အာဖရိကန္မေလးကို ခ်စ္မိလုိ႔၊ မိဘေတြဘက္က လက္ခံေအာင္ ခက္ခက္ခဲခဲ ႀကိဳးစားခဲ့ရသူ

Zawgyiျဖင့္ဖတ္ရန္

လူတစ္ေယာက္ကို တစ္ေယာက္က ခ်စ္တာဟာ အမ်ားအားျဖင့္ေတာ့ ျပႆနာ တစ္စုံတရာမရွိႏုိင္ပါဘူး။ ဒါေပမယ့္ လူမ်ိဳးေရးအဆင့္အတန္း ခြဲၾကားမႈ ႀကီးမားလွတဲ့ လူေနမႈအဖြဲ႕အစည္းႀကီးေတြထဲမွာတာ့ အသားေရာင္ကြဲျပားမႈ၊ မတူညီတဲ့ ယဥ္ေက်းမႈေတြဟာ ႀကီးမားတဲ့ ျပႆနာႀကီးေတြ ျဖစ္ေကာင္း ျဖစ္လာႏုိင္ပါတယ္။

အခုလည္း ေဟာင္ေကာင္စကၤာပူ ကျပားတစ္ဦးနဲ႔ အာဖရိကမေလးတုိ႔ရဲ႕အခ်စ္ေရးကို ကာယကံရွင္ျဖစ္တဲ့ အမ်ိဳးသားက လူမႈကြန္ရက္ေပၚမွာ ျပန္လည္မွ်ေဝခဲ့ပါတယ္။

အမ်ိဳဳးသားရဲဲ႕အမည္ကေတာ့ Clarence Tan ျဖစ္ၿပီး အေမရိကန္မွာ ေနပါတယ္။ ေကာင္မေလးအမည္က Edna ပါ။ သူမကေတာ့ ဂါနာႏုိင္ငံသူျဖစ္ပါတယ္။ Tan ဟာ Edna နဲ႔ စတင္ Date ၿပီဆုိကတည္းက မိဘေတြက ဆန္႕က်င္တာကို ခံခဲ့ရပါတယ္။ အထူးသျဖင့္ သူ႕အေဖေပါ့။ သူ႕အေဖက လူမ်ိဳးေရးေတြဘာေတြဆုိတာထက္ အေၾကာင္းျပခ်က္ ႏွစ္မ်ိဳးနဲ႔ ကန္႔ကြက္ခဲ့ပါတယ္။

ပထမအေၾကာင္းျပခ်က္ကေတာ့ ယဥ္ေက်းမႈမတူညီျခင္း၊ ဒုတိယကေတာ့ အာရွလုိ လူမ်ိဳးေရးခြဲျခားတဲ့ နယ္ပယ္မွာ ဒီလုိလင္မယား စီးပြားေရးလုပ္မယ္ဆုိရင္ ေသခ်ာေပါက္ က်႐ႈံးဖုိ႔ ျဖစ္လိမ့္မယ္လုိ႔ အေၾကာင္းျပခဲ့တာပါ။ တကယ္လုိ႔ Tan က နားမေထာင္ဘဲ Edna ကုိ ဇြတ္ယူမယ္ဆုိရင္ မိဘေတြက ေကာင္းခ်ီးေပးမွာ မဟုတ္ေၾကာင္း ေျပာပါသတဲ့။

အဲဒီေနာက္ Tan ဟာ Edna ကုိ ေန႔တုိင္းအိမ္အလည္ေခၚပါေတာ့တယ္။ ပထမေတာ့ မိဘေတြက ေရွာင္ဖယ္ေရွာင္ဖယ္လုပ္လုိ႔ Edna ကလည္း စိတ္မေကာင္းသလုိ၊ ေနာက္ မလုိက္ခ်င္ေၾကာင္း စသျဖင့္ ခ်စ္သူ Tan နဲ႔ မၾကာခဏ စကားမ်ားရပါတယ္။ သူမကိုယ္တုိင္က မိဘေတြ မၾကည္ျဖဴတာကို စိတ္ထဲမေကာင္းသလုိ ဝမ္းလည္း နည္းေနပုံပါ။

ဒါေပမယ့္ တျဖည္းျဖည္း အႀကိမ္ေရမ်ားလာတဲ့အခါ Tan ရဲ႕မိဘေတြက Edna ကုိ လိမၼာေရးျခားရွိသူ၊ အလုိက္သိသူ၊ ဉာဏ္ေကာင္းသူ၊ ႐ုိးသားယဥ္ေက်းသူအျဖစ္ ႐ႈျမင္လာၾကပါေတာ့တယ္။ Tan ဟာ Edna ရဲ႕ အကူအညီနဲ႔ ကိုယ္ပိုင္ကုမၸဏီလည္း ေထာင္ႏုိင္ခဲ့ၿပီျဖစ္ၿပီး၊ ေနာက္ဆုံး Tan ရဲ႕မိဘေတြက လုိလုိခ်င္ခ်င္ မီးစိမ္းျပလုိက္ပါေတာ့တယ္။

သူ႕အေနနဲ႔ အလြန္ကို ခက္ခဲ့တဲ့အလုပ္တစ္ခုကို (၁၀၀)%ေအာင္ျမင္ေအာင္ လုပ္ႏုိင္ခဲ့တာျဖစ္ၿပီး၊ Edna လုိ အမ်ိဳးသမီးတစ္ေယာက္အတြက္ အခုလုိ လုပ္ေပးခဲ့ရတာကလည္း ထုိက္တန္ပါတယ္လုိ႔ ေျပာခဲ့ပါတယ္။ သူတုိ႔ဟာ မၾကာေသးမီက မဂၤလာပြဲ က်င္းပႏုိင္ခဲ့ၿပီး၊ သာယာတဲ့အနာဂတ္ခရီးလမ္းကို အတူတူ ေလွ်ာက္လွမ္းေနၾကပါၿပီ။

ေနသူရိန္

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

အာဖရိကန်မလေးကို ချစ်မိလို့၊ မိဘတွေဘက်က လက်ခံအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရသူ

လူတစ်ယောက်ကို တစ်ယောက်က ချစ်တာဟာ အများအားဖြင့်တော့ ပြဿနာ တစ်စုံတရာမရှိနိုင်ပါဘူး။ ဒါပေမယ့် လူမျိုးရေးအဆင့်အတန်း ခွဲကြားမှု ကြီးမားလှတဲ့ လူနေမှုအဖွဲ့အစည်းကြီးတွေထဲမှာတာ့ အသားရောင်ကွဲပြားမှု၊ မတူညီတဲ့ ယဉ်ကျေးမှုတွေဟာ ကြီးမားတဲ့ ပြဿနာကြီးတွေ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

အခုလည်း ဟောင်ကောင်စင်္ကာပူ ကပြားတစ်ဦးနဲ့ အာဖရိကမလေးတို့ရဲ့အချစ်ရေးကို ကာယကံရှင်ဖြစ်တဲ့ အမျိုးသားက လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

အမျိုုးသားရဲ့အမည်ကတော့ Clarence Tan ဖြစ်ပြီး အမေရိကန်မှာ နေပါတယ်။ ကောင်မလေးအမည်က Edna ပါ။ သူမကတော့ ဂါနာနိုင်ငံသူဖြစ်ပါတယ်။ Tan ဟာ Edna နဲ့ စတင် Date ပြီဆိုကတည်းက မိဘတွေက ဆန့်ကျင်တာကို ခံခဲ့ရပါတယ်။ အထူးသဖြင့် သူ့အဖေပေါ့။ သူ့အဖေက လူမျိုးရေးတွေဘာတွေဆိုတာထက် အကြောင်းပြချက် နှစ်မျိုးနဲ့ ကန့်ကွက်ခဲ့ပါတယ်။

ပထမအကြောင်းပြချက်ကတော့ ယဉ်ကျေးမှုမတူညီခြင်း၊ ဒုတိယကတော့ အာရှလို လူမျိုးရေးခွဲခြားတဲ့ နယ်ပယ်မှာ ဒီလိုလင်မယား စီးပွားရေးလုပ်မယ်ဆိုရင် သေချာပေါက် ကျရှုံးဖို့ ဖြစ်လိမ့်မယ်လို့ အကြောင်းပြခဲ့တာပါ။ တကယ်လို့ Tan က နားမထောင်ဘဲ Edna ကို ဇွတ်ယူမယ်ဆိုရင် မိဘတွေက ကောင်းချီးပေးမှာ မဟုတ်ကြောင်း ပြောပါသတဲ့။

အဲဒီနောက် Tan ဟာ Edna ကို နေ့တိုင်းအိမ်အလည်ခေါ်ပါတော့တယ်။ ပထမတော့ မိဘတွေက ရှောင်ဖယ်ရှောင်ဖယ်လုပ်လို့ Edna ကလည်း စိတ်မကောင်းသလို၊ နောက် မလိုက်ချင်ကြောင်း စသဖြင့် ချစ်သူ Tan နဲ့ မကြာခဏ စကားများရပါတယ်။ သူမကိုယ်တိုင်က မိဘတွေ မကြည်ဖြူတာကို စိတ်ထဲမကောင်းသလို ဝမ်းလည်း နည်းနေပုံပါ။

ဒါပေမယ့် တဖြည်းဖြည်း အကြိမ်ရေများလာတဲ့အခါ Tan ရဲ့မိဘတွေက Edna ကို လိမ္မာရေးခြားရှိသူ၊ အလိုက်သိသူ၊ ဉာဏ်ကောင်းသူ၊ ရိုးသားယဉ်ကျေးသူအဖြစ် ရှုမြင်လာကြပါတော့တယ်။ Tan ဟာ Edna ရဲ့ အကူအညီနဲ့ ကိုယ်ပိုင်ကုမ္ပဏီလည်း ထောင်နိုင်ခဲ့ပြီဖြစ်ပြီး၊ နောက်ဆုံး Tan ရဲ့မိဘတွေက လိုလိုချင်ချင် မီးစိမ်းပြလိုက်ပါတော့တယ်။

သူ့အနေနဲ့ အလွန်ကို ခက်ခဲ့တဲ့အလုပ်တစ်ခုကို (၁၀၀)%အောင်မြင်အောင် လုပ်နိုင်ခဲ့တာဖြစ်ပြီး၊ Edna လို အမျိုးသမီးတစ်ယောက်အတွက် အခုလို လုပ်ပေးခဲ့ရတာကလည်း ထိုက်တန်ပါတယ်လို့ ပြောခဲ့ပါတယ်။ သူတို့ဟာ မကြာသေးမီက မင်္ဂလာပွဲ ကျင်းပနိုင်ခဲ့ပြီး၊ သာယာတဲ့အနာဂတ်ခရီးလမ်းကို အတူတူ လျှောက်လှမ်းနေကြပါပြီ။

နေသူရိန်

Credit:Shwemom

Leave a Reply

Your email address will not be published. Required fields are marked *