အြန္လိုင္းေပၚက ရည္းစားကို လက္ထက္တဲ့အခ်ိန္က်မွ သူေဌးႀကီးမွန္း သိခဲ့တဲ့ အမ်ိဳးသမီး

Zawgyiျဖင့္ဖတ္ရန္

အြန္လိုင္းေပၚကေန သမီးရည္းစားေတြျဖစ္ၾကၿပီး အျပင္မွာ ေတြ႔ေတာ့မွ ထိတ္လန္႔ဖြယ္အျဖစ္အပ်က္ေတြ ျဖစ္ပြားရတဲ့ ျဖစ္ရပ္မ်ိဳးေတြကို ၾကားဖူးေကာင္း ၾကားဖူးမွာပါ။ ဒါေပမယ့္ အခုျဖစ္ရပ္ေလးကေတာ့ အြန္လိုင္းကေန ရည္းစားထားတဲ့အခါ ဖူးစာဖက္ေကာင္းရမွာ မဟုတ္ဘူးဆိုတဲ့ အျမင္ကို ေျပာင္းလဲသြားေစႏိုင္တဲ့ ျဖစ္ရပ္ေလးပါ။ ငုယင္ဗန္အန္း အမည္ရတဲ့ ဗီယက္နမ္အမ်ိဳးသမီးေလးတစ္ဦးဟာ သူမရဲ႕ အမ်ိဳးသားျဖစ္သူနဲ႔ ဆုိရွယ္မီဒီယာေပၚမွာ ဆံုေတြ႔ခဲ့ပါတယ္။ ဆံုေတြ႔ၿပီးလို႔ (၁၀) လအၾကာမွာပဲ သူမဟာ ထိုအမ်ိဳးသားနဲ႔ လက္ထပ္ခဲ့ပါတယ္။

QQ News အရ ဗန္အန္းဟာ (၂၀၁၅) ခုႏွစ္မွာ ဟႏိြဳင္းသိပံၸနဲ႔ နည္းပညာတကၠသိုလ္ကေန ထူးခြ်န္စြာေအာင္ျမင္ခဲ့ပါတယ္။ (၂၀၁၆) ခုႏွစ္ ေမလမွာေတာ့ သူမဟာ ဆုိရွယ္မီဒီယာေပၚမွာ သူမအသည္းစြဲ အိုင္ေဒါတစ္ေယာက္နဲ႔ ဓာတ္ပံုတြဲရိုက္ထားတဲ့ အမ်ိဳးသားတစ္ဦးကို ေတြ႔လိုက္ရပါတယ္။ ဗန္အန္းဟာ သူမအိုင္ေဒါနဲ႔ သိကြ်မ္းခြင့္ရခ်င္တာေၾကာင့္ ဓာတ္ပံုထဲက အမ်ိဳးသားကို အိုင္ေဒါနဲ႔သိ၊ မသိ ေမးျမန္းကာ သိခဲ့ရင္ သူမနဲ႔မိတ္ဆက္ေပးဖို႔ စာပို႔ၿပီး အကူအညီေတာင္းခဲ့ပါတယ္။

သူမစာပို႔တဲ့ သူကေတာ့ ဒန္တြမ္ပါ။ ဒန္တြမ္က ဗန္အန္းရဲ႕ အိုင္ေဒါနဲ႔ မရင္းႏွီးေၾကာင္း စာျပန္ေပးပို႔ခဲ့ပါတယ္။ ဒီလိုနဲ႔ ဘာရယ္မဟုတ္ပဲ ႏွစ္ဦးသား စကားေျပာဆိုရင္း တစစနဲ႔ ရင္းႏီွးလာခဲ့ၾကပါတယ္။ ဒန္တြမ္က သူဟာ ရုရွားမွာေနထိုင္ေနတဲ့ ဗီယက္နမ္အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ရုရွားမွာ အလုပ္လုပ္ေနေၾကာင္း ဆိုပါတယ္။ (၂၀၁၆) ႏို၀င္ဘာလ ေရာက္တဲ့အခါမွာေတာ့ တစ္ဦးနဲ႔တစ္ဦး ေမတၱာမွ်ခဲ့ၿပီး အြန္လိုင္းေပၚမွာပဲ ခ်စ္ၾကိဳက္ခဲ့ၾကပါတယ္။

LDRS အျဖစ္နဲ႔ (၁၀) လၾကာၿပီးတဲ့အခါ ႏွစ္ဦးသားဟာ လက္ထပ္ဖို႔အထိ ဆံုးျဖတ္ခဲ့ၾကပါတယ္။ ဗန္အန္းရဲ႕မိဘေတြကေတာ့ ဒီသတင္းကို ၾကားၾကားခ်င္းမွာ သေဘာမတူခဲ့ၾကပါဘူး။ အြန္လိုင္းမွာ ေတြ႔တဲ့သူေတြက မယံုၾကည္ရေၾကာင္းနဲ႔ ေနာင္မွာ ေနာင္တရလိမ့္မယ္လို႔ၿပီး မိဘေတြက ဆိုခဲ့ၾကပါတယ္။ ဒီသတင္းၾကားတဲ့အခါ ဒန္တြမ္ဟာ ဗီယက္နမ္ကို ေလယာဥ္ခရီးနဲ႔ လာၿပီး ဗန္အားရဲ႕မိဘေတြကို ေတြ႔ဆံုကာ ဗန္အားကို လက္ထပ္ဖို႔ ေတာင္းရမ္းခဲ့ပါတယ္။ ေကာင္မေလးရဲ႕ မိဘေတြက အစပိုင္းမွာ လက္မခံေပမယ့္ ဗန္အားနဲ႔ ဒန္တြမ္က အေလ်ာ့မေပးတာေၾကာင့္ ေနာက္ပိုင္းမွာ လက္ထပ္ဖို႔ ခြင့္ျပဳခဲ့ၾကပါတယ္။

မိဘေတြဆီက ခြင့္ျပဳခ်က္ရတဲ့အခါ ဗန္အားဟာ အေပ်ာ္လြန္ၿပီး (၂၀၁၇) ခုႏွစ္ မတ္လမွာ မဂၤလာပြဲအတြက္ ေဆြးေႏြးဖို႔ ရုရွားကို သြားေရာက္ခဲ့ပါတယ္။ ရုရွားေရာက္တဲ့အခါ သိလိုက္ရတာက သူမရဲ႕ ခ်စ္သူဟာ သာမန္လူတစ္ေယာက္မဟုတ္ပဲ ခ်မ္းသာၾကြယ္၀တဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ ျဖစ္ေနတာကိုပါ။ ဒန္တြမ္ဟာ သမီးရည္းစားဘ၀မွာ သူ႔ရဲ႕ ခ်မ္းသာၾကြယ္၀မႈေတြကို ဗန္အားဆီ အသိမေပးပဲ လွ်ိဳ႕၀ွက္ထားခဲ့တာ ျဖစ္ပါတယ္။ (၂၀၁၇) ခုႏွစ္မွာေတာ့ ဗန္အားနဲ႔ ဒန္တြမ္ဟာဟႏိြဳင္းက ၾကယ္ငါးပြင့္ဟုိတယ္ၾကီးမွာ ၾကီးက်ယ္ခမ္းနားစြာ မဂၤလာေဆာင္ခဲ့ၾကပါတယ္။ အခုဆိုရင္ အြန္လိုင္းကေန ဖူးစာဆံုခဲ့တဲ့ ၾကည္ႏူးစရာေကာင္းတဲ့ သူတို႔စံုတြဲဟာ ရုရွားမွာပဲ အေျခခ်ေနထိုင္ေနၿပီး ကေလးႏွစ္ေယာက္ေတာင္ ရေနၿပီလို႔ သိရပါတယ္။

Ref: worldofbuzz

Credit:လင္းလင္း (ShweMom)

Unicodeဖြင့်ဖတ်ရန်

အွန်လိုင်းပေါ်က ရည်းစားကို လက်ထက်တဲ့အချိန်ကျမှ သူဌေးကြီးမှန်း သိခဲ့တဲ့ အမျိုးသမီး

အွန်လိုင်းပေါ်ကနေ သမီးရည်းစားတွေဖြစ်ကြပြီး အပြင်မှာ တွေ့တော့မှ ထိတ်လန့်ဖွယ်အဖြစ်အပျက်တွေ ဖြစ်ပွားရတဲ့ ဖြစ်ရပ်မျိုးတွေကို ကြားဖူးကောင်း ကြားဖူးမှာပါ။ ဒါပေမယ့် အခုဖြစ်ရပ်လေးကတော့ အွန်လိုင်းကနေ ရည်းစားထားတဲ့အခါ ဖူးစာဖက်ကောင်းရမှာ မဟုတ်ဘူးဆိုတဲ့ အမြင်ကို ပြောင်းလဲသွားစေနိုင်တဲ့ ဖြစ်ရပ်လေးပါ။ ငုယင်ဗန်အန်း အမည်ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ဦးဟာ သူမရဲ့ အမျိုးသားဖြစ်သူနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ဆုံတွေ့ခဲ့ပါတယ်။ ဆုံတွေ့ပြီးလို့ (၁၀) လအကြာမှာပဲ သူမဟာ ထိုအမျိုးသားနဲ့ လက်ထပ်ခဲ့ပါတယ်။

QQ News အရ ဗန်အန်းဟာ (၂၀၁၅) ခုနှစ်မှာ ဟနွိုင်းသိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကနေ ထူးချွန်စွာအောင်မြင်ခဲ့ပါတယ်။ (၂၀၁၆) ခုနှစ် မေလမှာတော့ သူမဟာ ဆိုရှယ်မီဒီယာပေါ်မှာ သူမအသည်းစွဲ အိုင်ဒေါတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်ထားတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရပါတယ်။ ဗန်အန်းဟာ သူမအိုင်ဒေါနဲ့ သိကျွမ်းခွင့်ရချင်တာကြောင့် ဓာတ်ပုံထဲက အမျိုးသားကို အိုင်ဒေါနဲ့သိ၊ မသိ မေးမြန်းကာ သိခဲ့ရင် သူမနဲ့မိတ်ဆက်ပေးဖို့ စာပို့ပြီး အကူအညီတောင်းခဲ့ပါတယ်။

သူမစာပို့တဲ့ သူကတော့ ဒန်တွမ်ပါ။ ဒန်တွမ်က ဗန်အန်းရဲ့ အိုင်ဒေါနဲ့ မရင်းနှီးကြောင်း စာပြန်ပေးပို့ခဲ့ပါတယ်။ ဒီလိုနဲ့ ဘာရယ်မဟုတ်ပဲ နှစ်ဦးသား စကားပြောဆိုရင်း တစစနဲ့ ရင်းနှီးလာခဲ့ကြပါတယ်။ ဒန်တွမ်က သူဟာ ရုရှားမှာနေထိုင်နေတဲ့ ဗီယက်နမ်အမျိုးသားတစ်ဦးဖြစ်ပြီး ရုရှားမှာ အလုပ်လုပ်နေကြောင်း ဆိုပါတယ်။ (၂၀၁၆) နိုဝင်ဘာလ ရောက်တဲ့အခါမှာတော့ တစ်ဦးနဲ့တစ်ဦး မေတ္တာမျှခဲ့ပြီး အွန်လိုင်းပေါ်မှာပဲ ချစ်ကြိုက်ခဲ့ကြပါတယ်။

LDRS အဖြစ်နဲ့ (၁၀) လကြာပြီးတဲ့အခါ နှစ်ဦးသားဟာ လက်ထပ်ဖို့အထိ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဗန်အန်းရဲ့မိဘတွေကတော့ ဒီသတင်းကို ကြားကြားချင်းမှာ သဘောမတူခဲ့ကြပါဘူး။ အွန်လိုင်းမှာ တွေ့တဲ့သူတွေက မယုံကြည်ရကြောင်းနဲ့ နောင်မှာ နောင်တရလိမ့်မယ်လို့ပြီး မိဘတွေက ဆိုခဲ့ကြပါတယ်။ ဒီသတင်းကြားတဲ့အခါ ဒန်တွမ်ဟာ ဗီယက်နမ်ကို လေယာဉ်ခရီးနဲ့ လာပြီး ဗန်အားရဲ့မိဘတွေကို တွေ့ဆုံကာ ဗန်အားကို လက်ထပ်ဖို့ တောင်းရမ်းခဲ့ပါတယ်။ ကောင်မလေးရဲ့ မိဘတွေက အစပိုင်းမှာ လက်မခံပေမယ့် ဗန်အားနဲ့ ဒန်တွမ်က အလျော့မပေးတာကြောင့် နောက်ပိုင်းမှာ လက်ထပ်ဖို့ ခွင့်ပြုခဲ့ကြပါတယ်။

မိဘတွေဆီက ခွင့်ပြုချက်ရတဲ့အခါ ဗန်အားဟာ အပျော်လွန်ပြီး (၂၀၁၇) ခုနှစ် မတ်လမှာ မင်္ဂလာပွဲအတွက် ဆွေးနွေးဖို့ ရုရှားကို သွားရောက်ခဲ့ပါတယ်။ ရုရှားရောက်တဲ့အခါ သိလိုက်ရတာက သူမရဲ့ ချစ်သူဟာ သာမန်လူတစ်ယောက်မဟုတ်ပဲ ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေတာကိုပါ။ ဒန်တွမ်ဟာ သမီးရည်းစားဘဝမှာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဗန်အားဆီ အသိမပေးပဲ လျှို့ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ်မှာတော့ ဗန်အားနဲ့ ဒန်တွမ်ဟာဟနွိုင်းက ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ခဲ့ကြပါတယ်။ အခုဆိုရင် အွန်လိုင်းကနေ ဖူးစာဆုံခဲ့တဲ့ ကြည်နူးစရာကောင်းတဲ့ သူတို့စုံတွဲဟာ ရုရှားမှာပဲ အခြေချနေထိုင်နေပြီး ကလေးနှစ်ယောက်တောင် ရနေပြီလို့ သိရပါတယ်။

Ref: worldofbuzz

Credit:လင်းလင်း (ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *