နာနတ္သီးေရာင္းေကာင္းေစဖို႔ ဆံပင္ကို နာနတ္သီးပုံစံညႇပ္ခဲ့သူ၊ တကယ္လည္း အလုပ္ျဖစ္ခဲ့

Zawgyi ျဖင့္ဖတ္ရန္

တ႐ုတ္ႏိုင္ငံ၊ Guangxi Zhuang စီရင္စု၊ Nanning မွာ နာနတ္သီးေရာင္းခ်မႈကို (၆)ႏွစ္ေက်ာ္ ျဖတ္သန္းခဲ့တဲ့ Su အမည္ရ အမ်ိဳးသားဟာ ယခုႏွစ္မွာေတာ့ နာနတ္သီးေရာင္းခ်မႈ မဟာဗ်ဴဟာကို ေျပာင္းလဲလိုက္ပါတယ္။ အဲဒါကေတာ့ သူရဲ႕ ဆံပင္ပုံစံကို ေျပာင္းလိုက္တာ ျဖစ္ပါတယ္။ ဒီအေၾကာင္းကိုေတာ့ တ႐ုတ္ျပည္တြင္းမီဒီယာတစ္ခုျဖစ္တဲ့ shanghaiist မွာ ေဖာ္ျပခဲ့တာပါ။

ဆံပင္ပုံစံကို နာနတ္သီးပုံစံ ေျပာင္းလိုက္တဲ့အတြက္ နာနတ္သီးေရာင္းခ်ရမႈမွာ အေတာ္ေလးကို အဆင္ေျပသြားပါတယ္။ သူဟာ ေမလတုန္းကတည္းက နာနတ္သီးပုံစံ ဆံပင္ေျပာင္းခဲ့တာပါ။ ဆိုးေဆးကိုလည္း နာနတ္သီးနဲ႔တစ္ထပ္တည္းျဖစ္ေအာင္ ဆိုးခဲ့တာပါ။

ဒီဆံပင္ပုံစံဟာ ဘယ္ေလာက္အထိ အက်ိဳးရွိေစသလဲဆိုရင္ အရင္က သူဟာ တစ္ရက္ကို နာနတ္သီး အလုံးေပါင္း (၂၃၀) ေရာင္းရပါသတဲ့။ ဒီပမာဏဟာ အေတာ္ကို ေဈးေရာင္းေကာင္းတဲ့ ပမာဏပါ။ အေလးခ်ိန္နဲ႔ဆိုရင္ေတာ့ (၄၅၉)ကီလိုဂရမ္ရွိၿပီး၊ တစ္လုံးကို ပ်မ္းမွ် (၂)ကီလိုဂရမ္ ေလးပါတယ္။ ဒါကို Su က ေရာင္းမေကာင္းဘူး ေတြးပုံပါဘဲ။

နာနတ္သီးဆံပင္ပုံစံ ညႇပ္ၿပီးေနာက္မွာ သူဟာ နာနတ္သီး(၃၀၀)ေလာက္အထိ တစ္ေန႔တည္း ေရာင္းကုန္တဲ့အထိ ျဖစ္လာခဲ့ပါတယ္။ သူဟာ အေတာ္ေလး အံ့ၾသေနၿပီး၊ တစ္ရက္ကို မူလေရာင္းကုန္ထက္ နာနတ္သီး အလုံး(၇၀)ေလာက္ တိုးၿပီး ေရာင္းခဲ့ရတဲ့သေဘာပါ။

အခုဆိုရင္ Su ဟာ သူတို႔ရပ္ကြက္ထဲမွာတာ့ “နာနတ္သီးအစ္ကိုႀကီး”ဆိုၿပီး နာမည္ႀကီးလာတဲ့အထိပါ။ ဒါဟာ သူရဲ႕ ေျပာင္းလဲလိုက္တဲ့ ဆံပင္ပုံစံေၾကာင့္၊ ေဈးကြက္သာမက၊ လူမႈေရးနယ္ပယ္မွာ ေအာင္ျမင္လာတဲ့သေဘာျဖစ္ပါတယ္။ တစ္ခါတေလ ထင္မွတ္မထားတဲ့ ဗ်ဴဟာေလးတစ္ခုက တစ္စုံတစ္ခုအတြက္ ႀကီးမားတဲ့ ေျဖရွင္းမႈလည္းျဖစ္သြားႏိုင္ပါတယ္။

share from : burmese.asia

Unicode ဖြင့်ဖတ်ရန်

နာနတ်သီးရောင်းကောင်းစေဖို့ ဆံပင်ကို နာနတ်သီးပုံစံညှပ်ခဲ့သူ၊ တကယ်လည်း အလုပ်ဖြစ်ခဲ့

တရုတ်နိုင်ငံ၊ Guangxi Zhuang စီရင်စု၊ Nanning မှာ နာနတ်သီးရောင်းချမှုကို (၆)နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ Su အမည်ရ အမျိုးသားဟာ ယခုနှစ်မှာတော့ နာနတ်သီးရောင်းချမှု မဟာဗျူဟာကို ပြောင်းလဲလိုက်ပါတယ်။ အဲဒါကတော့ သူရဲ့ ဆံပင်ပုံစံကို ပြောင်းလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ တရုတ်ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ shanghaiist မှာ ဖော်ပြခဲ့တာပါ။

ဆံပင်ပုံစံကို နာနတ်သီးပုံစံ ပြောင်းလိုက်တဲ့အတွက် နာနတ်သီးရောင်းချရမှုမှာ အတော်လေးကို အဆင်ပြေသွားပါတယ်။ သူဟာ မေလတုန်းကတည်းက နာနတ်သီးပုံစံ ဆံပင်ပြောင်းခဲ့တာပါ။ ဆိုးဆေးကိုလည်း နာနတ်သီးနဲ့တစ်ထပ်တည်းဖြစ်အောင် ဆိုးခဲ့တာပါ။

ဒီဆံပင်ပုံစံဟာ ဘယ်လောက်အထိ အကျိုးရှိစေသလဲဆိုရင် အရင်က သူဟာ တစ်ရက်ကို နာနတ်သီး အလုံးပေါင်း (၂၃၀) ရောင်းရပါသတဲ့။ ဒီပမာဏဟာ အတော်ကို ဈေးရောင်းကောင်းတဲ့ ပမာဏပါ။ အလေးချိန်နဲ့ဆိုရင်တော့ (၄၅၉)ကီလိုဂရမ်ရှိပြီး၊ တစ်လုံးကို ပျမ်းမျှ (၂)ကီလိုဂရမ် လေးပါတယ်။ ဒါကို Su က ရောင်းမကောင်းဘူး တွေးပုံပါဘဲ။

နာနတ်သီးဆံပင်ပုံစံ ညှပ်ပြီးနောက်မှာ သူဟာ နာနတ်သီး(၃၀၀)လောက်အထိ တစ်နေ့တည်း ရောင်းကုန်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ သူဟာ အတော်လေး အံ့သြနေပြီး၊ တစ်ရက်ကို မူလရောင်းကုန်ထက် နာနတ်သီး အလုံး(၇၀)လောက် တိုးပြီး ရောင်းခဲ့ရတဲ့သဘောပါ။

အခုဆိုရင် Su ဟာ သူတို့ရပ်ကွက်ထဲမှာတာ့ “နာနတ်သီးအစ်ကိုကြီး”ဆိုပြီး နာမည်ကြီးလာတဲ့အထိပါ။ ဒါဟာ သူရဲ့ ပြောင်းလဲလိုက်တဲ့ ဆံပင်ပုံစံကြောင့်၊ ဈေးကွက်သာမက၊ လူမှုရေးနယ်ပယ်မှာ အောင်မြင်လာတဲ့သဘောဖြစ်ပါတယ်။ တစ်ခါတလေ ထင်မှတ်မထားတဲ့ ဗျူဟာလေးတစ်ခုက တစ်စုံတစ်ခုအတွက် ကြီးမားတဲ့ ဖြေရှင်းမှုလည်းဖြစ်သွားနိုင်ပါတယ်။

share from : burmese.asia

Leave a Reply

Your email address will not be published. Required fields are marked *