အခုလို မိုးရာသီမွာ မေတာ္တဆ ဖုန္းထဲေရဝင္သြားခဲ့ရင္ ဒီအခ်က္ေတြကို မျဖစ္မေနလုပ္ပါ

Zawgyi ျဖင့္ဖတ္ရန္

တကယ္လို႔ သင့္ရဲ႕ဖုန္းကေရထဲက်သြားတဲ့အခါ ၊ေရစိုသြားတဲ့အခါ-ဖုန္းကိုခ်က္ခ်င္းအသုံးမျပဳပါနဲ႔။ ေရထဲကဆယ္ယူထားၿပီး အရင္ဆုံးပါဝါပိတ္ထားလိုက္ပါ။

Sim ကဒ္နဲ႔တျခား SD ကဒ္လိုမ်ိဳးအရာေတြကိုထုတ္ထားပါ။
သဘတ္ ဒါမွမဟုတ္ ေရစုတ္မယ့္အဝတ္တစ္ခုခုနဲ႔ ဖုန္းကိုသုတ္ေပးပါ။ ၿပီးရင္ေတာ့ ဖုန္းရဲ႕အေပါက္ေလးေတြကေနေရေတြထြက္လာႏိုင္ေအာင္ ေျဖးေျဖးသာလုွပ္ခါေပးပါ။

ေရစိုေနတဲ့ဖုန္းကို ဘယ္လိုအေျခာက္ခံမလဲ?

ဖုန္းေရစိုသြားတဲ့အခါ ဆန္ကိုလဲအသုံးျပဳႏိုင္ပါတယ္။ ဆန္က ေတာ္ေတာ္ေလးေရစုပ္ယူအားေကာင္းတာေၾကာင့္ပါ။ ဇလုံႀကီးႀကီးတစ္ခုထဲမွာ ဖုန္းကိုအရင္ထည့္ပါ။ ၿပီးရင္ ဆန္ေတြကို ဖုန္းႏွစ္ျမဳပ္သြားေအာင္ထိ ျဖည့္ထားပါ။ အဲ့ဒီအတိုင္း ဆန္ထဲမွာ ၂၄နာရီတစ္ရက္ၾကာေအာင္ထားေပးပါ။.

တစ္ရက္ျပည့္သြားၿပီဆိုရင္ေတာ့ ဖုန္းကိုပါဝါျပန္ဖြင့္ၾကည့္ပါ။

တကယ္လို႔ ဖုန္းကျပန္မပြင့္လာေသးဘူးဆိုရင္ ေနာက္တစ္ရက္ေလာက္ထပ္ျမဳပ္ထားပါ။ ၃၊၄ ႀကိမ္ေလာက္လုပ္ၿပီးလို႔မွ ပါဝါျပန္မပြင့္လာေသးဘူးဆိုရင္ေတာ့ ဖုန္းကိုအသုံးျပဳလို႔မရႏိုင္ေတာ့ပါဘူး။ ဆန္ အစား ဆီလီကာဂ်ယ္ကိုလဲ အသုံးျပဳႏိုင္ပါတယ္။

တကယ္လို႔ သင့္အိမ္မွာ ေႏြးေႏြးေထြးေထြးရွိတဲ့ ဗီ႐ိုတစ္လုံးေလာက္ရွိမယ္ဆိုရင္ ဗီ႐ိုထဲမွာ ၂ရက္၊၃ရက္ေလာက္ထားေပးထားပါ။ ဒီမွာေတာ့ ဗီ႐ိုကအပးခ်ိန္ခပ္ေႏြးေႏြးသာရွိေနရပါမယ္။ အပူခ်ိန္မ်ားတဲ့ေနရာေတြကိုေတာ့ေရွာင္မွ ျဖစ္ပါမယ္။

ေရစိုေနတဲ့ဖုန္းကို ဘာေတြမလုပ္သင့္တာလဲ?

ေရစိုေနတဲ့ဖုန္းကို ဖန္ခြက္အပူထဲကိုလုံးဝမထည့္ပါနဲ႔။
Hair dryer , radiator စတဲ့အရာေတြနဲ႔လဲ အေျခာက္ခံတာေတြမလုပ္ပါနဲ႔။ ေရခဲေသတၱာထဲထည့္ထားတာမ်ိဳးေတြလဲ မလုပ္ပါနဲ႔။

Writer – Min Thu [Daily Hot News ]

Unicode ဖြင့်ဖတ်ရန်

အခုလို မိုးရာသီမှာ မတော်တဆ ဖုန်းထဲရေဝင်သွားခဲ့ရင် ဒီအချက်တွေကို မဖြစ်မနေလုပ်ပါ

တကယ်လို့ သင့်ရဲ့ဖုန်းကရေထဲကျသွားတဲ့အခါ ၊ရေစိုသွားတဲ့အခါ-
ဖုန်းကိုချက်ချင်းအသုံးမပြုပါနဲ့။ ရေထဲကဆယ်ယူထားပြီး အရင်ဆုံးပါဝါပိတ်ထားလိုက်ပါ။

Sim ကဒ်နဲ့တခြား SD ကဒ်လိုမျိုးအရာတွေကိုထုတ်ထားပါ။
သဘတ် ဒါမှမဟုတ် ရေစုတ်မယ့်အဝတ်တစ်ခုခုနဲ့ ဖုန်းကိုသုတ်ပေးပါ။ ပြီးရင်တော့ ဖုန်းရဲ့အပေါက်လေးတွေကနေရေတွေထွက်လာနိုင်အောင် ဖြေးဖြေးသာလုှပ်ခါပေးပါ။

ရေစိုနေတဲ့ဖုန်းကို ဘယ်လိုအခြောက်ခံမလဲ?

ဖုန်းရေစိုသွားတဲ့အခါ ဆန်ကိုလဲအသုံးပြုနိုင်ပါတယ်။ ဆန်က တော်တော်လေးရေစုပ်ယူအားကောင်းတာကြောင့်ပါ။ ဇလုံကြီးကြီးတစ်ခုထဲမှာ ဖုန်းကိုအရင်ထည့်ပါ။ ပြီးရင် ဆန်တွေကို ဖုန်းနှစ်မြုပ်သွားအောင်ထိ ဖြည့်ထားပါ။ အဲ့ဒီအတိုင်း ဆန်ထဲမှာ ၂၄နာရီတစ်ရက်ကြာအောင်ထားပေးပါ။.

တစ်ရက်ပြည့်သွားပြီဆိုရင်တော့ ဖုန်းကိုပါဝါပြန်ဖွင့်ကြည့်ပါ။

တကယ်လို့ ဖုန်းကပြန်မပွင့်လာသေးဘူးဆိုရင် နောက်တစ်ရက်လောက်ထပ်မြုပ်ထားပါ။ ၃၊၄ ကြိမ်လောက်လုပ်ပြီးလို့မှ ပါဝါပြန်မပွင့်လာသေးဘူးဆိုရင်တော့ ဖုန်းကိုအသုံးပြုလို့မရနိုင်တော့ပါဘူး။ ဆန် အစား ဆီလီကာဂျယ်ကိုလဲ အသုံးပြုနိုင်ပါတယ်။

တကယ်လို့ သင့်အိမ်မှာ နွေးနွေးထွေးထွေးရှိတဲ့ ဗီရိုတစ်လုံးလောက်ရှိမယ်ဆိုရင် ဗီရိုထဲမှာ ၂ရက်၊၃ရက်လောက်ထားပေးထားပါ။ ဒီမှာတော့ ဗီရိုကအပးချိန်ခပ်နွေးနွေးသာရှိနေရပါမယ်။ အပူချိန်များတဲ့နေရာတွေကိုတော့ရှောင်မှ ဖြစ်ပါမယ်။

ရေစိုနေတဲ့ဖုန်းကို ဘာတွေမလုပ်သင့်တာလဲ?

ရေစိုနေတဲ့ဖုန်းကို ဖန်ခွက်အပူထဲကိုလုံးဝမထည့်ပါနဲ့။
Hair dryer , radiator စတဲ့အရာတွေနဲ့လဲ အခြောက်ခံတာတွေမလုပ်ပါနဲ့။ ရေခဲသေတ္တာထဲထည့်ထားတာမျိုးတွေလဲ မလုပ်ပါနဲ့။

Writer – Min Thu [Daily Hot News ]

Leave a Reply

Your email address will not be published. Required fields are marked *