ဘုရားဆြမ္းေတာ္ ကေန စြန္႔ထားတဲ့ အစားအေသာက္မ်ားကုိ စားသင့္၊ မစားသင့္

Zawgyi ျဖင့္ဖတ္ရန္

ၿပီးခဲ့ေသာ တန္ေဆာင္မုန္း လျပည့္ေန႔ က ျဖစ္ပါသည္။

ကြ်န္မသည္ ဘုရားရွင္အား ပန္း၊ ေရခ်မ္း၊ ဆီမီးမ်ား လွဴဒါန္းရန္ ျပင္ဆင္ ေနခ်ိန္ျဖစ္ေလသည္။

ထို တန္ေဆာင္မုန္း လျပည့္ေန႔သည္ အဘမင္းသိခၤ ရွိစဥ္ကတည္းက က်င္းပခဲ့သည့္ ေဆးေပါင္းခပြဲေတာ္ကို ဆရာ ဇင္ေယာ္နီ ဦးေဆာင္လ်က္ ေရႊေပၚ ကြ်န္းေက်ာင္းရွိ အဘမင္းသိခၤ တန္ေဆာင္းတြင္ က်င္းပရန္ အေျပးအလႊား အလုပ္ မ်ားေနၾကခ်ိန္ ျဖစ္ေလသည္။

ထို႔ေၾကာင့္ မနက္ခပ္ေစာေစာ ကပင္ အိမ္ဘုရား၌ လွဴဖြယ္၊ ျပဳဖြယ္ ကိစၥမ်ားအား ခပ္သြက္သြက္ပင္ လုပ္ေဆာင္ေနရ သည္ ျဖစ္ရာ သမီးျဖစ္သူ အားလည္း အလုပ္တြင္ ဝိုင္းကူညီပါရန္ စည္း႐ံုးထားရ ေလသည္။

ကြ်န္မသည္ ထိုသို႔ဘုရားရွင္အား လွဴဒါန္းရန္ သစ္သီးမ်ားအား ေရေဆး သန္႔စင္၍ ဆြမ္းပြဲမ်ား ျပင္ခ်ိန္တြင္ ကိုးႏွစ္ ခန္႔ရွိ ေသးေသာ သမီးျဖစ္သူက တတ္စြမ္း သမွ် ဝိုင္းကူရင္း –

“ေမေမ စပ်စ္သီးေတြက အခ်ိဳ သီးလား။ ဟိုတစ္ခါ ဆြမ္းေတာ္က စြန္႔တဲ့ ပ်ားလိေမၼာ္ကေတာ့ ခ်ဥ္တယ္ေနာ္”

စ သည္ျဖင့္ စကားဆိုေလသည္။ ထိုအခါ ကြ်န္မက –

“သမီးကို ေျပာထားရဦးမယ္။ ဘုရားဆြမ္းေတာ္စြန္႔တာကို စားရင္ ဘုရားေဝယ်ာဝစၥကို ဝိုင္းလုပ္ရတယ္။ အဲဒီလိုမလုပ္ဘဲ ဆြမ္းေတာ္စာကို မစားေကာင္းဘူး”ဟု ေျပာလိုက္လွ်င္ သမီးက

“သမီးလည္း အဲဒါကိုပဲ ေမးခ်င္ ေနတာ။ ဟိုေန႔က ေက်ာင္းကို အသီးေတြ ထည့္သြားတယ္ေလ။ သူငယ္ခ်င္းေတြကို လည္း သမီးက ေကြ်းတာေပါ့။ ဆြမ္းေတာ္ စြန္႔တာေတြကို ထည့္လာတာလို႔ ေျပာျပေတာ့ သူငယ္ခ်င္းတစ္ေယာက္ကေျပာ တယ္။ ဆြမ္းေတာ္စာကို မစားေကာင္းဘူးတဲ့။ တစ္ေယာက္ကေတာ့ ဆြမ္းေတာ္စာ စားရင္ ဥာဏ္ေကာင္းတယ္တဲ့။ ေနာက္ တစ္ေယာက္ ကလည္း ေျပာျပန္တယ္ ဆြမ္းေတာ္စာစားရင္ ဥာဏ္ထိုင္းတယ္တဲ့။ တစ္ေယာက္က ေျပာျပန္တာကေတာ့ သူတို႔အိမ္မွာေတာ့ ဆြမ္းေတာ္စာကို စြန္႔ၿပီးရင္ အိမ္ေရွ႕က သစ္ပင္ေထာင့္မွာ ငွက္ေတြကို ေကြ်းတာတဲ့။ အမ်ိဳးစံုေတြ ေျပာ ၾကတာေပါ့ေမေမရယ္။ အဲဒီစကားေတြနဲ႔ ပတ္သက္ၿပီး သမီး ရွင္းရွင္းလင္းလင္း မွတ္လို႔ရေအာင္ ေမေမသိတာေလးရွိရင္ ေျပာျပပါ့လား” ဟု ေျပာေလရာ ကြ်န္မ လည္း ဖတ္မွတ္ဖူးေသာ တည္ေတာ ဆရာေတာ္ဘုရားႀကီး၏ စာေပမ်ားထဲမွ ဆြမ္းေတာ္စာႏွင့္ ပတ္သက္ေသာ အ ေၾကာင္းအရာမ်ားအား သတိရမိေလ ေတာ့သည္။

သို႔ရာတြင္ အလုပ္မ်ား ေနခ်ိန္ျဖစ္ ၍ ညမွသာ ေျပာျပႏိုင္မည့္အေၾကာင္း သမီးအား ေဖ်ာင္းဖ်ရင္း စကားရပ္ခဲ့ရ ေလသည္။

ထိုေန႔ညက ေဆးေပါင္းခပြဲေတာ္ သည္ ည ၇ နာရီခန္႔တြင္ ၿပီးစီးခဲ့ေသာ္ လည္း ပစၥည္းမ်ားသိမ္းဆည္းၾကရင္းျဖင့္ ည ဆယ္နာရီေက်ာ္မွ အိမ္သို႔ျပန္ ေရာက္ခဲ့ေလသည္။ သမီးသည္ သိခ်င္ေနေသာ အေၾကာင္းအရာရွိသျဖင့္ ကြ်န္မအား ေစာင့္ဆိုင္းေနဟန္ ရွိေလသည္။ ထို႔ ေၾကာင့္ ကြ်န္မလည္း သမီးအား ဆြမ္းေတာ္စာႏွင့္ ပတ္သက္သည့္အေၾကာင္းအရာ မ်ား အား မွတ္သားမိသမွ် ေအာက္ပါအတိုင္း ရွင္းျပျဖစ္ခဲ့ပါ ေလေတာ့သည္။

ဆြမ္းေတာ္စာ စားတာနဲ႔ ပတ္သက္ၿပီး မဟာရာဇဝင္ေတာ္ႀကီးမွာ ဒီလို ဆိုသတဲ့။ ပုဂံျပည္မွာ အေနာ္ရထာမင္း မတိုင္မီက အရည္းႀကီးရဟန္းမ်ား လႊမ္းမိုးခဲ့တယ္လို႔ ဆိုတယ္။

တစ္ရက္မွာ သထံုျပည္က ရဟႏၱာ ရွင္အရဟံဟာ ပုဂံျပည္ကို ၾကြလာသတဲ့။ အေနာ္ရထာမင္းႀကီးဟာ ရွင္အရဟံကို အလြန္ ၾကည္ညိဳတဲ့အတြက္ ရွင္အရဟံရဲ႕ အမိန္႔အတိုင္း ပိဋကတ္သံုးပံုနဲ႔ ဓာတ္ေတာ္ေမြေတာ္ေတြကို သထံု မႏူဟာမင္းထံ ေတာင္းခံေစတယ္။ မႏူဟာမင္းဟာ ထိပါးလိုေသာစိတ္နဲ႔ ပိဋ ကတ္ေတာ္နဲ႔ ဓာတ္ေတာ္ေတြကို မေပးဘဲ မေခ်မငံ ေျပာဆို လိုက္သတဲ့။

အဲဒီလို မေခ်မခံေျပာဆိုမႈေၾကာင့္ အေနာ္ရထာမင္းဟာ သထံုျပည္ကို အလံုးအရင္းနဲ႔ ခ်ီတက္ၿပီး မင္းနဲ႔တကြ သိမ္း ပိုက္ေတာ္မူလိုက္သတဲ့။ ပုဂံကို ျပန္ေရာက္တဲ့အခါ သထံုက ပါလာခဲ့တဲ့သူရဲ ေကာင္းေတြ ပညာသည္ေတြကို အသီးသီး အစုအကြက္ခ်ၿပီး ေနေစတယ္။ မႏူဟာမင္းကိုေတာ့ ျမင္းကပါအရပ္မွာ အလုပ္အေကြ်းနဲ႔တကြ ခ်ထားတယ္။

မႏူဟာမင္းဟာ စကားေျပာရင္ ခံတြင္းက စက္ေျပာင္ေျပာင္ အေရာင္ ထြက္သတဲ့ အေနာ္ရထာမင္းထံ မႏူဟာမင္း လာေရာက္ ဦးခ်တဲ့အခါ ၾကက္သီး ေမြးညႇင္းထၿပီး ထိတ္တလန္႔လန္႔ ျဖစ္ရ သတဲ့။ ဒါေၾကာင့္ မႏူဟာမင္းရဲ႕ ဘုန္းတန္ခိုး အာႏုေဘာ္ ညံ့ဖ်င္းသြားေအာင္ မေနာ လင္ဗန္းမွာ စားေတာ္ကိုျပင္ ဘုရားမွာ တင္ၿပီးမွ မႏူဟာမင္းကို အဲဒီဆြမ္းေတာ္စာ ကို ေကြ်းေစသတဲ့။ ရက္အေတာ္ၾကာ လာခဲ့ေတာ့ မႏူဟာမင္းရဲ႕ စက္အေရာင္ ဟာ သံသရာက်င္လည္သေရြ႕ သူႏိုင္ သည္ကို မျဖစ္ရလိုလို႔ ဆုေတာင္းရင္း ယခုမႏူဟာဘုရားကို တည္ထားၿပီး သူ႕ ကိုယ္သူ လုပ္ႀကံသြားတယ္လို႔ ရာဇဝင္ မွာဆိုတယ္။ အဲဒီသမိုင္းေၾကာင္းကို စြဲၿပီး ဆြမ္းေတာ္စာ မစားေကာင္းဘူးဆိုတဲ့ စကားရပ္ျဖစ္လာတာ ျဖစ္ႏိုင္တယ္လို႔ ဆိုတယ္။

အမွန္တကယ္ေတာ့ မႏူဟာမင္း ဟာ ႐ိုး႐ိုး ဆြမ္းေတာ္စာစားလို႔ ဘုန္း တန္ခိုး ညံ့သြားတာမဟုတ္ပါဘူး။ ေခြးစာ က်ီးစာ ထည့္ေကြ်းတဲ့ သင္ပုတ္ခြက္ေပၚကို ဆြမ္းေတာ္စာကို စြန္႔ၿပီးမွ မေနာ လင္ဗန္းထဲ ျပန္ထည့္ေကြ်းတဲ့အစာကို စားလို႔ ဘုန္းတန္ခိုးညံ့သြားတာ ျဖစ္တယ္ လို႔ဆိုတယ္။

အသေရမဲ့တဲ့ သင္ပုတ္ခြက္ထဲ ကို စြန္႔လိုက္တဲ့ ဆြမ္းေတာ္စာကို ျပန္ယူ ေကြ်းလို႔ ဘုန္းတန္ခိုးညံ့သြားတာ ျဖစ္ႏိုင္ တယ္လို႔ ဆိုတယ္။ ဒါမွမဟုတ္ရင္လည္း ဆြမ္းေတာ္စာ စားၿပီး ဗုဒၶေဝယ်ာဝစၥမျပဳ လုပ္လို႔ ဘုန္းတန္ခိုးညံ့သြားတာလည္း ျဖစ္ႏိုင္ တယ္။ ႐ိုး႐ိုး ဆြမ္းေတာ္စာစား႐ံုနဲ႔ ေတာ့ ဥာဏ္ေကာင္းမေကာင္း မဆိုလို ေသာ္လည္း ဘာမွ်လည္း ျဖစ္ဖြယ္မရွိဘူး လို႔ ဆရာေတာ္ဘုရားႀကီးရဲ႕ စာေပထဲမွာ မွတ္သားရတယ္”ဟု ရွင္းျပလိုက္ရာ သမီးလည္း အတန္အသင့္ ေက်နပ္ ေသာ အမူအရာကို ျပရင္း ေနာက္ထပ္ ေမးခြန္းတစ္ခုသို႔ ဆက္ရန္ဟန္ ျပင္လိုက္ ေလရာ ကြ်န္မလည္း လက္ကာျပရင္း

“ေတာ္ၿပီသမီးေရ …ေမေမလည္း ပင္ပန္းေနၿပီ …၊ ေနာက္ေန႔မွပဲ ဆက္ၿပီး ေျပာျပမယ္ေနာ္” ဟု စကားစ ျဖတ္၍ တစ္ခန္းရပ္ခဲ့ပါေလေတာ့သည္။

Credit – ဇင္လဲ့ရည္ႏြယ္ (မေနာမယဂမၻီရဂ်ာနယ္)

Unicode ဖြင့်ဖတ်ရန်

ဆွမ်းတော်စွန့်စာကို စားအပ်၊ မစားအပ်

ပြီးခဲ့သော တန်ဆောင်မုန်းလ ပြည့်နေ့က ဖြစ်ပါသည်။

ကျွန်မသည် ဘုရားရှင်အား ပန်း၊ ရေချမ်း၊ ဆီမီးများ လှူဒါန်းရန် ပြင်ဆင် နေချိန်ဖြစ်လေသည်။

ထိုတန်ဆောင်မုန်း လပြည့်နေ့သည် အဘမင်းသိင်္ခ ရှိစဉ်ကတည်းက ကျင်းပခဲ့သည့် ဆေးပေါင်းခပွဲတော်ကို ဆရာ ဇင်ယော်နီ ဦးဆောင်လျက် ရွှေပေါ် ကျွန်းကျောင်းရှိ အဘမင်းသိင်္ခ တန်ဆောင်းတွင် ကျင်းပရန် အပြေးအလွှား အလုပ် များနေကြချိန် ဖြစ်လေသည်။

ထို့ကြောင့် မနက်ခပ်စောစော ကပင် အိမ်ဘုရား၌ လှူဖွယ်၊ ပြုဖွယ် ကိစ္စများအား ခပ်သွက်သွက်ပင် လုပ်ဆောင်နေရ သည် ဖြစ်ရာ သမီးဖြစ်သူ အားလည်း အလုပ်တွင် ဝိုင်းကူညီပါရန် စည်းရုံးထားရ လေသည်။

ကျွန်မသည် ထိုသို့ဘုရားရှင်အား လှူဒါန်းရန် သစ်သီးများအား ရေဆေး သန့်စင်၍ ဆွမ်းပွဲများ ပြင်ချိန်တွင် ကိုးနှစ် ခန့်ရှိ သေးသော သမီးဖြစ်သူက တတ်စွမ်း သမျှ ဝိုင်းကူရင်း –

“မေမေ စပျစ်သီးတွေက အချို သီးလား။ ဟိုတစ်ခါ ဆွမ်းတော်က စွန့်တဲ့ ပျားလိမ္မော်ကတော့ ချဉ်တယ်နော်”

စ သည်ဖြင့် စကားဆိုလေသည်။ ထိုအခါ ကျွန်မက –

“သမီးကို ပြောထားရဦးမယ်။ ဘုရားဆွမ်းတော်စွန့်တာကို စားရင် ဘုရားဝေယျာဝစ္စကို ဝိုင်းလုပ်ရတယ်။ အဲဒီလိုမလုပ်ဘဲ ဆွမ်းတော်စာကို မစားကောင်းဘူး”ဟု ပြောလိုက်လျှင် သမီးက

“သမီးလည်း အဲဒါကိုပဲ မေးချင် နေတာ။ ဟိုနေ့က ကျောင်းကို အသီးတွေ ထည့်သွားတယ်လေ။ သူငယ်ချင်းတွေကို လည်း သမီးက ကျွေးတာပေါ့။ ဆွမ်းတော် စွန့်တာတွေကို ထည့်လာတာလို့ ပြောပြတော့ သူငယ်ချင်းတစ်ယောက်ကပြော တယ်။ ဆွမ်းတော်စာကို မစားကောင်းဘူးတဲ့။ တစ်ယောက်ကတော့ ဆွမ်းတော်စာ စားရင် ဉာဏ်ကောင်းတယ်တဲ့။ နောက် တစ်ယောက် ကလည်း ပြောပြန်တယ် ဆွမ်းတော်စာစားရင် ဉာဏ်ထိုင်းတယ်တဲ့။ တစ်ယောက်က ပြောပြန်တာကတော့ သူတို့အိမ်မှာတော့ ဆွမ်းတော်စာကို စွန့်ပြီးရင် အိမ်ရှေ့က သစ်ပင်ထောင့်မှာ ငှက်တွေကို ကျွေးတာတဲ့။ အမျိုးစုံတွေ ပြော ကြတာပေါ့မေမေရယ်။ အဲဒီစကားတွေနဲ့ ပတ်သက်ပြီး သမီး ရှင်းရှင်းလင်းလင်း မှတ်လို့ရအောင် မေမေသိတာလေးရှိရင် ပြောပြပါ့လား” ဟု ပြောလေရာ ကျွန်မ လည်း ဖတ်မှတ်ဖူးသော တည်တော ဆရာတော်ဘုရားကြီး၏ စာပေများထဲမှ ဆွမ်းတော်စာနှင့် ပတ်သက်သော အ ကြောင်းအရာများအား သတိရမိလေ တော့သည်။

သို့ရာတွင် အလုပ်များ နေချိန်ဖြစ် ၍ ညမှသာ ပြောပြနိုင်မည့်အကြောင်း သမီးအား ဖျောင်းဖျရင်း စကားရပ်ခဲ့ရ လေသည်။

ထိုနေ့ညက ဆေးပေါင်းခပွဲတော် သည် ည ၇ နာရီခန့်တွင် ပြီးစီးခဲ့သော် လည်း ပစ္စည်းများသိမ်းဆည်းကြရင်းဖြင့် ည ဆယ်နာရီကျော်မှ အိမ်သို့ပြန် ရောက်ခဲ့လေသည်။ သမီးသည် သိချင်နေသော အကြောင်းအရာရှိသဖြင့် ကျွန်မအား စောင့်ဆိုင်းနေဟန် ရှိလေသည်။ ထို့ ကြောင့် ကျွန်မလည်း သမီးအား ဆွမ်းတော်စာနှင့် ပတ်သက်သည့်အကြောင်းအရာ များ အား မှတ်သားမိသမျှ အောက်ပါအတိုင်း ရှင်းပြဖြစ်ခဲ့ပါ လေတော့သည်။

ဆွမ်းတော်စာ စားတာနဲ့ ပတ်သက်ပြီး မဟာရာဇဝင်တော်ကြီးမှာ ဒီလို ဆိုသတဲ့။ ပုဂံပြည်မှာ အနော်ရထာမင်း မတိုင်မီက အရည်းကြီးရဟန်းများ လွှမ်းမိုးခဲ့တယ်လို့ ဆိုတယ်။

တစ်ရက်မှာ သထုံပြည်က ရဟန္တာ ရှင်အရဟံဟာ ပုဂံပြည်ကို ကြွလာသတဲ့။ အနော်ရထာမင်းကြီးဟာ ရှင်အရဟံကို အလွန် ကြည်ညိုတဲ့အတွက် ရှင်အရဟံရဲ့ အမိန့်အတိုင်း ပိဋကတ်သုံးပုံနဲ့ ဓာတ်တော်မွေတော်တွေကို သထုံ မနူဟာမင်းထံ တောင်းခံစေတယ်။ မနူဟာမင်းဟာ ထိပါးလိုသောစိတ်နဲ့ ပိဋ ကတ်တော်နဲ့ ဓာတ်တော်တွေကို မပေးဘဲ မချေမငံ ပြောဆို လိုက်သတဲ့။

အဲဒီလို မချေမခံပြောဆိုမှုကြောင့် အနော်ရထာမင်းဟာ သထုံပြည်ကို အလုံးအရင်းနဲ့ ချီတက်ပြီး မင်းနဲ့တကွ သိမ်း ပိုက်တော်မူလိုက်သတဲ့။ ပုဂံကို ပြန်ရောက်တဲ့အခါ သထုံက ပါလာခဲ့တဲ့သူရဲ ကောင်းတွေ ပညာသည်တွေကို အသီးသီး အစုအကွက်ချပြီး နေစေတယ်။ မနူဟာမင်းကိုတော့ မြင်းကပါအရပ်မှာ အလုပ်အကျွေးနဲ့တကွ ချထားတယ်။

မနူဟာမင်းဟာ စကားပြောရင် ခံတွင်းက စက်ပြောင်ပြောင် အရောင် ထွက်သတဲ့ အနော်ရထာမင်းထံ မနူဟာမင်း လာရောက် ဦးချတဲ့အခါ ကြက်သီး မွေးညှင်းထပြီး ထိတ်တလန့်လန့် ဖြစ်ရ သတဲ့။ ဒါကြောင့် မနူဟာမင်းရဲ့ ဘုန်းတန်ခိုး အာနုဘော် ညံ့ဖျင်းသွားအောင် မနော လင်ဗန်းမှာ စားတော်ကိုပြင် ဘုရားမှာ တင်ပြီးမှ မနူဟာမင်းကို အဲဒီဆွမ်းတော်စာ ကို ကျွေးစေသတဲ့။ ရက်အတော်ကြာ လာခဲ့တော့ မနူဟာမင်းရဲ့ စက်အရောင် ဟာ သံသရာကျင်လည်သရွေ့ သူနိုင် သည်ကို မဖြစ်ရလိုလို့ ဆုတောင်းရင်း ယခုမနူဟာဘုရားကို တည်ထားပြီး သူ့ ကိုယ်သူ လုပ်ကြံသွားတယ်လို့ ရာဇဝင် မှာဆိုတယ်။ အဲဒီသမိုင်းကြောင်းကို စွဲပြီး ဆွမ်းတော်စာ မစားကောင်းဘူးဆိုတဲ့ စကားရပ်ဖြစ်လာတာ ဖြစ်နိုင်တယ်လို့ ဆိုတယ်။

အမှန်တကယ်တော့ မနူဟာမင်း ဟာ ရိုးရိုး ဆွမ်းတော်စာစားလို့ ဘုန်း တန်ခိုး ညံ့သွားတာမဟုတ်ပါဘူး။ ခွေးစာ ကျီးစာ ထည့်ကျွေးတဲ့ သင်ပုတ်ခွက်ပေါ်ကို ဆွမ်းတော်စာကို စွန့်ပြီးမှ မနော လင်ဗန်းထဲ ပြန်ထည့်ကျွေးတဲ့အစာကို စားလို့ ဘုန်းတန်ခိုးညံ့သွားတာ ဖြစ်တယ် လို့ဆိုတယ်။

အသရေမဲ့တဲ့ သင်ပုတ်ခွက်ထဲ ကို စွန့်လိုက်တဲ့ ဆွမ်းတော်စာကို ပြန်ယူ ကျွေးလို့ ဘုန်းတန်ခိုးညံ့သွားတာ ဖြစ်နိုင် တယ်လို့ ဆိုတယ်။ ဒါမှမဟုတ်ရင်လည်း ဆွမ်းတော်စာ စားပြီး ဗုဒ္ဓဝေယျာဝစ္စမပြု လုပ်လို့ ဘုန်းတန်ခိုးညံ့သွားတာလည်း ဖြစ်နိုင် တယ်။ ရိုးရိုး ဆွမ်းတော်စာစားရုံနဲ့ တော့ ဉာဏ်ကောင်းမကောင်း မဆိုလို သော်လည်း ဘာမျှလည်း ဖြစ်ဖွယ်မရှိဘူး လို့ ဆရာတော်ဘုရားကြီးရဲ့ စာပေထဲမှာ မှတ်သားရတယ်”ဟု ရှင်းပြလိုက်ရာ သမီးလည်း အတန်အသင့် ကျေနပ် သော အမူအရာကို ပြရင်း နောက်ထပ် မေးခွန်းတစ်ခုသို့ ဆက်ရန်ဟန် ပြင်လိုက် လေရာ ကျွန်မလည်း လက်ကာပြရင်း

“တော်ပြီသမီးရေ …မေမေလည်း ပင်ပန်းနေပြီ …၊ နောက်နေ့မှပဲ ဆက်ပြီး ပြောပြမယ်နော်” ဟု စကားစ ဖြတ်၍ တစ်ခန်းရပ်ခဲ့ပါလေတော့သည်။

Credit – ဇင်လဲ့ရည်နွယ် (မနောမယဂမ္ဘီရဂျာနယ်)

Leave a Reply

Your email address will not be published. Required fields are marked *