
Zawgyi ဖြင့်ဖတ်ရန်





Unicode ဖြင့်ဖတ်ရန်

မီးပွိုင့်မှာမီးဝါသွားရင်ဆက်မောင်းလို့ရမရ

ယာဉ်မောင်းသူတိုင်း ဒွိဟဖြစ်နေတဲ့ကိစ္စလေးပါ မီးပွိုင့်ကမီး ဝါနေတဲ့အချိန် ယာဉ်ဖြတ်သန်းမောင်းနှင်လို့ရ မရ မီးဝါဖြတ်လို့ ချလန်ဖြတ်ခံရတာ ဘာညာဆိုတာတွေ အချို့ကြုံနေရတော့ ဒီမီးဝါလေးအကြောင်း ရှင်းပြချင်ပါတယ်

မီးနီရင်တော့ ရပ် မီးစိမ်းရင်တော့ မောင်း ဒါကတော့ရှင်းပါတယ် မီးစိမ်းလို့မောင်းလာတုံး မီးမနီခင် မီးဝါပါတယ် သုံးစက္ကန့်လောက်ပေါ့ အဲ့ဒီစိမ်းလို့မောင်းလာနေတုံးမီးဝါခဲ့ရင် အဲ့ မီးဝါနေတာကိုသိသိကြီးနဲ့မောင်းတာမျိုးမဟုတ်ဘူးနော် စိမ်းနေတာကို ပုံမှန်မောင်းလာရင်း မီးကဝါသွားတာကိုပြောတာ အဲ့လိုဆိုရင် သင့်ရဲ့ကား သို့မဟုတ် ဆိုင်ကယ်ဟာ မီးပွိုင့်ရဲ့ရပ်မျဉ်းမရောက်ခင်ဆိုလျှင် မဖြစ်မနေရပ်ပါ မ ဟုတ်ဘူး စိမ်း လို့ ပုံ မှန် မောင်း လာ လိုက် တာ ရပ်မျဉ် ကျော်မီး မှ မီး က ဝါ သွား တယ် ခ ဏ နေ တော့ နီ သွားတယ် ဆို ရင် ဆက် မောင်း ပါ သိ သိ ကြီး နဲ့ဖြတ် မောင်း သွား ခြင်း မျိုး မ ဟုတ် ဘဲ မိ မိ ပုံ မှန် မောင်း နေ ရင်း မီး ဝါ ပြောင်းလဲ သွား ခြင်း မျိုး ကို ဆို လို တာ ပါ

အကြံပြုချင်တာတစ်ခုကတော့ မီးဝါတာကို အ ဝေး ကထဲက မြင်နေ ရရင်မီးမနီးခင် မြန် မောင်း တာ လု မောင်း တာ တို့ မ လုပ် ဘဲ အရှိန် လျှော့ လို့ ရပ် စေ ချင် ပါ တယ် စိမ်း မှ ပြန် ထွက် ပါ ဒါ က တော့ အ န္တ ရာယ် အကင်းဆုံး ပါ ခင် ဗျာ

credit:ဒု ရဲ အုပ် ဌေး လွင်(ခ)နေ မျိုးသူ ရ 28.7.2019

Leave a Reply

Your email address will not be published. Required fields are marked *