အိမ္ေျမွာင္ေၾကာက္လုိ႔ မိန္းကေလးႏွစ္ေယာက္နဲ႔အတူအိပ္ခဲ့တယ္ဆုိတဲ့ အမ်ိဳးသား

Zawgyiျဖင့္ဖတ္ရန္

ေရဆာလုိ႔ ဘီယာေသာက္၊ သရဲေၾကာက္ေတာ့ အေဖာ္ေခၚအိပ္ဆုိတဲ့ လူရႊင္ေတာ္ ျပက္လုံးေလးဟာ ကၽြန္ေတာ္တုိ႔ လူေနမႈ နယ္ပယ္မွာလည္း အေတာ္ေလးကို ေခတ္စားခဲ့ပါတယ္။ အခုလည္း မေလး အမ်ိဳးသားတစ္ေယာက္ဟာ သက္ဆုိင္ရာက သူေနထုိင္ရာကို မသကၤာလုိ႔ ဝင္ေရာက္ရွာေဖြစဥ္မွာ အျခားအမ်ိဳးသမီးငယ္ႏွစ္ဦးနဲ႔ အတူအိပ္ေနတာကို ေတြ႕ခဲ့ရတာပါ။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ည စက္တင္ဘာ(၆)ရက္ ညပုိင္းမွာ ျဖစ္ခဲ့တာပါ။ အခင္းျဖစ္ခဲ့ရာေနရာကေတာ့ Perhentian ကၽြန္း၊ Besut မွာရွိတဲ့ အပန္းေျဖ အိမ္ကေလးတစ္လုံးမွာလုိ႔ သိရပါတယ္။ အဲဒီအိမ္ကုိ Terengganu Religious Affairs Department (JHEAT) အဖြဲ႕က မသကၤာလုိ႔ စစ္ေဆးစဥ္မွာ အတူ အိပ္ေနတဲ့ အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးႏွစ္ဦးကုိ ေတြ႕ခဲ့ရပါတယ္။

အမ်ိဳးသားကေတာ့ အသက္(၂၀) ဝန္းက်င္ျဖစ္ၿပီး၊ ေကာင္မေလးႏွစ္ေယာက္မွာ အသက္(၂၀)နဲ႔(၃၀)အေတာအတြင္း အရြယ္ေကာင္း အမ်ိဳးသမီးေလးေတြလုိ႔ သိရပါတယ္။ ကာယကံရွင္အမ်ိဳးသားကို စစ္ေဆးစဥ္မွာ သူက သူ႕အခန္းထဲမွာ အိမ္ေျမႇာင္ႀကီးတစ္ေကာင္ (ေတာက္တဲ့ႀကီးကို ရည္ရြယ္ဟန္ွရွိ)က အလြန္ေၾကာက္စရာ ေကာင္းလုိ႔ အခုလုိ အေဖာ္ေခၚအိပ္တာပါတဲ့။

ေနာက္ထပ္ စစ္ေဆးမႈေတြမွာေတာ့ သူတုိ႔တစ္ေတြဟာ အပန္းေျဖအိမ္ႏွစ္ခု ေဘးခ်ဥ္းကပ္ ငွားရမ္းထားတာျဖစ္ၿပီး၊ အမ်ိဳးသမီးတစ္ဦးက ကာမပုိင္ေယာက္်ားရွိေနလုိ႔၊ ျပႆနာက ႐ုိး႐ုိးေလးမဟုတ္ေတာ့ပါဘူး။ အျခား ေကာင္မေလးကေတာ့ ဒီအမ်ိဳသားရဲ႕ ခ်စ္သူျဖစ္ေၾကာင္း ေလာေလာဆယ္ သိရပါတယ္။

ဒီအမ်ိဳးသားဟာ ကာမပိုင္အမ်ိဳးသမီးတစ္ေယာက္နဲ႔ ဆက္ႏြယ္ပတ္သက္ခဲ့လုိ႔ ေသခ်ာေပါက္ အေရးယူခံရဖုိ႔ ရွိေနပါတယ္။ ဒီေရွာင္တခင္ စစ္ေဆးမႈမွာ အသက္(၄၀)အရြယ္ အျခားအမ်ိဳးသားတစ္ဦးကိုလည္း အပန္းေျဖအိမ္ငယ္ေလးမွာ သူ႕ထက္ အသက္ထက္ဝက္ငယ္တဲ့ ေကာင္မေလးနဲ႔ ထပ္ၿပီး ဖမ္းမိခဲ့ျပန္ပါတယ္။

အဲဒီအမ်ိဳးသားကေတာ့ ပထမ အမ်ိဳးသားေပးထားတဲ့ ဆင္ေျခနဲ႔ တစ္ျခားစီပါ။ သူကေတာ့ ဒီေကာင္မေလးရဲ႕အခန္းထဲကို ပစၥည္းတစ္စုံတစ္ခုယူဖုိ႔ ဝင္ေရာက္လာစဥ္မွာ အိပ္ေမာက်သြားခဲ့တာျဖစ္ေၾကာင္း (ယုတၳိမတန္တဲ့)အေျဖကုိ ေပးခဲ့ပါတယ္။ (JHEAT) အဖြဲ႕ကေတာ့ သံသယရွိသူေတြကုိ စစ္ေဆးအေရးယူထားေၾကာင္း သိရပါတယ္။

လင္းသူရိန္

Credit : Shwemom

Unicodeဖြင့်ဖတ်ရန်

အိမ်မြှောင်ကြောက်လို့ မိန်းကလေးနှစ်ယောက်နဲ့အတူအိပ်ခဲ့တယ်ဆိုတဲ့ အမျိုးသား

ရေဆာလို့ ဘီယာသောက်၊ သရဲကြောက်တော့ အဖော်ခေါ်အိပ်ဆိုတဲ့ လူရွှင်တော် ပြက်လုံးလေးဟာ ကျွန်တော်တို့ လူနေမှု နယ်ပယ်မှာလည်း အတော်လေးကို ခေတ်စားခဲ့ပါတယ်။ အခုလည်း မလေး အမျိုးသားတစ်ယောက်ဟာ သက်ဆိုင်ရာက သူနေထိုင်ရာကို မသင်္ကာလို့ ဝင်ရောက်ရှာဖွေစဉ်မှာ အခြားအမျိုးသမီးငယ်နှစ်ဦးနဲ့ အတူအိပ်နေတာကို တွေ့ခဲ့ရတာပါ။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ည စက်တင်ဘာ(၆)ရက် ညပိုင်းမှာ ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ခဲ့ရာနေရာကတော့ Perhentian ကျွန်း၊ Besut မှာရှိတဲ့ အပန်းဖြေ အိမ်ကလေးတစ်လုံးမှာလို့ သိရပါတယ်။ အဲဒီအိမ်ကို Terengganu Religious Affairs Department (JHEAT) အဖွဲ့က မသင်္ကာလို့ စစ်ဆေးစဉ်မှာ အတူ အိပ်နေတဲ့ အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးကို တွေ့ခဲ့ရပါတယ်။

အမျိုးသားကတော့ အသက်(၂၀) ဝန်းကျင်ဖြစ်ပြီး၊ ကောင်မလေးနှစ်ယောက်မှာ အသက်(၂၀)နဲ့(၃၀)အတောအတွင်း အရွယ်ကောင်း အမျိုးသမီးလေးတွေလို့ သိရပါတယ်။ ကာယကံရှင်အမျိုးသားကို စစ်ဆေးစဉ်မှာ သူက သူ့အခန်းထဲမှာ အိမ်မြှောင်ကြီးတစ်ကောင် (တောက်တဲ့ကြီးကို ရည်ရွယ်ဟန်ှရှိ)က အလွန်ကြောက်စရာ ကောင်းလို့ အခုလို အဖော်ခေါ်အိပ်တာပါတဲ့။

နောက်ထပ် စစ်ဆေးမှုတွေမှာတော့ သူတို့တစ်တွေဟာ အပန်းဖြေအိမ်နှစ်ခု ဘေးချဉ်းကပ် ငှားရမ်းထားတာဖြစ်ပြီး၊ အမျိုးသမီးတစ်ဦးက ကာမပိုင်ယောက်ျားရှိနေလို့၊ ပြဿနာက ရိုးရိုးလေးမဟုတ်တော့ပါဘူး။ အခြား ကောင်မလေးကတော့ ဒီအမျိုသားရဲ့ ချစ်သူဖြစ်ကြောင်း လောလောဆယ် သိရပါတယ်။

ဒီအမျိုးသားဟာ ကာမပိုင်အမျိုးသမီးတစ်ယောက်နဲ့ ဆက်နွယ်ပတ်သက်ခဲ့လို့ သေချာပေါက် အရေးယူခံရဖို့ ရှိနေပါတယ်။ ဒီရှောင်တခင် စစ်ဆေးမှုမှာ အသက်(၄၀)အရွယ် အခြားအမျိုးသားတစ်ဦးကိုလည်း အပန်းဖြေအိမ်ငယ်လေးမှာ သူ့ထက် အသက်ထက်ဝက်ငယ်တဲ့ ကောင်မလေးနဲ့ ထပ်ပြီး ဖမ်းမိခဲ့ပြန်ပါတယ်။

အဲဒီအမျိုးသားကတော့ ပထမ အမျိုးသားပေးထားတဲ့ ဆင်ခြေနဲ့ တစ်ခြားစီပါ။ သူကတော့ ဒီကောင်မလေးရဲ့အခန်းထဲကို ပစ္စည်းတစ်စုံတစ်ခုယူဖို့ ဝင်ရောက်လာစဉ်မှာ အိပ်မောကျသွားခဲ့တာဖြစ်ကြောင်း (ယုတ္ထိမတန်တဲ့)အဖြေကို ပေးခဲ့ပါတယ်။ (JHEAT) အဖွဲ့ကတော့ သံသယရှိသူတွေကို စစ်ဆေးအရေးယူထားကြောင်း သိရပါတယ်။

လင်းသူရိန်

Credit : Shwemom

Leave a Reply

Your email address will not be published. Required fields are marked *