မိန္းကေလးလိုဝတ္ျပီး ခ်စ္သူကုိယ္စား စာေမးပြဲသြားေျဖေပးခဲ့တဲ့ အခ်စ္သူရဲေကာင္းေလး

Zawgyiျဖင့္ဖတ္ရန္

အခ်စ္ဆုိတဲ့အရာက တကယ္ကိုထူးဆန္းပါတယ္။ အခ်စ္ဟာလူေတြကိို ရူးမိုက္တဲ့လုပ္ရပ္ေတြလုပ္မိေစျပီး ကုိယ့္ခ်စ္သူအတြက္ဆို ဘာပဲလုပ္ရလုပ္ရအရာအားလံုးကုိ ေပးဆပ္ျပီးအနစ္နာခံခ်င္တဲ့စိတ္ေတြကုိလည္းတဖြားဖြားေပၚေပါက္လာေစတတ္တယ္ဆိုတာ ရိုမီယိုနဲ႔ ဂ်ဴးလိယက္လို အန္တိုနီနဲ႔ ကလီယိုပတ္ထရာလို၊ က်န္စစ္သားနဲ႔ မဏိစႏၵာလုိ ရာဇဝင္ထဲကအခ်စ္ဇာတ္လမ္းေတြကသက္ေသပါပဲ။ ဒါေပမယ့္ ဒီေန႔ေခတ္ၾကီးမွာေတာ့ အခ်စ္ကုိကိုးကြယ္တဲ့လူေတြဆုိတာရွားပါးသြားျပီျဖစ္သလို အခ်စ္စစ္ေၾကာင့္ ေတာ္ရံုလူေတြမလုပ္နုိင္တဲ့အရာေတြကုိ ရူးရူးမုိက္မုိက္လုပ္တတ္တဲ့လူေတြဆိုတာလည္း မျမင္ရေတာ့သေလာက္ရွိသြားျပီမို႔ေလာကၾကီးမွာ အခ်စ္စစ္ဆိုတာ တကယ္ရွိေနေသးရဲ႕လားဆိုတာေတာင္ လူေတြကသံသယျဖစ္လာေနၾကပါျပီ။ ဒါေပမယ့္ တကယ္တမ္း စစ္မွန္တဲ့ခ်စ္ျခင္းေမတၱာဆိုတာ အမွန္တကယ္ရွိေနေသးေၾကာင္းမီးေမာင္းထုိးလိုက္တဲ့ျဖစ္ရပ္တစ္ခုက မၾကာေသးမီးက အင္တာနက္ေပၚမွာ ဟုိးေလးတေက်ာ္ျဖစ္သြားခဲ့ပါတယ္။

အဲဒါကေတာ့ ဒီရက္ပိုင္းအတြင္းကမွျဖစ္သြားခဲ့တဲ့ ကာဇက္စတန္က ခ်စ္သူနွစ္ဦးရဲ႕ျဖစ္ရပ္ပါ။ ကာဇက္စတန္က အသက္နွစ္ဆယ္အရြယ္ေက်ာင္းသားေလး Ayan Zhademov ဟာ သူ႔ရဲ႕အသက္ဆယ့္ခုနစ္နွစ္အရြယ္ ေကာင္မေလးကုိခ်စ္တဲ့ အင္အားၾကီးတဲ့ခ်စ္ျခင္းေမတၱာကုိ အလုပ္နဲ႔သက္ေသျပသြားခဲ့တာပါ။Ayan ရဲ႕ ေကာင္မေလးဟာ သူ႔ရဲ႕တကၠသုိလ္ဝင္တန္းစာေမးပြဲအတြက္ အရမ္းကိုစိတ္လႈပ္ရွားျပီး စိိတ္အဆင္မေျပျဖစ္ေနခဲ့ုတာေၾကာင့္ Ayan က ခ်စ္တဲ့စိတ္နဲ႔ ေကာင္မေလးကုိ ဘယ္လိုကူညီရမလဲဆိုတဲ့နည္းလမ္းေပါင္းစံုကိုစဥ္းစားခဲ့ပါတယ္။ အဖက္ဖက္ကစဥ္းစားျပီးတဲ့ေနာက္မွာ Ayan ဟာ ေတာ္ရံုေယာက္်ားေလးေတြလုပ္ဖို႔ဘယ္လိုမွမစဥ္းစားမိမယ့္ ကိစၥၾကီးတစ္ခုကုိၾကံစည္လုပ္ေဆာင္လိုက္ပါေတာ့တယ္။

အဲဒါကေတာ့ မိန္းကေလးလိုဝတ္ျပီး ခ်စ္သူကိုယ္စား စာေမးပြဲသြားေျဖေပးဖို႔ပါပဲ။ Aryan ဟာ အသားအရည္နူးညံ့ေအာင္ တစ္ကုိယ္လံုးကုိ waxing ေတြလုပ္၊မိတ္ကပ္ေတြလိမ္းျပီး သူ႔ေကာင္မေလးနဲ႔ ဆင္တူတဲ့ ဆံပင္တုစြပ္္လို႔ ေက်ာင္းဝတ္စံုဝတ္ျပီး ေကာင္မေလးေယာင္ေဆာင္ျပီး စာေမးပြဲခန္းထဲကို သတၱိရွိရွိနဲ႔ကုိသြားထုိင္ေနခဲ့ပါတယ္။ အဲဒီလိုသြားထုိင္ေနျပီး ခပ္ကုပ္ကုပ္နဲ႔ စာေမးပြဲေျဖေနျပီး အရာအားလံုးအဆင္ေျပေနတဲ့အခ်ိန္မွာပဲ စာေမးပြဲခန္းေစာင့္တဲ့တာဝန္ရွိသူေတြက Ayan ကုိ သတိထားမိျပီး အျခားေက်ာင္းသူတစ္ေယာက္က ဟန္ေဆာင္ျပီးစာေမးပြဲလာေျဖေနတယ္လို႔မသကၤာျဖစ္ျပီး အခန္းေရွ႕ကုိစစ္ေဆးဖို႔ေခၚထုတ္ခဲ့ပါတယ္။ ဒါေပမယ့္ Ayan ရဲ႕စကားေျပာတဲ့အသံကုိုၾကားလိုက္တဲ့အခ်ိန္မွာပဲ အားလံုးထင္ေနသလုိ အျခားေက်ာင္းသူတစ္ေယာက္ကလာေရာက္ဟန္ေဆာင္ေနတာမဟုတ္ပဲ ေယာက္်ားေလးျဖစ္ေနမွန္းအံံ့ၾသတၾကီးသိလုိက္ၾကရပါတယ္။

Ayan အေနနဲ႔ အခုလိုစည္းကမ္းခ်ိဳးေဖာက္ျပီး အျခားတစ္ေယာက္ဟန္ေဆာင္တဲ့အတြက္ ေပါင္ ေထာင့္ေလးရာဒဏ္ေငြရိုက္ခံခဲ့ရျပီး ေကာင္မေလးကေတာ့ စာေမးပြဲေျဖခြင့္အပိတ္ခံခဲ့ရပါတယ္။ ေကာင္မေလးအေနနဲ႔ေနာက္တစ္နွစ္ၾကာမွ ဒီစာေမးပြဲကုိျပန္ေျဖနုိင္ေတာ့မွာပါ။ ဒါေပမယ့္ တစ္ကမၻာလံုးက လူငယ္ေတြၾကားမွာ Ayan ဟာအခ်စ္သူရဲေကာင္းအျဖစ္ေရပန္းစားသြားခဲ့ျပီး Ayan ရဲ႕အခ်စ္အတြက္ စြန္႔လႊတ္စြန္႔စားမႈကို ေလးစားလြန္းလို႔ Ayan ရဲ႕ ဒဏ္ေငြကုိ တစ္ဝက္တိတိအကုန္အက်ခံမယ္ဆုိတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးလည္းေပၚေပါက္လာခဲ့ပါေသးတယ္။ Ayan ကေတာ့ ဒဏ္ေငြအရိုက္ခံရျပီးအရွက္လည္းကြဲရေပမယ့္အခ်စ္အတြက္မို႔လို႔ ေပ်ာ္မဆံုးပါဘူးတဲ့။

ပရိသတ္ၾကီးမွာေရာ ကိ္ုယ့္ကုိဒီလို အရာအားလံုးစြန္႔လႊတ္စြန္႔စားျပီးခ်စ္ေပးမယ့္ ခ်စ္သူေကာင္ေလးရွိျပီလား။ ကုိယ့္ေကာင္မေလးအတြက္ေရာ အခုလိုဘာပဲလုပ္ရလုပ္ရစြန္႔စားမယ္ဆိုတဲ့လူမ်ိဳးေရာရွိလား။ ေကာင္မေလးေတြလည္းကုိယ့္ခ်စ္သူေကာင္ေလးက ကိုယ့္ကုိဒီေလာက္ခ်စ္ရဲ႕လားလို႔ mention ေခၚျပီး ေမးလိုက္ပါဦး။

Credit:Cantwait2say

Unicodeဖြင့်ဖတ်ရန်

မိန်းကလေးလိုဝတ်ပြီး ချစ်သူကိုယ်စား စာမေးပွဲသွားဖြေပေးခဲ့တဲ့ အချစ်သူရဲကောင်းလေး

အချစ်ဆိုတဲ့အရာက တကယ်ကိုထူးဆန်းပါတယ်။ အချစ်ဟာလူတွေကို ရူးမိုက်တဲ့လုပ်ရပ်တွေလုပ်မိစေပြီး ကိုယ့်ချစ်သူအတွက်ဆို ဘာပဲလုပ်ရလုပ်ရအရာအားလုံးကို ပေးဆပ်ပြီးအနစ်နာခံချင်တဲ့စိတ်တွေကိုလည်းတဖွားဖွားပေါ်ပေါက်လာစေတတ်တယ်ဆိုတာ ရိုမီယိုနဲ့ ဂျူးလိယက်လို အန်တိုနီနဲ့ ကလီယိုပတ်ထရာလို၊ ကျန်စစ်သားနဲ့ မဏိစန္ဒာလို ရာဇဝင်ထဲကအချစ်ဇာတ်လမ်းတွေကသက်သေပါပဲ။ ဒါပေမယ့် ဒီနေ့ခေတ်ကြီးမှာတော့ အချစ်ကိုကိုးကွယ်တဲ့လူတွေဆိုတာရှားပါးသွားပြီဖြစ်သလို အချစ်စစ်ကြောင့် တော်ရုံလူတွေမလုပ်နိုင်တဲ့အရာတွေကို ရူးရူးမိုက်မိုက်လုပ်တတ်တဲ့လူတွေဆိုတာလည်း မမြင်ရတော့သလောက်ရှိသွားပြီမို့လောကကြီးမှာ အချစ်စစ်ဆိုတာ တကယ်ရှိနေသေးရဲ့လားဆိုတာတောင် လူတွေကသံသယဖြစ်လာနေကြပါပြီ။ ဒါပေမယ့် တကယ်တမ်း စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ အမှန်တကယ်ရှိနေသေးကြောင်းမီးမောင်းထိုးလိုက်တဲ့ဖြစ်ရပ်တစ်ခုက မကြာသေးမီးက အင်တာနက်ပေါ်မှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။

အဲဒါကတော့ ဒီရက်ပိုင်းအတွင်းကမှဖြစ်သွားခဲ့တဲ့ ကာဇက်စတန်က ချစ်သူနှစ်ဦးရဲ့ဖြစ်ရပ်ပါ။ ကာဇက်စတန်က အသက်နှစ်ဆယ်အရွယ်ကျောင်းသားလေး Ayan Zhademov ဟာ သူ့ရဲ့အသက်ဆယ့်ခုနစ်နှစ်အရွယ် ကောင်မလေးကိုချစ်တဲ့ အင်အားကြီးတဲ့ချစ်ခြင်းမေတ္တာကို အလုပ်နဲ့သက်သေပြသွားခဲ့တာပါ။Ayan ရဲ့ ကောင်မလေးဟာ သူ့ရဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အရမ်းကိုစိတ်လှုပ်ရှားပြီး စိတ်အဆင်မပြေဖြစ်နေခဲ့ုတာကြောင့် Ayan က ချစ်တဲ့စိတ်နဲ့ ကောင်မလေးကို ဘယ်လိုကူညီရမလဲဆိုတဲ့နည်းလမ်းပေါင်းစုံကိုစဉ်းစားခဲ့ပါတယ်။ အဖက်ဖက်ကစဉ်းစားပြီးတဲ့နောက်မှာ Ayan ဟာ တော်ရုံယောက်ျားလေးတွေလုပ်ဖို့ဘယ်လိုမှမစဉ်းစားမိမယ့် ကိစ္စကြီးတစ်ခုကိုကြံစည်လုပ်ဆောင်လိုက်ပါတော့တယ်။

အဲဒါကတော့ မိန်းကလေးလိုဝတ်ပြီး ချစ်သူကိုယ်စား စာမေးပွဲသွားဖြေပေးဖို့ပါပဲ။ Aryan ဟာ အသားအရည်နူးညံ့အောင် တစ်ကိုယ်လုံးကို waxing တွေလုပ်၊မိတ်ကပ်တွေလိမ်းပြီး သူ့ကောင်မလေးနဲ့ ဆင်တူတဲ့ ဆံပင်တုစွပ်လို့ ကျောင်းဝတ်စုံဝတ်ပြီး ကောင်မလေးယောင်ဆောင်ပြီး စာမေးပွဲခန်းထဲကို သတ္တိရှိရှိနဲ့ကိုသွားထိုင်နေခဲ့ပါတယ်။ အဲဒီလိုသွားထိုင်နေပြီး ခပ်ကုပ်ကုပ်နဲ့ စာမေးပွဲဖြေနေပြီး အရာအားလုံးအဆင်ပြေနေတဲ့အချိန်မှာပဲ စာမေးပွဲခန်းစောင့်တဲ့တာဝန်ရှိသူတွေက Ayan ကို သတိထားမိပြီး အခြားကျောင်းသူတစ်ယောက်က ဟန်ဆောင်ပြီးစာမေးပွဲလာဖြေနေတယ်လို့မသင်္ကာဖြစ်ပြီး အခန်းရှေ့ကိုစစ်ဆေးဖို့ခေါ်ထုတ်ခဲ့ပါတယ်။ ဒါပေမယ့် Ayan ရဲ့စကားပြောတဲ့အသံကိုကြားလိုက်တဲ့အချိန်မှာပဲ အားလုံးထင်နေသလို အခြားကျောင်းသူတစ်ယောက်ကလာရောက်ဟန်ဆောင်နေတာမဟုတ်ပဲ ယောက်ျားလေးဖြစ်နေမှန်းအံံ့သြတကြီးသိလိုက်ကြရပါတယ်။

Ayan အနေနဲ့ အခုလိုစည်းကမ်းချိုးဖောက်ပြီး အခြားတစ်ယောက်ဟန်ဆောင်တဲ့အတွက် ပေါင် ထောင့်လေးရာဒဏ်ငွေရိုက်ခံခဲ့ရပြီး ကောင်မလေးကတော့ စာမေးပွဲဖြေခွင့်အပိတ်ခံခဲ့ရပါတယ်။ ကောင်မလေးအနေနဲ့နောက်တစ်နှစ်ကြာမှ ဒီစာမေးပွဲကိုပြန်ဖြေနိုင်တော့မှာပါ။ ဒါပေမယ့် တစ်ကမ္ဘာလုံးက လူငယ်တွေကြားမှာ Ayan ဟာအချစ်သူရဲကောင်းအဖြစ်ရေပန်းစားသွားခဲ့ပြီး Ayan ရဲ့အချစ်အတွက် စွန့်လွှတ်စွန့်စားမှုကို လေးစားလွန်းလို့ Ayan ရဲ့ ဒဏ်ငွေကို တစ်ဝက်တိတိအကုန်အကျခံမယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းပေါ်ပေါက်လာခဲ့ပါသေးတယ်။ Ayan ကတော့ ဒဏ်ငွေအရိုက်ခံရပြီးအရှက်လည်းကွဲရပေမယ့်အချစ်အတွက်မို့လို့ ပျော်မဆုံးပါဘူးတဲ့။

ပရိသတ်ကြီးမှာရော ကိုယ့်ကိုဒီလို အရာအားလုံးစွန့်လွှတ်စွန့်စားပြီးချစ်ပေးမယ့် ချစ်သူကောင်လေးရှိပြီလား။ ကိုယ့်ကောင်မလေးအတွက်ရော အခုလိုဘာပဲလုပ်ရလုပ်ရစွန့်စားမယ်ဆိုတဲ့လူမျိုးရောရှိလား။ ကောင်မလေးတွေလည်းကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကိုဒီလောက်ချစ်ရဲ့လားလို့ mention ခေါ်ပြီး မေးလိုက်ပါဦး။

Credit:Cantwait2say

Leave a Reply

Your email address will not be published. Required fields are marked *