က်ားသစ္ေတြဘာေၾကာင့္ သားေကာင္ကုုိ သစ္ပင္ေပၚယူတင္ၿပီးမွ စားတာလဲ .. ?

Zawgyi ျဖင့္ဖတ္ရန္

က်ားသစ္ေတြဟာသားေကာင္ေတြကိုဖမ္းဆီးၿပီးတဲ့အခါမွာ သစ္ပင္ေပၚကိုဆြဲယူသြားၿပီးစားေသာက္ေလ့ရွိၾကပါတယ္။ ဘာေၾကာင့္ဒီလိုလုပ္ရလဲဆိုတာကို ေျပာျပခ်င္ပါတယ္။ အာဖရိက Big Five လိုသတၱဝါမ်ိဳးေတြဟာ Sabi Sand Game လိုမ်ိဳးေတာင္အာဖရိကက လြင္ျပင္ေတြမွာက်က္စားၾကပါတယ္။ တစ္ခါတစ္ေလဒီသတၱဝါေတြကိုမေမွ်ာ္လင့္ထားတဲ့ေနရာေတြမွာေတြ႕ရတတ္ပါတယ္။ ဥပမာ သစ္ကုလားအုပ္ငယ္ေလးတစ္ေကာင္ သစ္ပင္ခြၾကားမွာေသေနတဲ့ေနရာ..ႀကီးမားတဲ့က်ားသစ္ႀကီးဟာ ေသြးေပေနတဲ့ပါးစပ္နဲ႔သစ္ကုလားအုပ္ကိုစားေသာက္ေနတာျမင္ရမွာပါ။

သူဟာ ဒီသစ္ကုလားအုပ္ကို သစ္ပင္ေပၚကိုခ်ီယူသြားၿပီး အ႐ိုးပဲက်န္တဲ့အထိ ရက္ေပါင္းမ်ားစြာၾကာေအာင္စားေသာက္ပါတယ္။ ၃၀၀ ကီလိုဂရမ္ရွိတဲ့ သစ္ကုလားအုတ္ဟာ သူ႔ကိုဖမ္းတဲ့သတၱဝါထက္ပိုၿပီးေတာ့ ေလးလံပါတယ္။ ဒီက်ားသစ္ သူ႔သားေကာင္ကိုသယ္သြားျခင္းဟာ လူတစ္ေယာက္ဘာဂါအလုံး ႏွစ္ေထာင္ေလာက္ကိုတစ္ၿပိဳင္ထဲသယ္ၿပီးေတာ့ ႏွစ္ထပ္ေလာက္ရွိတဲ့အေဆာက္အဦးေပၚကိုတက္ရသလိုပါပဲ။ သားေကာင္ေတြကိုသစ္ပင္ေပၚမွာထားျခင္းကေတာ့ ခိုးတဲ့အေကာင္ေတြလက္မွလြတ္ဖို႔ပဲလို႔ေလ့လာသူေတြကေျပာၾကပါတယ္။

က်ားသစ္ေတြဟာ သူတို႔ရဲ႕သားေကာင္ေတြကိုရွာေဖြတဲ့ေနရာမွာ သူတို႔ကိုယ္တစ္ဝက္ေလာက္အေလးခ်ိန္ရွိတဲ့အေကာင္ကစၿပီးေတာ့ တစ္ကိုယ္ခြဲစာေလာက္ေလးတဲ့အေကာင္အထိဖမ္းယူၾကပါတယ္။ ေတာေၾကာင္ႀကီးေတြကိုေလ့လာတဲ့ အက်ိဳးအျမတ္မယူအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Panthera ရဲ႕ေလ့လာခ်က္အရ က်ားသစ္ေတြဟာ သားေကာင္အမ်ိဳးေပါင္း ၄၀ ေလာက္ကိုဖမ္းဆီးစားေသာက္ေလ့ရွိၾကေၾကာင္းသိရပါတယ္။ ေတာၾကက္ေတြကစၿပီးေတာ့ သစ္ကုလားအုတ္အငယ္ေလးေတြအထိဖမ္းယူစားေသာက္ေလ့ရွိပါတယ္။ က်ားသစ္ေတြရဲ႕ သားေကာင္ေတြရဲ႕တစ္ဝက္ကို သစ္ပင္ေပၚတင္ထားေလ့ရွိတဲ့အတြက္ ၃၃ ရာခိုင္ႏႈန္းေလာက္ပဲခိုးယူျခင္းခံရပါတယ္။ ဒါေပမယ့္လည္း ေခြးအေတြ၊ ျခေသၤ့ေတြနဲ႔ တျခား က်ားသစ္ထီးေတြနဲ႔ယွဥ္လုရင္ေတာ့ အသားေတြပါသြားေလ့ရွိတတ္ပါတယ္။

Balme နဲ႔သူ႔အဖြဲ႕ဟာ က်ားသစ္နဲ႔သူတို႔ရဲ႕သားေကာင္ေတြကို ႏွစ္တိုင္းမွတ္တမ္းျပဳစုခဲ့ပါတယ္။ သူတို႔ရဲ႕အခ်က္အလက္ေတြအရ က်ားသစ္ ၁၀၄ ေကာင္ဟာ ၂၀၁၃ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အတြင္း သတၱဝါ ၂၂၁၅ ေကာင္စားေသာက္ခဲ့ေၾကာင္းသိရပါတယ္။ က်ားသစ္ေတြဟာသူတိုရဲ႕သားေကာင္ေတြကို သစ္ပင္ေပၚယူသြားေလ့ရွိၾကေပမယ့္ အရမ္းေသးလြန္း..အရမ္းႀကီးလြန္းတဲ့သားေကာင္ေတြဆိုရင္ေတာ့ ေျမေပၚမွာပဲစားပစ္လိုက္ၾကပါတယ္။ ေခြးအေတြနဲ႔ အျခား က်ားသစ္ေတြေရာက္လာတဲ့အခါမွာလည္း သစ္ပင္ေပၚတင္ထားဖို႔မျဖစ္ႏိုင္ေတာ့ပါဘူး။

က်ားသစ္ေတြသိမ္းထားတဲ့သားေကာင္ေတြသစ္ပင္ေပၚမွက်လာတာကိုေခြးအေတြဆြဲသြားတဲ့အႀကိမ္ေရေပါင္း ၃၉ ႀကိမ္ေလာက္ရွိခဲ့ဖူးပါတယ္။ တကယ္လို႔ ေခြးအတစ္ေကာင္အနီးအနားမွာရွိေနရင္ေတာ့ က်ားသစ္က သူ႔သားေကာင္ကို သစ္ပင္ေပၚဆြဲသြားၿပီးလုံၿခဳံေအာင္ထားမွာအမွန္ပါပဲလို႔ Balme ကေျပာၾကားခဲ့ပါတယ္။ ေခြးအေတြဟာ က်ားသစ္ရဲ႕သားေကာင္အသံကိုၾကားတဲ့အခါအလ်င္အျမန္ေရာက္ရွိလာၾကပါတယ္။ ဒါေပမယ့္ ဒီအတိုင္းထိုင္ၾကည့္ၿပီးေတာ့ က်ားသစ္သတ္တာကိုေစာင့္ေနၾကတာမဟုတ္ပါဘူး “က်ားသစ္နားမွာေခြးအေတြဝိုင္းေနတာကိုမၾကာခနေတြ႕ရေလ့ရွိပါတယ္ ဘာေၾကာင့္လဲဆိုေတာ့ အစာရမွာေသခ်ာတာကိုး က်ားသစ္ေတြဆီကခိုးတဲ့ သတၱဝါႏွစ္ေကာင္ရွိရင္ တစ္ေကာင္ကေခြးအပဲျဖစ္တယ္ ဒီနယ္ေျမမွာေတာ့ ေခြးအေတြက က်ားသစ္ေတြအတြက္အေႏွာက္အယွက္ပါပဲ” လို႔ Balme ကေျပာခဲ့ပါတယ္။

ေခြးအေတြဟာတကယ္ကိုလည္းရဲတဲ့အေၾကာင္းေျပာခဲ့ပါေသးတယ္ “သူတို႔က်ားသစ္ကိုေတာင္ဂ႐ုမစိုက္ပဲ သားေကာင္ကိုဖမ္းဖို႔ေျပးၾကတာပဲ က်ားသစ္ေတြနဲ႔ေခြးအေတြ တိုက္ခိုက္တဲ့အျဖစ္အပ်က္ေတြကို ကြၽန္ေတာ္တို႔ျမင္ဖူးပါတယ္ ဒါေပမယ့္မ်ားေသာအားျဖင့္ေတာ့ ေခြးအေတြႏိုင္တာပါပဲ တစ္ခါတစ္ေလမွာ ဒီေၾကာင္ႀကီးကိုသတ္ၿပီးေတာ့ေတာင္စားၾကပါေသးတယ္” လိုက Balme ကေျပာၾကားခဲ့ပါတယ္။ ကံေကာင္းစြာပဲ ေခြးအေတြဟာသစ္ပင္မတတ္ႏိုင္တဲ့အတြက္ ကားသစ္ေတြဟာသစ္ပင္ေပၚမွာေနၿပီးေတာ့ ေအာက္မွာေျပးလႊားေနတဲ့ေခြးအေတြကိုထိုင္ၾကည့္ေနႏိုင္တာေပါ့။ က်ားသစ္တစ္ေကာင္က သူ႔သားေကာင္ကို သစ္ပင္ေပၚခ်ီသြားရျခင္းဟာသူခိုးေတြရန္ေၾကာင့္ပဲဆိုတာကြၽန္ေတာ္ယုံၾကည္ပါတယ္။

က်ားသစ္မေတြကေတာ့ သားေမြးၿပီးတဲ့အခါရက္အနည္းငယ္အၾကာမွာ အမဲလိုက္ထြက္ပါတယ္။ သူတို႔အမဲရနည္းေလေလ အေကာင္ငယ္ေလးေတြအသက္ရွွင္ႏိုင္ေခ်နည္းေလပါပဲ။ က်ားသစ္ေတြ သူတို႔ရဲ႕သားေကာင္ကို သစ္ပင္ေပၚသယ္သြားျခင္းဟာ သူတိုရဲ႕အႏၲရာယ္ကိုကာကြယ္ျခင္းျဖစ္တယ္လို႔ Balme ကေျပာခဲ့ပါတယ္။ Botswana မွာဆိုရင္ေခြအေတြအရမ္းကိုမ်ားျပားတဲ့အတြက္က်ားသစ္ေတြဟာသူတို႔ရဲ႕သားေကာင္ ၄၀ ရာခိုင္ႏႈန္းေလာက္ပဲ သစ္ပင္ေပၚတင္ထားႏိုင္ပါတယ္။ ဒါေပမယ့္ အိႏၵိယလိုမ်ိဳးေနရာမ်ိဳးမွာေတာ့ သူတို႔အတြက္ၿပိဳင္ဘက္သိပ္မရွိတဲ့အျပင္သားေကာင္လည္းေပါမ်ားတဲ့အတြက္သစ္ပင္ေပၚတင္ထားတာရွားပါတယ္။

သားေကာင္ကို သစ္ပင္ေပၚတင္ထားရဲ႕ျခင္းရဲ႕ေနာက္ကြယ္မွာတျခားအေၾကာင္းျပခ်က္ေတြရွိပါေသးတယ္။ ဥပမာ သားေကာင္က အပုတ္မျမန္တဲ့သတၱဝါမ်ိဳးျဖစ္တဲ့အတြက္ေၾကာင့္ ဒါမွမဟုတ္ က်ားသစ္ဟာ တျခားေနရာတစ္ခုမွာအမဲလိုက္ၿပီးေတာ့ ျပန္လာရင္ရင္စားသုံးဖို႔အတြက္ေၾကာင့္လည္းအခုလိုတင္ထားရျခင္းျဖစ္ေၾကာင္းအျခားေလ့လာသူေတြကေျပာၾကားေပမယ့္ Balme ကေတာ့ ဒါေတြကိုသေဘာတူညီမႈအနည္းငယ္သာျပသခဲ့ပါတယ္။ က်ားသစ္ေတြရဲ႕သားေကာင္ကိုသစ္ပင္ေပၚတင္ရတဲ့မူလရည္႐ြယ္ခ်က္ကေတာ့ သူခိုးေတြရန္ကကာကြယ္ဖို႔ဆိုတာ ကြၽန္ေတာ္ယုံတယ္လို႔ Balme ကေျပာၾကား

Ref : BBC

Unicode ဖြင့်ဖတ်ရန်

ကျားသစ်တွေဘာကြောင့် သားကောင်ကို သစ်ပင်ပေါ်ယူတင်ပြီးမှ စားတာလဲ .. ?

ကျားသစ်တွေဟာသားကောင်တွေကိုဖမ်းဆီးပြီးတဲ့အခါမှာ သစ်ပင်ပေါ်ကိုဆွဲယူသွားပြီးစားသောက်လေ့ရှိကြပါတယ်။ ဘာကြောင့်ဒီလိုလုပ်ရလဲဆိုတာကို ပြောပြချင်ပါတယ်။ အာဖရိက Big Five လိုသတ္တဝါမျိုးတွေဟာ Sabi Sand Game လိုမျိုးတောင်အာဖရိကက လွင်ပြင်တွေမှာကျက်စားကြပါတယ်။ တစ်ခါတစ်လေဒီသတ္တဝါတွေကိုမမျှော်လင့်ထားတဲ့နေရာတွေမှာတွေ့ရတတ်ပါတယ်။ ဥပမာ သစ်ကုလားအုပ်ငယ်လေးတစ်ကောင် သစ်ပင်ခွကြားမှာသေနေတဲ့နေရာ..ကြီးမားတဲ့ကျားသစ်ကြီးဟာ သွေးပေနေတဲ့ပါးစပ်နဲ့သစ်ကုလားအုပ်ကိုစားသောက်နေတာမြင်ရမှာပါ။

သူဟာ ဒီသစ်ကုလားအုပ်ကို သစ်ပင်ပေါ်ကိုချီယူသွားပြီး အရိုးပဲကျန်တဲ့အထိ ရက်ပေါင်းများစွာကြာအောင်စားသောက်ပါတယ်။ ၃၀၀ ကီလိုဂရမ်ရှိတဲ့ သစ်ကုလားအုတ်ဟာ သူ့ကိုဖမ်းတဲ့သတ္တဝါထက်ပိုပြီးတော့ လေးလံပါတယ်။ ဒီကျားသစ် သူ့သားကောင်ကိုသယ်သွားခြင်းဟာ လူတစ်ယောက်ဘာဂါအလုံး နှစ်ထောင်လောက်ကိုတစ်ပြိုင်ထဲသယ်ပြီးတော့ နှစ်ထပ်လောက်ရှိတဲ့အဆောက်အဦးပေါ်ကိုတက်ရသလိုပါပဲ။ သားကောင်တွေကိုသစ်ပင်ပေါ်မှာထားခြင်းကတော့ ခိုးတဲ့အကောင်တွေလက်မှလွတ်ဖို့ပဲလို့လေ့လာသူတွေကပြောကြပါတယ်။

ကျားသစ်တွေဟာ သူတို့ရဲ့သားကောင်တွေကိုရှာဖွေတဲ့နေရာမှာ သူတို့ကိုယ်တစ်ဝက်လောက်အလေးချိန်ရှိတဲ့အကောင်ကစပြီးတော့ တစ်ကိုယ်ခွဲစာလောက်လေးတဲ့အကောင်အထိဖမ်းယူကြပါတယ်။ တောကြောင်ကြီးတွေကိုလေ့လာတဲ့ အကျိုးအမြတ်မယူအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Panthera ရဲ့လေ့လာချက်အရ ကျားသစ်တွေဟာ သားကောင်အမျိုးပေါင်း ၄၀ လောက်ကိုဖမ်းဆီးစားသောက်လေ့ရှိကြကြောင်းသိရပါတယ်။ တောကြက်တွေကစပြီးတော့ သစ်ကုလားအုတ်အငယ်လေးတွေအထိဖမ်းယူစားသောက်လေ့ရှိပါတယ်။ ကျားသစ်တွေရဲ့ သားကောင်တွေရဲ့တစ်ဝက်ကို သစ်ပင်ပေါ်တင်ထားလေ့ရှိတဲ့အတွက် ၃၃ ရာခိုင်နှုန်းလောက်ပဲခိုးယူခြင်းခံရပါတယ်။ ဒါပေမယ့်လည်း ခွေးအတွေ၊ ခြင်္သေ့တွေနဲ့ တခြား ကျားသစ်ထီးတွေနဲ့ယှဉ်လုရင်တော့ အသားတွေပါသွားလေ့ရှိတတ်ပါတယ်။

Balme နဲ့သူ့အဖွဲ့ဟာ ကျားသစ်နဲ့သူတို့ရဲ့သားကောင်တွေကို နှစ်တိုင်းမှတ်တမ်းပြုစုခဲ့ပါတယ်။ သူတို့ရဲ့အချက်အလက်တွေအရ ကျားသစ် ၁၀၄ ကောင်ဟာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း သတ္တဝါ ၂၂၁၅ ကောင်စားသောက်ခဲ့ကြောင်းသိရပါတယ်။ ကျားသစ်တွေဟာသူတိုရဲ့သားကောင်တွေကို သစ်ပင်ပေါ်ယူသွားလေ့ရှိကြပေမယ့် အရမ်းသေးလွန်း..အရမ်းကြီးလွန်းတဲ့သားကောင်တွေဆိုရင်တော့ မြေပေါ်မှာပဲစားပစ်လိုက်ကြပါတယ်။ ခွေးအတွေနဲ့ အခြား ကျားသစ်တွေရောက်လာတဲ့အခါမှာလည်း သစ်ပင်ပေါ်တင်ထားဖို့မဖြစ်နိုင်တော့ပါဘူး။

ကျားသစ်တွေသိမ်းထားတဲ့သားကောင်တွေသစ်ပင်ပေါ်မှကျလာတာကိုခွေးအတွေဆွဲသွားတဲ့အကြိမ်ရေပေါင်း ၃၉ ကြိမ်လောက်ရှိခဲ့ဖူးပါတယ်။ တကယ်လို့ ခွေးအတစ်ကောင်အနီးအနားမှာရှိနေရင်တော့ ကျားသစ်က သူ့သားကောင်ကို သစ်ပင်ပေါ်ဆွဲသွားပြီးလုံခြုံအောင်ထားမှာအမှန်ပါပဲလို့ Balme ကပြောကြားခဲ့ပါတယ်။ ခွေးအတွေဟာ ကျားသစ်ရဲ့သားကောင်အသံကိုကြားတဲ့အခါအလျင်အမြန်ရောက်ရှိလာကြပါတယ်။ ဒါပေမယ့် ဒီအတိုင်းထိုင်ကြည့်ပြီးတော့ ကျားသစ်သတ်တာကိုစောင့်နေကြတာမဟုတ်ပါဘူး “ကျားသစ်နားမှာခွေးအတွေဝိုင်းနေတာကိုမကြာခနတွေ့ရလေ့ရှိပါတယ် ဘာကြောင့်လဲဆိုတော့ အစာရမှာသေချာတာကိုး ကျားသစ်တွေဆီကခိုးတဲ့ သတ္တဝါနှစ်ကောင်ရှိရင် တစ်ကောင်ကခွေးအပဲဖြစ်တယ် ဒီနယ်မြေမှာတော့ ခွေးအတွေက ကျားသစ်တွေအတွက်အနှောက်အယှက်ပါပဲ” လို့ Balme ကပြောခဲ့ပါတယ်။

ခွေးအတွေဟာတကယ်ကိုလည်းရဲတဲ့အကြောင်းပြောခဲ့ပါသေးတယ် “သူတို့ကျားသစ်ကိုတောင်ဂရုမစိုက်ပဲ သားကောင်ကိုဖမ်းဖို့ပြေးကြတာပဲ ကျားသစ်တွေနဲ့ခွေးအတွေ တိုက်ခိုက်တဲ့အဖြစ်အပျက်တွေကို ကျွန်တော်တို့မြင်ဖူးပါတယ် ဒါပေမယ့်များသောအားဖြင့်တော့ ခွေးအတွေနိုင်တာပါပဲ တစ်ခါတစ်လေမှာ ဒီကြောင်ကြီးကိုသတ်ပြီးတော့တောင်စားကြပါသေးတယ်” လိုက Balme ကပြောကြားခဲ့ပါတယ်။ ကံကောင်းစွာပဲ ခွေးအတွေဟာသစ်ပင်မတတ်နိုင်တဲ့အတွက် ကားသစ်တွေဟာသစ်ပင်ပေါ်မှာနေပြီးတော့ အောက်မှာပြေးလွှားနေတဲ့ခွေးအတွေကိုထိုင်ကြည့်နေနိုင်တာပေါ့။ ကျားသစ်တစ်ကောင်က သူ့သားကောင်ကို သစ်ပင်ပေါ်ချီသွားရခြင်းဟာသူခိုးတွေရန်ကြောင့်ပဲဆိုတာကျွန်တော်ယုံကြည်ပါတယ်။

ကျားသစ်မတွေကတော့ သားမွေးပြီးတဲ့အခါရက်အနည်းငယ်အကြာမှာ အမဲလိုက်ထွက်ပါတယ်။ သူတို့အမဲရနည်းလေလေ အကောင်ငယ်လေးတွေအသက်ရှင်နိုင်ချေနည်းလေပါပဲ။ ကျားသစ်တွေ သူတို့ရဲ့သားကောင်ကို သစ်ပင်ပေါ်သယ်သွားခြင်းဟာ သူတိုရဲ့အန္တရာယ်ကိုကာကွယ်ခြင်းဖြစ်တယ်လို့ Balme ကပြောခဲ့ပါတယ်။ Botswana မှာဆိုရင်ခွေအတွေအရမ်းကိုများပြားတဲ့အတွက်ကျားသစ်တွေဟာသူတို့ရဲ့သားကောင် ၄၀ ရာခိုင်နှုန်းလောက်ပဲ သစ်ပင်ပေါ်တင်ထားနိုင်ပါတယ်။ ဒါပေမယ့် အိန္ဒိယလိုမျိုးနေရာမျိုးမှာတော့ သူတို့အတွက်ပြိုင်ဘက်သိပ်မရှိတဲ့အပြင်သားကောင်လည်းပေါများတဲ့အတွက်သစ်ပင်ပေါ်တင်ထားတာရှားပါတယ်။

သားကောင်ကို သစ်ပင်ပေါ်တင်ထားရဲ့ခြင်းရဲ့နောက်ကွယ်မှာတခြားအကြောင်းပြချက်တွေရှိပါသေးတယ်။ ဥပမာ သားကောင်က အပုတ်မမြန်တဲ့သတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့် ဒါမှမဟုတ် ကျားသစ်ဟာ တခြားနေရာတစ်ခုမှာအမဲလိုက်ပြီးတော့ ပြန်လာရင်ရင်စားသုံးဖို့အတွက်ကြောင့်လည်းအခုလိုတင်ထားရခြင်းဖြစ်ကြောင်းအခြားလေ့လာသူတွေကပြောကြားပေမယ့် Balme ကတော့ ဒါတွေကိုသဘောတူညီမှုအနည်းငယ်သာပြသခဲ့ပါတယ်။ ကျားသစ်တွေရဲ့သားကောင်ကိုသစ်ပင်ပေါ်တင်ရတဲ့မူလရည်ရွယ်ချက်ကတော့ သူခိုးတွေရန်ကကာကွယ်ဖို့ဆိုတာ ကျွန်တော်ယုံတယ်လို့ Balme ကပြောကြားခဲ့ပါတယ်။

Ref : BBC

Leave a Reply

Your email address will not be published. Required fields are marked *