မသန္စြမ္းဇနီးကို ရသမွ် အစားအစာ ေကၽြးရင္း ကိုယ္တုိင္က တိတ္တိတ္ေလး အငတ္ခံေနခဲ့တဲ့ အဖိုး

Zawgyiျဖင့္ဖတ္ရန္

လူတုိင္းမွာ အခ်စ္တစ္ခု အိမ္ေထာင္တစ္ခု တည္ေထာင္တဲ့ အခါ ဘယ္ေတာ့မွ ခြဲမသြား ပါဘူး၊ ပစ္မထားခဲ့ပါဘူး၊ တသက္လုံး ေစာင့္ေရွာက္ပါ့မယ္ ဆုိတဲ့ ႏႈတ္ကတိေလးေတြ ထုံးစံအတုိင္း ေပးၾကေလ့ ရွိပါတယ္။ ဒါေပမယ့္ အဲဒီကတိစကား ေပးခဲ့တုိင္းသာ တည္ၿမဲရင္ ကမာၻေပၚမွာ ကြာရွင္း ျပတ္ဆဲတဲ့ အိမ္ေထာင္ေရး ဆုိတာ ရွိမွာ မဟုတ္ပါဘူး။

ကတိစကား ေတာ္ေတာ္ မ်ားမ်ားဟာ တာ၀န္ယူမႈ တာ၀န္ခံမႈနဲ႔ ယွဥ္လာတဲ့ အခါမွာ အေျခအေနေပၚမူတည္ၿပီး ႀကီးေလးတဲ့ ၀န္ထုတ္ ၀န္ပုိးႀကီးေတြ ျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ မခြဲပါဘူး ဆုိတဲ့ ကတိတစ္ခုဟာ ခ်စ္သူေတြ၊ အိမ္ေထာင္ဘက္ေတြ ၾကားမွာေတာင္ တည္ဖုိ႔ ခက္ပါတယ္။

ဒါေပမယ့္ အခ်စ္အတြက္ အသက္ကို ေပးခဲ့ၾက သူေတြလည္း ရွိပါတယ္။ အခု သတင္းထဲမွာ ပါတဲ့ ထုိင္းအဖုိးအုိဟာ ေျမြကိုက္ၿပီး အေၾကာေသသြားတဲ့ ဇနီးသည္ကုိ အသက္ေပးကာ တက္ႏုိင္သမွ် ကာကြယ္ေပးေန ရွာပါတယ္။

သူဟာ အိပ္ယာထဲ လဲေနရွာတဲ့ ဇနီးအတြက္ မစားရက္ မေသာက္ရက္ ရလာတဲ့ အစားအစာေတြ အကုန္ေကၽြး သူကိုယ္တုိင္ကေတာ့ ေရေသာက္ ဗုိက္ေမွာက္ၿပီး၊ တစ္ေန႔တစ္ျခား ပိန္လာခဲ့ပါတယ္။တခ်ိဳ႕က တစ္ခုရရင္ တစ္ပိုင္းဆီ စားမယ္ လုိ႔ ဆုိၾကေပမယ့္ ဒီအဖုိးႀကီးကေတာ့ ဘယ္ကိစၥ ကိုယ္မွ သူ႕အတြက္ ေရွ႕တန္းမတင္ဘဲ ဇနီးသည္ကိုသာ ဦးစားေပးခဲ့ သူပါ။

လင္မယား ႏွစ္ေယာက္ဟာ ထုိင္းႏုိင္ငံ Sa Kaeo နယ္ထဲက ေက်းလက္ ကေလးမွာ ခ်ိဳ႕တဲ့စြာ ေနထိုင္ရင္း ဘ၀ေန၀င္ ခ်ိန္ကို လက္ခ်င္းဆုပ္ကိုင္ အတူတူ ေစာင့္ေနခဲ့ၾက ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ အစာေရစာ မစားတာၾကာတဲ့ အဖုိးဟာ လမ္းေကာင္းေကာင္း မေလွ်ာက္ႏုိင္ေတာ့ပါဘူး ။ ဒါကုိ သိတဲ့ ရြာသားေတြဟာ သူတုိ႔ တက္ႏုိင္သေလာက္ အစားအစာေလးေတြ ေပးကမ္းၾကေပမယ့္ ေရရွည္က်ေတာ့ မတက္ႏုိ္င္ၾကပါ။

ဒီေတာ့ အဖုိးအုိဟာ တစ္ေယာက္စာသာ ရတဲ့ အစားအစာကုိ ဇနီးကုိသာ ဦးစားေပး ေကၽြးလွ်က္ ပါဘဲ။ ကံေကာင္းတာက သူတုိ႔ ႏွစ္ေယာက္အေၾကာင္းကုိ သိတဲ့ ပရဟိတ အလွဴရွင္ေတြ ေပၚလာခဲ့ပါတယ္။ အဖြဲ႕အစည္းေတြက လုိေလးေသး မရွိေထာက္ပံ့ဖုိ႔ တာ၀န္ယူခဲ့ၾကၿပီး၊ လူကိုယ္တုိင္ လာေရာက္ လွဴဒါန္းႏုိင္ သူေတြကလည္း လူကိုယ္တုိင္ လာေရာက္ လွဴဒါန္းခဲ့ၾက ပါတယ္။

လူကိုယ္တုိင္ မလွဴႏုိင္တဲ့သူေတြကလည္း လူႀကဳံနဲ႔ တစ္ဆင့္ အလွဴလုပ္ခဲ့ ၾကပါတယ္။ ဒီအတြက္ အဖုိးနဲ႔ အဖြားဟာ အလြန္ ၀မ္းသာေနပါတယ္။ အဖုိးက ” ကၽြန္ေတာ့္မွာ အိမ္ေကာင္းေကာင္း မရွိပါဘူး ဒါေပမယ့္ ကၽြန္ေတာ့္ရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ ႏွလုံးသားကိုေတာ့ ဇနီးအတြက္ အၿပီး အပ္ႏွံၿပီးသားပါ … ကၽြန္ေတာ္ ဒီအတြက္ ေနာင္တ မရပါဘူး”လုိ႔ ေျပာခဲ့ပါတယ္။

သူက ဆက္လက္ၿပီး ” ကၽြန္ေတာ့္မိန္းမ ခႏၶာကိုယ္ ျပန္လည္ သန္စြမ္းလာမယ္လုိ႔ ကၽြန္ေတာ့္ ကေတာ့ ယုံေနပါတယ္။ တကယ္ေတာ့ ဘ၀မွာ တစ္ခုခုေတာ့ ယုံၾကည္ေန သင့္တယ္ေလ “လုိ႔ ေျပာခဲ့ပါတယ္။ ထုိင္းႏုိ္င္ငံ မွာေတာ့ အဖုိးနဲ႔အဖြား တုိ႔ရဲ႕ အခ်စ္ဟာ ႐ုိမီယုိနဲ႔ ဂ်ဴးလီယက္ ပုံျပင္ထက္ ေျပာဖုိ႔ ပုိေကာင္းေနတဲ့ ျဖစ္ရပ္မွန္ ဇာတ္လမ္းေလးပါဘဲ။

Credit:thutazone

Unicodeဖြင့်ဖတ်ရန်

မသန်စွမ်းဇနီးကို ရသမျှ အစားအစာ ကျွေးရင်း ကိုယ်တိုင်က တိတ်တိတ်လေး အငတ်ခံနေခဲ့တဲ့ အဖိုး

လူတိုင်းမှာ အချစ်တစ်ခု အိမ်ထောင်တစ်ခု တည်ထောင်တဲ့ အခါ ဘယ်တော့မှ ခွဲမသွား ပါဘူး၊ ပစ်မထားခဲ့ပါဘူး၊ တသက်လုံး စောင့်ရှောက်ပါ့မယ် ဆိုတဲ့ နှုတ်ကတိလေးတွေ ထုံးစံအတိုင်း ပေးကြလေ့ ရှိပါတယ်။ ဒါပေမယ့် အဲဒီကတိစကား ပေးခဲ့တိုင်းသာ တည်မြဲရင် ကမ္ဘာပေါ်မှာ ကွာရှင်း ပြတ်ဆဲတဲ့ အိမ်ထောင်ရေး ဆိုတာ ရှိမှာ မဟုတ်ပါဘူး။

ကတိစကား တော်တော် များများဟာ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ယှဉ်လာတဲ့ အခါမှာ အခြေအနေပေါ်မူတည်ပြီး ကြီးလေးတဲ့ ဝန်ထုတ် ဝန်ပိုးကြီးတွေ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် မခွဲပါဘူး ဆိုတဲ့ ကတိတစ်ခုဟာ ချစ်သူတွေ၊ အိမ်ထောင်ဘက်တွေ ကြားမှာတောင် တည်ဖို့ ခက်ပါတယ်။

ဒါပေမယ့် အချစ်အတွက် အသက်ကို ပေးခဲ့ကြ သူတွေလည်း ရှိပါတယ်။ အခု သတင်းထဲမှာ ပါတဲ့ ထိုင်းအဖိုးအိုဟာ မြွေကိုက်ပြီး အကြောသေသွားတဲ့ ဇနီးသည်ကို အသက်ပေးကာ တက်နိုင်သမျှ ကာကွယ်ပေးနေ ရှာပါတယ်။

သူဟာ အိပ်ယာထဲ လဲနေရှာတဲ့ ဇနီးအတွက် မစားရက် မသောက်ရက် ရလာတဲ့ အစားအစာတွေ အကုန်ကျွေး သူကိုယ်တိုင်ကတော့ ရေသောက် ဗိုက်မှောက်ပြီး၊ တစ်နေ့တစ်ခြား ပိန်လာခဲ့ပါတယ်။တချို့က တစ်ခုရရင် တစ်ပိုင်းဆီ စားမယ် လို့ ဆိုကြပေမယ့် ဒီအဖိုးကြီးကတော့ ဘယ်ကိစ္စ ကိုယ်မှ သူ့အတွက် ရှေ့တန်းမတင်ဘဲ ဇနီးသည်ကိုသာ ဦးစားပေးခဲ့ သူပါ။

လင်မယား နှစ်ယောက်ဟာ ထိုင်းနိုင်ငံ Sa Kaeo နယ်ထဲက ကျေးလက် ကလေးမှာ ချို့တဲ့စွာ နေထိုင်ရင်း ဘဝနေဝင် ချိန်ကို လက်ချင်းဆုပ်ကိုင် အတူတူ စောင့်နေခဲ့ကြ ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အစာရေစာ မစားတာကြာတဲ့ အဖိုးဟာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး ။ ဒါကို သိတဲ့ ရွာသားတွေဟာ သူတို့ တက်နိုင်သလောက် အစားအစာလေးတွေ ပေးကမ်းကြပေမယ့် ရေရှည်ကျတော့ မတက်နိုင်ကြပါ။

ဒီတော့ အဖိုးအိုဟာ တစ်ယောက်စာသာ ရတဲ့ အစားအစာကို ဇနီးကိုသာ ဦးစားပေး ကျွေးလျှက် ပါဘဲ။ ကံကောင်းတာက သူတို့ နှစ်ယောက်အကြောင်းကို သိတဲ့ ပရဟိတ အလှူရှင်တွေ ပေါ်လာခဲ့ပါတယ်။ အဖွဲ့အစည်းတွေက လိုလေးသေး မရှိထောက်ပံ့ဖို့ တာဝန်ယူခဲ့ကြပြီး၊ လူကိုယ်တိုင် လာရောက် လှူဒါန်းနိုင် သူတွေကလည်း လူကိုယ်တိုင် လာရောက် လှူဒါန်းခဲ့ကြ ပါတယ်။

လူကိုယ်တိုင် မလှူနိုင်တဲ့သူတွေကလည်း လူကြုံနဲ့ တစ်ဆင့် အလှူလုပ်ခဲ့ ကြပါတယ်။ ဒီအတွက် အဖိုးနဲ့ အဖွားဟာ အလွန် ဝမ်းသာနေပါတယ်။ အဖိုးက ” ကျွန်တော့်မှာ အိမ်ကောင်းကောင်း မရှိပါဘူး ဒါပေမယ့် ကျွန်တော့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ နှလုံးသားကိုတော့ ဇနီးအတွက် အပြီး အပ်နှံပြီးသားပါ … ကျွန်တော် ဒီအတွက် နောင်တ မရပါဘူး”လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး ” ကျွန်တော့်မိန်းမ ခန္ဓာကိုယ် ပြန်လည် သန်စွမ်းလာမယ်လို့ ကျွန်တော့် ကတော့ ယုံနေပါတယ်။ တကယ်တော့ ဘဝမှာ တစ်ခုခုတော့ ယုံကြည်နေ သင့်တယ်လေ “လို့ ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံ မှာတော့ အဖိုးနဲ့အဖွား တို့ရဲ့ အချစ်ဟာ ရိုမီယိုနဲ့ ဂျူးလီယက် ပုံပြင်ထက် ပြောဖို့ ပိုကောင်းနေတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါဘဲ။

Credit:thutazone

Leave a Reply

Your email address will not be published. Required fields are marked *