ရည္းစားအေယာက္ ၂၀ ကေပးတဲ့ iphone7 ေတြကို ေရာင္းခ်ၿပီး အိမ္ဝယ္လိုက္တဲ့ မိန္းကေလး

ZawGyiျဖင့္ဖတ္ရန္

ကိုယ္ပိုင္အိမ္ကေလး တစ္လုံးကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ဆိုရင္ အလုပ္ကိုနာရီေပါင္းမ်ားစြာ ပိုမိုႀကိဳးစားၿပီး လုပ္ရမွာပါ။ ဒါေပမယ့္ တ႐ုတ္ႏိုင္ငံက မိန္းကေလးတစ္ေယာက္ကေတာ့ နည္းလမ္းအသစ္ကိုရွာေတြ႕ခဲ့ၿပီး အိမ္တလုံးပိုင္ဆိုင္ေအာင္ ျပဳလုပ္ခဲ့ပါတယ္။ သူမဟာ ရည္းစားအေယာက္ ၂၀ ကို တၿပိဳင္တည္း ထားခဲ့ၿပီး သူမရဲ႕ရည္းစားေတြေပးတဲ့ iPhone 7 အလုံး ၂၀ ကို ေရာင္းခ်ၿပီးေနာက္ အိမ္တလုံးကိုဝယ္ယူခဲ့ပါတယ္။ သူမေရာင္းခ်ခဲ့ ဖုန္းတလုံးစီအတြက္ ယူ႐ိုေပါင္ ၇၂၅ ေလာက္ ရရွိခဲ့ၿပီး စုစုေပါင္း ယူ႐ိုေပါင္ ၁၄၅၀၀ ေလာက္ရရွိခဲ့ပါတယ္။

သူမအလုပ္လုပ္တဲ့ ႐ုံးကလုပ္ေဖာ္ကိုင္ဖက္ေတြကေတာ့ သူမရဲ႕ယခုလုပ္ရပ္အတြက္ Xiaoli ဆိုတဲ့ နာမည္ေျပာင္ကို ေပးခဲ့ၿပီး တ႐ုံးလုံး ဒီအေၾကာင္းပဲ ေျပာေနခဲ့ၾကပါတယ္။ ထို႔ေနာက္ သူမဝယ္ယူခဲ့တဲ့ တ႐ုတ္ေတာင္ပိုင္း shenzhen က အိမ္ကိုေျပာင္းေ႐ႊ႕ေနထိုင္တဲ့အခ်ိန္မွာ သူမဟာပိုၿပီး နာမည္ႀကီးလာပါတယ္။ အဆိုပါအိုင္ဖုန္းေတြကို Hui Shou Bao လို႔ေခၚတဲ့ မိုဘိုင္းဖုန္းေရာင္းခ်တဲ့ ဆိုက္မွာ ေရာင္းခ်ခဲ့တာျဖစ္ၿပီး ယခုလိုသူမဘယ္လိုနည္းနဲ႔ ပိုက္ဆံေတြ ရရွိခဲ့တယ္ဆိုတာကိုလည္း သူမရဲ႕သူငယ္ခ်င္းေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့တာျဖစ္ပါတယ္။

သူမဟာ ဆင္းရဲခ်ိဳ႕တဲ့တဲ့ မိသားစုကေနေမြးဖြားလာတာျဖစ္ပါတယ္။ သူမရဲ႕အေဖဟာ ေ႐ႊ႕ေျပာင္းအလုပ္သမားတစ္ေယာက္ျဖစ္ၿပီး သူမရဲ႕အေမကေတာ့ အလုပ္မလုပ္ပါဘူး။ ယခုလိုဆင္းရဲခ်ိဳ႕တဲ့မႈေၾကာင့္ အိမ္တစ္လုံးပိုင္ဆိုင္ဖို႔ ဖိအားေတြအရမ္းမ်ားခဲ့ၿပီး ယခုလိုျပဳလုပ္ခဲ့တာျဖစ္ႏိုင္ေၾကာင္း လူေတြကေဝဖန္ၾကပါတယ္။ သူမဟာ ေမာင္ႏွမေတြထဲမွာ အႀကီးဆုံးျဖစ္တာေၾကာင့္ မိသားစုရဲ႕လိုအပ္ခ်က္ေတြကို ေျဖရွင္းေပးေနရသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္ လူအေတာ္မ်ားမ်ားကေတာ့ ဒီအေၾကာင္းကို မယုံၾကည္ၾကပါဘူး။ ဒါ့ေၾကာင့္ BBC က ဖုန္းအေရာင္းအဝယ္ဆိုက္ကို ဆက္သြယ္ေမးျမန္ခဲ့ၿပီး သူတို႔ကလည္း အမ်ိဳးသမီးတစ္ေယာက္က အိုင္ဖုန္း အလုံး၂၀ ကို ေရာင္းခ်ခဲ့ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။

LM_Naung_Naung

Credit:Lifestyle_Myanmar

UniCodeဖြင့်ဖတ်ရန်

ရည်းစားအယောက် ၂၀ ကပေးတဲ့ iphone7 တွေကို ရောင်းချပြီး အိမ်ဝယ်လိုက်တဲ့ မိန်းကလေး

ကိုယ်ပိုင်အိမ်ကလေး တစ်လုံးကို ပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုရင် အလုပ်ကိုနာရီပေါင်းများစွာ ပိုမိုကြိုးစားပြီး လုပ်ရမှာပါ။ ဒါပေမယ့် တရုတ်နိုင်ငံက မိန်းကလေးတစ်ယောက်ကတော့ နည်းလမ်းအသစ်ကိုရှာတွေ့ခဲ့ပြီး အိမ်တလုံးပိုင်ဆိုင်အောင် ပြုလုပ်ခဲ့ပါတယ်။ သူမဟာ ရည်းစားအယောက် ၂၀ ကို တပြိုင်တည်း ထားခဲ့ပြီး သူမရဲ့ရည်းစားတွေပေးတဲ့ iPhone 7 အလုံး ၂၀ ကို ရောင်းချပြီးနောက် အိမ်တလုံးကိုဝယ်ယူခဲ့ပါတယ်။ သူမရောင်းချခဲ့ ဖုန်းတလုံးစီအတွက် ယူရိုပေါင် ၇၂၅ လောက် ရရှိခဲ့ပြီး စုစုပေါင်း ယူရိုပေါင် ၁၄၅၀၀ လောက်ရရှိခဲ့ပါတယ်။

သူမအလုပ်လုပ်တဲ့ ရုံးကလုပ်ဖော်ကိုင်ဖက်တွေကတော့ သူမရဲ့ယခုလုပ်ရပ်အတွက် Xiaoli ဆိုတဲ့ နာမည်ပြောင်ကို ပေးခဲ့ပြီး တရုံးလုံး ဒီအကြောင်းပဲ ပြောနေခဲ့ကြပါတယ်။ ထို့နောက် သူမဝယ်ယူခဲ့တဲ့ တရုတ်တောင်ပိုင်း shenzhen က အိမ်ကိုပြောင်းရွှေ့နေထိုင်တဲ့အချိန်မှာ သူမဟာပိုပြီး နာမည်ကြီးလာပါတယ်။ အဆိုပါအိုင်ဖုန်းတွေကို Hui Shou Bao လို့ခေါ်တဲ့ မိုဘိုင်းဖုန်းရောင်းချတဲ့ ဆိုက်မှာ ရောင်းချခဲ့တာဖြစ်ပြီး ယခုလိုသူမဘယ်လိုနည်းနဲ့ ပိုက်ဆံတွေ ရရှိခဲ့တယ်ဆိုတာကိုလည်း သူမရဲ့သူငယ်ချင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့တာဖြစ်ပါတယ်။

သူမဟာ ဆင်းရဲချို့တဲ့တဲ့ မိသားစုကနေမွေးဖွားလာတာဖြစ်ပါတယ်။ သူမရဲ့အဖေဟာ ရွှေ့ပြောင်းအလုပ်သမားတစ်ယောက်ဖြစ်ပြီး သူမရဲ့အမေကတော့ အလုပ်မလုပ်ပါဘူး။ ယခုလိုဆင်းရဲချို့တဲ့မှုကြောင့် အိမ်တစ်လုံးပိုင်ဆိုင်ဖို့ ဖိအားတွေအရမ်းများခဲ့ပြီး ယခုလိုပြုလုပ်ခဲ့တာဖြစ်နိုင်ကြောင်း လူတွေကဝေဖန်ကြပါတယ်။ သူမဟာ မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်တာကြောင့် မိသားစုရဲ့လိုအပ်ချက်တွေကို ဖြေရှင်းပေးနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် လူအတော်များများကတော့ ဒီအကြောင်းကို မယုံကြည်ကြပါဘူး။ ဒါ့ကြောင့် BBC က ဖုန်းအရောင်းအဝယ်ဆိုက်ကို ဆက်သွယ်မေးမြန်ခဲ့ပြီး သူတို့ကလည်း အမျိုးသမီးတစ်ယောက်က အိုင်ဖုန်း အလုံး၂၀ ကို ရောင်းချခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

LM_Naung_Naung

Credit:Lifestyle_Myanmar

Leave a Reply

Your email address will not be published. Required fields are marked *