သက္ေတာ္ေစာင့္ ၅ ဦးထိ ငွားရမ္းထားသည့္ ဗီယက္နမ္ က ေ႐ႊလူသားအေၾကာင္း

Zawgyi ျဖင့္ဖတ္ရန္

၁၃ ကီလိုဂရမ္ေလာက္ အေလးခ်ိန္ရွိတဲ့ ေ႐ႊထည္ပစၥည္းေတြကို သြားေလရာဝတ္ဆင္တဲ့ ဗီယက္နမ္ က စီးပြားေရး လုပ္ငန္းရွင္တေယာက္အေၾကာင္းဟာ အခုတေလာ လူေျပာမ်ားေနပါတယ္။

ဒီအမ်ိဳးသားနာမည္က ဖု ျဖစ္ၿပီး သူဟာ အသက္ ၃၅ ႏွစ္ရွိၿပီလို႔ OC သတင္းမွာ ဒီဇင္ဘာ ၁၀ ရက္ေန႔က ေဖာ္ျပထားပါတယ္။ႀကီးမားတဲ့ လက္ဝတ္လက္စားေတြကို ျပသေနတဲ့ ဖုရဲ႕ဗြီဒီယိုဖိုင္ ယူက်ဴ႕စ္မွာ ေပၚထြက္လာခဲ့ၿပီးေနာက္ ဖုရဲ႕ သတင္းေတြ ဓာတ္ပုံေတြဟာ အိမ္နီးခ်င္းႏိုင္ငံေတြအထိပါ ပ်ံ႕ႏွံ႔လာတာျဖစ္ပါတယ္။ဖုဝတ္ဆင္တဲ့ ေ႐ႊထည္ေတြမွာ ငါးကီလိုဂရမ္အေလးခ်ိန္ရွိတဲ့ ဆြဲႀကိဳးနဲ႔ ဆြဲျပား၊ တစ္ခုကို ငါးကီလိုဂရမ္ အေလးခ်ိန္ရွိတဲ့ လက္ေကာက္ႏွစ္ကြင္းနဲ႔ ၅၀၀ ဂရမ္အေလးခ်ိန္ရွိတဲ့ လက္စြပ္ေလးကြင္း တို႔ပဲျဖစ္ပါတယ္။

ဒါေတြ အားလုံးေပါင္းလိုက္မယ္ဆိုရင္ ဖုဝတ္ဆင္တဲ့ ေ႐ႊထည္ပစၥည္းေတြဟာ စုစုေပါင္း ၁၃ ကီလိုဂရမ္အေလးခ်ိန္ရွိၿပီး တန္ဖိုးအားျဖင့္ ဗီယက္နမ္ ေဒါင္ ၁၃ ဘီလီယံ တန္ဖိုးရွိပါတယ္။ဒီလိုႀကီးမားတဲ့ ေ႐ႊထည္ပစၥည္းေတြကို ဝတ္ဆင္တဲ့ အေလ့အက်င့္ဟာ ၿပီးခဲ့တဲ့ ငါးႏွစ္ေလာက္က စတင္ခဲ့တာလို႔ ဖုက ေျပာပါတယ္။ကံေကာင္းေစဖို႔အတြက္ အစီအရင္တခုအျဖစ္ ဖုန္းေ႐ႊဆရာ တဦးက သူ႔ကိုဒီလိုဝတ္ဖို႔ အႀကံေပးခဲ့တာျဖစ္ၿပီး အဲဒီကစလို႔ ႀကီးမားတဲ့ ေ႐ႊထည္ေတြကို စတင္စုေဆာင္း ဝတ္ဆင္လာတာျဖစ္ပါတယ္။

ဖုနဲ႔ပတ္သက္တဲ့ သတင္းေတြ ထြက္ေပၚလာၿပီးေနာက္ ဒီလိုေ႐ႊေတြနဲ႔ သြားရလာရတာ မခက္ဘူးလား၊ ဒီေလာက္ေ႐ႊေတြက အစစ္ေကာ ျဖစ္ႏိုင္ပါ့မလားဆိုတဲ့ ေမးခြန္းေတြလည္း ေပၚထြက္လာခဲ့ပါတယ္။စဝတ္တုန္းက သူ႔အတြက္ေ႐ႊထည္အႀကီးႀကီးေတြက ျပႆနာရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဆင္ေျပသြားတယ္လို႔ ဖုကေျပာပါတယ္။ႀကီးမားတဲ့ ဆြဲႀကိဳးနဲ႔ ဆြဲျပားတို႔ေၾကာင့္ ဖုဟာ လည္ပင္းနာတဲ့ဒဏ္ကို ခံစားခဲ့ရၿပီး ဆရာဝန္ေတာင္ သြားျပခဲ့ရေပမယ့္ ဖုကေတာ့ သူ႔လည္ဆြဲႀကီးကို ဝတ္ၿမဲတမ္းဝတ္ဆင္ ဆဲပဲျဖစ္ပါတယ္။

ဆီလုပ္ငန္းနဲ႔ ႂကြယ္ဝခ်မ္းသာလာတဲ့ ဖု ဟာ သူသြားေလရာကို ေ႐ႊထည္ေတြဝတ္ဆင္သြားၿပီး လုံၿခဳံေရးအတြက္ သူ႔အနားမွာ သက္ေတာ္ေစာင့္ ၅ ေယာက္ကိုလည္း ငွားရမ္းထားတယ္လို႔ သိရပါတယ္။ဖုဟာ တျခာသူေတြနဲ႔ ထူးျခားစြာပဲ အဆမတန္ႀကီးမားတဲ့ ေ႐ႊထည္ေတြကိုသာ ဝတ္ဆင္တာျဖစ္ၿပီး ေနာက္ပိုင္းမွာလည္း ေ႐ႊနဲ႔ လုပ္ထားတဲ့ ဦးထုပ္နဲ႔ အက်ႌတို႔ကို ထပ္မံဝယ္ယူဖို႔ ရွိတယ္လို႔ ေျပာပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

သက်တော်စောင့် ၅ ဦးထိ ငှားရမ်းထားသည့် ဗီယက်နမ် က ရွှေလူသားအကြောင်း

၁၃ ကီလိုဂရမ်လောက် အလေးချိန်ရှိတဲ့ ရွှေထည်ပစ္စည်းတွေကို သွားလေရာဝတ်ဆင်တဲ့ ဗီယက်နမ် က စီးပွားရေး လုပ်ငန်းရှင်တယောက်အကြောင်းဟာ အခုတလော လူပြောများနေပါတယ်။

ဒီအမျိုးသားနာမည်က ဖု ဖြစ်ပြီး သူဟာ အသက် ၃၅ နှစ်ရှိပြီလို့ OC သတင်းမှာ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖော်ပြထားပါတယ်။ကြီးမားတဲ့ လက်ဝတ်လက်စားတွေကို ပြသနေတဲ့ ဖုရဲ့ဗွီဒီယိုဖိုင် ယူကျူ့စ်မှာ ပေါ်ထွက်လာခဲ့ပြီးနောက် ဖုရဲ့ သတင်းတွေ ဓာတ်ပုံတွေဟာ အိမ်နီးချင်းနိုင်ငံတွေအထိပါ ပျံ့နှံ့လာတာဖြစ်ပါတယ်။ဖုဝတ်ဆင်တဲ့ ရွှေထည်တွေမှာ ငါးကီလိုဂရမ်အလေးချိန်ရှိတဲ့ ဆွဲကြိုးနဲ့ ဆွဲပြား၊ တစ်ခုကို ငါးကီလိုဂရမ် အလေးချိန်ရှိတဲ့ လက်ကောက်နှစ်ကွင်းနဲ့ ၅၀၀ ဂရမ်အလေးချိန်ရှိတဲ့ လက်စွပ်လေးကွင်း တို့ပဲဖြစ်ပါတယ်။

ဒါတွေ အားလုံးပေါင်းလိုက်မယ်ဆိုရင် ဖုဝတ်ဆင်တဲ့ ရွှေထည်ပစ္စည်းတွေဟာ စုစုပေါင်း ၁၃ ကီလိုဂရမ်အလေးချိန်ရှိပြီး တန်ဖိုးအားဖြင့် ဗီယက်နမ် ဒေါင် ၁၃ ဘီလီယံ တန်ဖိုးရှိပါတယ်။ဒီလိုကြီးမားတဲ့ ရွှေထည်ပစ္စည်းတွေကို ဝတ်ဆင်တဲ့ အလေ့အကျင့်ဟာ ပြီးခဲ့တဲ့ ငါးနှစ်လောက်က စတင်ခဲ့တာလို့ ဖုက ပြောပါတယ်။ကံကောင်းစေဖို့အတွက် အစီအရင်တခုအဖြစ် ဖုန်းရွှေဆရာ တဦးက သူ့ကိုဒီလိုဝတ်ဖို့ အကြံပေးခဲ့တာဖြစ်ပြီး အဲဒီကစလို့ ကြီးမားတဲ့ ရွှေထည်တွေကို စတင်စုဆောင်း ဝတ်ဆင်လာတာဖြစ်ပါတယ်။

ဖုနဲ့ပတ်သက်တဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒီလိုရွှေတွေနဲ့ သွားရလာရတာ မခက်ဘူးလား၊ ဒီလောက်ရွှေတွေက အစစ်ကော ဖြစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။စဝတ်တုန်းက သူ့အတွက်ရွှေထည်အကြီးကြီးတွေက ပြဿနာရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဆင်ပြေသွားတယ်လို့ ဖုကပြောပါတယ်။ကြီးမားတဲ့ ဆွဲကြိုးနဲ့ ဆွဲပြားတို့ကြောင့် ဖုဟာ လည်ပင်းနာတဲ့ဒဏ်ကို ခံစားခဲ့ရပြီး ဆရာဝန်တောင် သွားပြခဲ့ရပေမယ့် ဖုကတော့ သူ့လည်ဆွဲကြီးကို ဝတ်မြဲတမ်းဝတ်ဆင် ဆဲပဲဖြစ်ပါတယ်။

ဆီလုပ်ငန်းနဲ့ ကြွယ်ဝချမ်းသာလာတဲ့ ဖု ဟာ သူသွားလေရာကို ရွှေထည်တွေဝတ်ဆင်သွားပြီး လုံခြုံရေးအတွက် သူ့အနားမှာ သက်တော်စောင့် ၅ ယောက်ကိုလည်း ငှားရမ်းထားတယ်လို့ သိရပါတယ်။ဖုဟာ တခြာသူတွေနဲ့ ထူးခြားစွာပဲ အဆမတန်ကြီးမားတဲ့ ရွှေထည်တွေကိုသာ ဝတ်ဆင်တာဖြစ်ပြီး နောက်ပိုင်းမှာလည်း ရွှေနဲ့ လုပ်ထားတဲ့ ဦးထုပ်နဲ့ အင်္ကျီတို့ကို ထပ်မံဝယ်ယူဖို့ ရှိတယ်လို့ ပြောပါတယ်။

share from : burmese.asia

Leave a Reply

Your email address will not be published. Required fields are marked *