ေအာက္ပိုင္းေသသြားတဲ့ ေယာက္်ားကို ၄ႏွစ္လုံးလုံးျပဳစုေစာင့္ေရွာက္ၿပီး လက္ထပ္ယူတဲ့ အမ်ိဳးသမီး

Zawgyiျဖင့္ဖတ္ရန္

Zhang လို႔အမည္ရတဲ့ ေကာင္မေလးရဲ႕ အခ်စ္ဇာတ္လမ္းကေတာ့ လြန္ခဲ့တဲ့ ၂၀၀၇ခုႏွစ္က စတင္ခဲ့တာပဲျဖစ္ပါတယ္။ သူမတို႔ ၂ေယာက္ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အလွမ္းေဝးကြာတဲ့ေနရာမွာ အလုပ္ကိုစီလုပ္ကိုင္ေနၾကၿပီး ဖုန္းေခၚဆိုမႈနဲ႔သာ အဆက္အသြယ္ျပဳလုပ္ရတဲ့ စုံတြဲတစ္တြဲပဲျဖစ္ပါတယ္။ ၂၀၁၀ ခုႏွစ္ေရာက္ေတာ့ သူတို႔ႏွစ္ေယာက္ဟာ တရားဝင္လက္ထပ္ခဲ့ေပမဲ့ ေငြေရးေၾကးေရး အခက္ခဲေတြေၾကာင့္ မဂၤလာမေဆာင္ခဲ့ရပါဘူး။ မိန္းကေလးတစ္ေယာက္အတြက္ ဘဝမွာ တစ္မဂၤလာသာ ေဆာင္ရတာမို႔ သူမဟာ အိမ္ေထာင္က်သြားေပမဲ့ ကိုယ့္ရဲ႕ လက္တြဲေဖာ္နဲ႔ အတူတူ ခမ္းခမ္းနားနားမဂၤလာေဆာင္ခ်င္တဲ့စိတ္ကူးေလးက အၿမဲလိုလို ရွိေနခဲ့ပါတယ္။

ဒါ့ေၾကာင့္ သူမတို႔ ႏွစ္ေယာက္ဟာ ခမ္းခမ္းနားနားနဲ႔မဂၤလာေဆာင္ၿပီး မိမိတို႔ရဲ႕ ဇာတိၿမိဳ႕ေလးမွာ ကိုယ္ပိုင္အိမ္ေလးတစ္လုံးကို ပိုင္ဆိုင္ႏိုင္ဖို႔အတြက္ တက္ညီလက္ညီ အလုပ္လုပ္ခဲ့ၾကပါတယ္။ သူတို႔အတြက္ ကိုယ္ပိုင္အိမ္ေလးမဝယ္ခင္ ခင္ပြန္းျဖစ္သူက အိမ္ဝယ္ဖို႔အတြက္ yuan ၂သိန္း ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္အိမ္ဝယ္ၿပီး ပိုတဲ့ ပိုက္ဆံေလးကို ထပ္စုၿပီး မဂၤလာေဆာင္ဖို႔အတြက္ စီစဥ္ခဲ့ပါတယ္။ ဒါေပမဲ့ သူမတို႔ရဲ႕ အျဖစ္အပ်က္ေလးကေတာ့ သနားစရာပါပဲ။ မဂၤလာေဆာင္ မေဆာင္ခင္မွာပဲ သူမရဲ႕ ခင္ပြန္းဟာ ဓာတ္လိုက္ၿပီး ေအာက္ပိုင္းေသသြားခဲ့ပါတယ္။ ဆရာဝန္ေတြနဲ႔ျပၾကည့္ၿပီး ဆရာဝန္ကအစ သူမရဲ႕ ခင္ပြန္းကို စြန္႔လြတ္ဖို႔ အရိပ္အႁမြက္ေျပာၾကားခဲ့ပါတယ္။

ဒါေပမဲ့ သူမက သူမရဲ႕ ခင္ပြန္ကို စြန္႔လြတ္ဖို႔ ျငင္းဆန္ၿပီး ၂၄နာရီလုံးလုံး ျပဳစုေစာက္ေရွာက္ခဲ့ပါတယ္။ မၾကာခဏဆိုသလို သူမခင္ပြန္းရဲ႕ ႂကြက္သားေတြကို လႈံ႕ေဆာ္ေပးလိုက္၊ သန္႔ရွင္းေရးလုပ္လိုက္၊ အစာေကြၽးလိုက္၊ အဝတ္ေလွ်ာ္လိုက္၊ တစ္ေန႔ထဲကို အႀကိမ္ေပါင္းမ်ားစြာႏွိပ္ေပးလိုက္နဲ႔ ျပဳစုေစာင့္ေရွာက္လြန္းလို႔ပတ္ဝန္းက်င္ကေတာင္ လူနာက ဘာမွမျဖစ္ဘဲ နင္အရင္ က်န္မာေရးထိခိုက္သြားမယ္လို႔ေတာင္ ေျပာဆိုၾကပါတယ္။ ေလးႏွစ္လုံးလုံး ဘဝကို ဒီလိုပဲျဖတ္သန္းခဲ့ၿပီး ေငြေရးေၾကးေရးအခက္အခဲအတြက္ မိသားစုဝင္ေတြ၊ မိတ္ေဆြေတြဆီကေန ေခ်းငွားၿပီး အသုံးျပဳခဲ့ရပါတယ္။ အဲ့ဒီေနာက္ သူမရဲ႕ ခင္ပြန္း က်န္းမာေရးျပန္ေကာင္းကာစျပဳလာတဲ့အခါမွာေတာ့ သူမရဲ႕ ရည္႐ြယ္ခ်က္တစ္ခုျဖစ္တဲ့ မဂၤလာေဆာင္တဲ့ ကိစၥကို ျပန္စဖို႔ ဆုံးျဖတ္လိုက္ပါတယ္။

အိမ္ေထာင္သက္တမ္းေတြ ၾကာျမင့္လာေပမဲ့ ကံၾကမၼာက ကံေခလြန္းတာေၾကာင့္ သူမတို႔ရဲ႕ မဂၤလာေဆာင္ကိုa ၂၀၁၉ ဧၿပီလ ေရာက္မွပဲ ေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ သူမရဲ႕ ရည္႐ြယ္ခ်က္ေလး ျပည့္သြားသလိုပဲ တစ္ေန႔မွာ သူမရဲ႕ ခင္ပြန္းလည္း အျပည့္အဝ ေနျပန္ေကာင္းလာႏိုင္လိမ့္မယ္လို႔ ယုံၾကည္ထားပါတယ္။

Credit:Lifestyle_Myanmar

Unicodeဖြင့်ဖတ်ရန်

အောက်ပိုင်းသေသွားတဲ့ ယောက်ျားကို ၄နှစ်လုံးလုံးပြုစုစောင့်ရှောက်ပြီး လက်ထပ်ယူတဲ့ အမျိုးသမီး

Zhang လို့အမည်ရတဲ့ ကောင်မလေးရဲ့ အချစ်ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ၂၀၀၇ခုနှစ်က စတင်ခဲ့တာပဲဖြစ်ပါတယ်။ သူမတို့ ၂ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အလှမ်းဝေးကွာတဲ့နေရာမှာ အလုပ်ကိုစီလုပ်ကိုင်နေကြပြီး ဖုန်းခေါ်ဆိုမှုနဲ့သာ အဆက်အသွယ်ပြုလုပ်ရတဲ့ စုံတွဲတစ်တွဲပဲဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်ရောက်တော့ သူတို့နှစ်ယောက်ဟာ တရားဝင်လက်ထပ်ခဲ့ပေမဲ့ ငွေရေးကြေးရေး အခက်ခဲတွေကြောင့် မင်္ဂလာမဆောင်ခဲ့ရပါဘူး။ မိန်းကလေးတစ်ယောက်အတွက် ဘဝမှာ တစ်မင်္ဂလာသာ ဆောင်ရတာမို့ သူမဟာ အိမ်ထောင်ကျသွားပေမဲ့ ကိုယ့်ရဲ့ လက်တွဲဖော်နဲ့ အတူတူ ခမ်းခမ်းနားနားမင်္ဂလာဆောင်ချင်တဲ့စိတ်ကူးလေးက အမြဲလိုလို ရှိနေခဲ့ပါတယ်။

ဒါ့ကြောင့် သူမတို့ နှစ်ယောက်ဟာ ခမ်းခမ်းနားနားနဲ့မင်္ဂလာဆောင်ပြီး မိမိတို့ရဲ့ ဇာတိမြို့လေးမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံးကို ပိုင်ဆိုင်နိုင်ဖို့အတွက် တက်ညီလက်ညီ အလုပ်လုပ်ခဲ့ကြပါတယ်။ သူတို့အတွက် ကိုယ်ပိုင်အိမ်လေးမဝယ်ခင် ခင်ပွန်းဖြစ်သူက အိမ်ဝယ်ဖို့အတွက် yuan ၂သိန်း ပေးခဲ့ပါတယ်။ အဲ့ဒီနောက်အိမ်ဝယ်ပြီး ပိုတဲ့ ပိုက်ဆံလေးကို ထပ်စုပြီး မင်္ဂလာဆောင်ဖို့အတွက် စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမတို့ရဲ့ အဖြစ်အပျက်လေးကတော့ သနားစရာပါပဲ။ မင်္ဂလာဆောင် မဆောင်ခင်မှာပဲ သူမရဲ့ ခင်ပွန်းဟာ ဓာတ်လိုက်ပြီး အောက်ပိုင်းသေသွားခဲ့ပါတယ်။ ဆရာဝန်တွေနဲ့ပြကြည့်ပြီး ဆရာဝန်ကအစ သူမရဲ့ ခင်ပွန်းကို စွန့်လွတ်ဖို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ သူမက သူမရဲ့ ခင်ပွန်ကို စွန့်လွတ်ဖို့ ငြင်းဆန်ပြီး ၂၄နာရီလုံးလုံး ပြုစုစောက်ရှောက်ခဲ့ပါတယ်။ မကြာခဏဆိုသလို သူမခင်ပွန်းရဲ့ ကြွက်သားတွေကို လှုံ့ဆော်ပေးလိုက်၊ သန့်ရှင်းရေးလုပ်လိုက်၊ အစာကျွေးလိုက်၊ အဝတ်လျှော်လိုက်၊ တစ်နေ့ထဲကို အကြိမ်ပေါင်းများစွာနှိပ်ပေးလိုက်နဲ့ ပြုစုစောင့်ရှောက်လွန်းလို့ပတ်ဝန်းကျင်ကတောင် လူနာက ဘာမှမဖြစ်ဘဲ နင်အရင် ကျန်မာရေးထိခိုက်သွားမယ်လို့တောင် ပြောဆိုကြပါတယ်။ လေးနှစ်လုံးလုံး ဘဝကို ဒီလိုပဲဖြတ်သန်းခဲ့ပြီး ငွေရေးကြေးရေးအခက်အခဲအတွက် မိသားစုဝင်တွေ၊ မိတ်ဆွေတွေဆီကနေ ချေးငှားပြီး အသုံးပြုခဲ့ရပါတယ်။ အဲ့ဒီနောက် သူမရဲ့ ခင်ပွန်း ကျန်းမာရေးပြန်ကောင်းကာစပြုလာတဲ့အခါမှာတော့ သူမရဲ့ ရည်ရွယ်ချက်တစ်ခုဖြစ်တဲ့ မင်္ဂလာဆောင်တဲ့ ကိစ္စကို ပြန်စဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အိမ်ထောင်သက်တမ်းတွေ ကြာမြင့်လာပေမဲ့ ကံကြမ္မာက ကံခေလွန်းတာကြောင့် သူမတို့ရဲ့ မင်္ဂလာဆောင်ကိုa ၂၀၁၉ ဧပြီလ ရောက်မှပဲ ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်လေး ပြည့်သွားသလိုပဲ တစ်နေ့မှာ သူမရဲ့ ခင်ပွန်းလည်း အပြည့်အဝ နေပြန်ကောင်းလာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

Credit:Lifestyle_Myanmar

Leave a Reply

Your email address will not be published. Required fields are marked *