ့ထိလိုက်ရုံနဲ့ရောဂါပိုးတွေသယ်ဆောင်နိုင်တယ်လို့ပြောထားပါတယ်။ ယင်ကောင်တွေကတိုက်ဖွိုက်ကဲ့သို့ပြင်းထန်တဲ့ရောဂါတွေကိုသယ်ဆောင်နိုင်တဲ့အတွက်သူတို့နဲ့ထိထားတဲ့အစားအသောက်မှန်သမျှကိုရှောင်ဖို့်လိုပါတယ်။နောက်တခါသင့်အစားအစာတခုမှာယင်ကောင်နားနေတာတွေ့ပြီဆိုရင်အဲဒီမှာအဆိပ်သင့်နေပြီဆိုတာသိဖို့လိုပါတယ်။အစားတခုလုံးကိုမဟုတ်ပဲယင်ကောင်နားသွားတဲ့နေရာကိုပဲဖယ်လိုက်လို့ရပါတယ်။
Writer -Min Thu (XYZ News)
Leave a Reply
Your email address will not be published. Required fields are marked *