ေသဆုံးသြားတဲ့ဇနီးသည္ကုိ ဒုတိယအႀကိမ္ေျမာက္မဂၤလာပြဲက်င္းပေပးခဲ့တဲ့ ခင္ပြန္း

Zawgyiျဖင့္ဖတ္ရန္

တရုတ္ႏုိင္ငံ၊ ဒါလီယန္ၿမိဳ႕မွာေနထုိင္တဲ့ အသက္ (၃၅)ႏွစ္အရြယ္ ဆူ ဆုိသူအမ်ိဳးသားဟာ ရင္သားကင္ဆာနဲ႔ကြယ္လြန္သြားခဲ့တဲ့ ဇနီးသည္ရဲ႕ စ်ာပနကုိ တကယ္ပဲ အမွတ္တရျဖစ္ေစခဲ့ပါတယ္။ ဆူ နဲ႔ ဇနီးသည္ ယန္း တုိ႔ဟာ (၂၀၁၃)ခုႏွစ္ကတည္းက လက္ထပ္ခဲ့ၾကတာျဖစ္ၿပီး အဲဒီအခ်ိန္မွာပဲ ယန္း မွာ ရင္သားကင္ဆာရွိေနတာကုိ သိခဲ့ရပါတယ္။

လက္ထပ္ၿပီးလအနည္းငယ္မွာပဲ ယန္း ရဲ႕ ညာဖက္ရင္သားမွာ အဖုအက်ိတ္တစ္ခုလုိမ်ိဳး ေတြ႕ခဲ့ၾကလုိ႔ ဆရာ၀န္ဆီသြားျပခဲ့ရာကေန ရင္သားကင္ဆာျဖစ္မွန္းသိခဲ့ၾကၿပီး ခြဲစိတ္မႈခံယူဖုိ႔အထိ ျဖစ္လာခဲ့ပါတယ္။

အဲဒီအခ်ိန္တုန္းက ယန္း ဟာ (၂၈)ႏွစ္အရြယ္သာ ရွိေနေသးၿပီး ဆရာ၀န္က သူမကုိ ေနာက္ (၅)ႏွစ္ေလာက္အထိပဲ ေနရေတာ့မယ္လုိ႔ အသိေပးခဲ့ပါတယ္။

ယန္း က သူ႕အေျခအေနကုိ သိၿပီးတဲ့ေနာက္မွာ ခင္ပြန္းျဖစ္သူ ဆူ ကုိ ေတာင္းဆုိမႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ သူ မေသဆုံးမီမွာ ဒုတိယအႀကိမ္ေျမာက္ မဂၤလာပြဲတစ္ခုကုိ က်င္းပေပးဖုိ႔ပါပဲ။ သူက ဆူနဲ႔ ေနာက္တစ္ႀကိမ္ မဂၤလာထပ္ေဆာင္ခ်င္ေသးေၾကာင္းနဲ႔ အဲဒါက အမွတ္တရတစ္ခုအေနနဲ႔ က်န္ရစ္ခဲ့ဖုိ႔ေမွ်ာ္လင့္ေၾကာင္း ေျပာဆုိခဲ့ၿပီး ဆူ ကုိယ္တုိင္ကလည္း သေဘာတူခဲ့တာပါ။

ယန္းက သူ႕ရဲ႕ကင္ဆာအေျခအေနကုိ စိတ္ဓာတ္မက်ခဲ့ပဲ ကင္ဆာေ၀ဒနာသည္တစ္ေယာက္ရဲ႕ အေတြ႕အႀကဳံေတြကုိေတာင္ ဆုိရွယ္မီဒီယာေတြကေနတစ္ဆင့္ ျပန္လည္ေ၀မွ်ခဲ့ပါေသးတယ္။

ၿပီးခဲ့တဲ့ လေတြထဲမွာ ယန္းရဲ႕ေရာဂါက တျဖည္းျဖည္းအေျခအေနဆုိးလာခဲ့ၿပီးေနာက္ ယန္းနဲ႔ဆူ တုိ႔ဟာ သူတုိ႔သေဘာတူထားခဲ့တဲ့အတုိင္း ဒုတိယအႀကိမ္ေျမာက္ မဂၤလာေဆာင္ဖုိ႔ စီစဥ္ခဲ့ၾကပါတယ္။

ဒါေပမယ့္ သတ္မွတ္ထားတဲ့ ရက္ မတုိင္ခင္မွာပဲ ယန္း တစ္ေယာက္ ကြယ္လြန္သြားခဲ့လုိ႔ သူဆႏၵရွိတဲ့ မဂၤလာပြဲေလးကုိ သူ႕စ်ာပနမွာပဲ က်င္းပခဲ့ရတာပါ။ ယန္းရဲ႕ စ်ာပနာတျဖစ္လည္း မဂၤလာပြဲကုိ သူတုိ႔ရဲ႕ ေဆြမ်ိဳးေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြ တက္ေရာက္ခဲ့ၾကၿပီး ေခါင္းတလားထဲမွာ သတုိ႔သမီး၀တ္စုံနဲ႔ ယန္း ကုိ ေတြ႕ရမွာျဖစ္သလို ဆူကေတာ့ ေခါင္းတလားရဲ႕နံေဘးမွာ ငုိေၾကြးေနခဲ့တာကုိ ေတြ႕ခဲ့ၾကရပါတယ္။

Linn

Credit:Shwemom

Unicodeဖြင့်ဖတ်ရန်

သေဆုံးသွားတဲ့ဇနီးသည်ကို ဒုတိယအကြိမ်မြောက်မင်္ဂလာပွဲကျင်းပပေးခဲ့တဲ့ ခင်ပွန်း

တရုတ်နိုင်ငံ၊ ဒါလီယန်မြို့မှာနေထိုင်တဲ့ အသက် (၃၅)နှစ်အရွယ် ဆူ ဆိုသူအမျိုးသားဟာ ရင်သားကင်ဆာနဲ့ကွယ်လွန်သွားခဲ့တဲ့ ဇနီးသည်ရဲ့ ဈာပနကို တကယ်ပဲ အမှတ်တရဖြစ်စေခဲ့ပါတယ်။ ဆူ နဲ့ ဇနီးသည် ယန်း တို့ဟာ (၂၀၁၃)ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး အဲဒီအချိန်မှာပဲ ယန်း မှာ ရင်သားကင်ဆာရှိနေတာကို သိခဲ့ရပါတယ်။

လက်ထပ်ပြီးလအနည်းငယ်မှာပဲ ယန်း ရဲ့ ညာဖက်ရင်သားမှာ အဖုအကျိတ်တစ်ခုလိုမျိုး တွေ့ခဲ့ကြလို့ ဆရာဝန်ဆီသွားပြခဲ့ရာကနေ ရင်သားကင်ဆာဖြစ်မှန်းသိခဲ့ကြပြီး ခွဲစိတ်မှုခံယူဖို့အထိ ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ယန်း ဟာ (၂၈)နှစ်အရွယ်သာ ရှိနေသေးပြီး ဆရာဝန်က သူမကို နောက် (၅)နှစ်လောက်အထိပဲ နေရတော့မယ်လို့ အသိပေးခဲ့ပါတယ်။

ယန်း က သူ့အခြေအနေကို သိပြီးတဲ့နောက်မှာ ခင်ပွန်းဖြစ်သူ ဆူ ကို တောင်းဆိုမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူ မသေဆုံးမီမှာ ဒုတိယအကြိမ်မြောက် မင်္ဂလာပွဲတစ်ခုကို ကျင်းပပေးဖို့ပါပဲ။ သူက ဆူနဲ့ နောက်တစ်ကြိမ် မင်္ဂလာထပ်ဆောင်ချင်သေးကြောင်းနဲ့ အဲဒါက အမှတ်တရတစ်ခုအနေနဲ့ ကျန်ရစ်ခဲ့ဖို့မျှော်လင့်ကြောင်း ပြောဆိုခဲ့ပြီး ဆူ ကိုယ်တိုင်ကလည်း သဘောတူခဲ့တာပါ။

ယန်းက သူ့ရဲ့ကင်ဆာအခြေအနေကို စိတ်ဓာတ်မကျခဲ့ပဲ ကင်ဆာဝေဒနာသည်တစ်ယောက်ရဲ့ အတွေ့အကြုံတွေကိုတောင် ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ပြန်လည်ဝေမျှခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ လတွေထဲမှာ ယန်းရဲ့ရောဂါက တဖြည်းဖြည်းအခြေအနေဆိုးလာခဲ့ပြီးနောက် ယန်းနဲ့ဆူ တို့ဟာ သူတို့သဘောတူထားခဲ့တဲ့အတိုင်း ဒုတိယအကြိမ်မြောက် မင်္ဂလာဆောင်ဖို့ စီစဉ်ခဲ့ကြပါတယ်။

ဒါပေမယ့် သတ်မှတ်ထားတဲ့ ရက် မတိုင်ခင်မှာပဲ ယန်း တစ်ယောက် ကွယ်လွန်သွားခဲ့လို့ သူဆန္ဒရှိတဲ့ မင်္ဂလာပွဲလေးကို သူ့ဈာပနမှာပဲ ကျင်းပခဲ့ရတာပါ။ ယန်းရဲ့ ဈာပနာတဖြစ်လည်း မင်္ဂလာပွဲကို သူတို့ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ တက်ရောက်ခဲ့ကြပြီး ခေါင်းတလားထဲမှာ သတို့သမီးဝတ်စုံနဲ့ ယန်း ကို တွေ့ရမှာဖြစ်သလို ဆူကတော့ ခေါင်းတလားရဲ့နံဘေးမှာ ငိုကြွေးနေခဲ့တာကို တွေ့ခဲ့ကြရပါတယ်။

Linn

Credit:Shwemom

Leave a Reply

Your email address will not be published. Required fields are marked *