ဂ်ဳံ၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား…

Zawgyi ျဖင့္ဖတ္ရန္

ဂ်ဳံ၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား အခြံခြၽတ္ မထားတဲ့ ဂ်ဳံနဲ႔ လုပ္ထားတဲ့ ေပါင္မုန႔္၊ ေခါက္ဆြဲ၊ ဘီစကြတ္ မုန႔္နဲ႔ ကြတ္ကီးမုန႔္ ေတြမွာ ဗီတာမင္ B1၊ B2၊ B3၊ ဗီတာမင္အီး၊ ေဖာလစ္အက္စစ္၊ ကယ္လ္စီယမ္၊ ေဖာ့စ္ဖရပ္စ္၊ ဇင့္၊ ေၾကးနီ၊ သံဓာတ္နဲ႔ အမွ်င္ဓာတ္တို႔ ပါဝင္ပါတယ္။ အခြံခြၽတ္ထားတဲ့ ဂ်ဳံနဲ႔လုပ္ထားတဲ့ အစားအစာေတြမွာေတာ့ ဒီအာဟာရဓာတ္ေတြရဲ႕ တစ္ဝက္ေက်ာ္က ဆုံးရႈံးသြားတာကို ေတြ႕ရပါတယ္။ ဒါေၾကာင့္ သင့္က်န္းမာေရးအတြက္ (၁၀၀ ရာခိုင္ႏႈန္း အခြံခြၽတ္မထားတဲ့) ဂ်ဳံေစ့နဲ႔လုပ္ထားတဲ့ အစားအစာမ်ိဳးကို စားေပးသင့္ပါတယ္။

ဂ်ဳံေစ့ကဲ့သို႔ ေကာက္ႏွံတစ္ခုလုံးစာ စားေသာ အမ်ိဳးသမီးမ်ား ကိုယ္အေလးခ်ိန္တက္ႏႈန္း နည္းပါး

အေမရိကန္ အာဟာရေဆးပညာ ဂ်ာနယ္ရဲ႕ ေလ့လာမႈအရ အခြံခြၽတ္ထားတဲ့ ေကာက္ႏွံစာထက္ ေကာက္ႏွံတစ္ခုလုံးနဲ႔ လုပ္ထားတဲ့အစာကို စားတဲ့သူေတြက က်န္းမာေရးေကာင္းတဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းထားႏိုင္တယ္လို႔ ေတြ႕ရပါတယ္။ အေၾကာင္းကေတာ့ အမွ်င္ဓာတ္ပါဝင္မႈ ပိုမ်ားလို႔ပါ။

Metabolic Syndrome ေရာဂါစု ျဖစ္ႏိုင္ေျခ ေလ်ာ့နည္း

အရင္တုန္းက ကိုယ္ခႏၶာသြယ္လ်ခ်င္ရင္ အဆီမစားနဲ႔လို႔ ဆိုခဲ့ၾကပါတယ္။ တကယ္ေတာ့ အဆီက အမ်ိဳးမ်ိဳးရွိပါတယ္။ ျပည့္ဝဆီနဲ႔ ထရန႔္စ္ဖက္စ္ေတြ က ႏွလုံးေသြးေၾကာ ေရာဂါေတြကို ျဖစ္ေစႏိုင္ၿပီး အိုမီဂါ ၃ ဖက္တီးအက္စစ္ အဆီ ကေတာ့ ႏွလုံးေသြးေၾကာေရာဂါ ျဖစ္ႏိုင္ေျခကို ေလ်ာ့က်ေစပါတယ္။ အလားတူ အခြံခြၽတ္ထားတဲ့ဂ်ဳံနဲ႔ လုပ္တဲ့ အစားအေသာက္ေတြကို မ်ားမ်ားစားရင္ ကိုယ္အေလးခ်ိန္ ျမင့္တက္ေစႏိုင္႐ုံသာမက အင္ဆူလင္ ခုခံအားမ်ားကာ Metabolic Syndrome ေရာဂါစု (ဥပမာ- ႏွလုံးေသြးေၾကာေရာဂါနဲ႔ ဆီးခ်ိဳေရာဂါ) တို႔ကို ျဖစ္ေစႏိုင္ပါတယ္။ Metabolic Syndrome ဆိုတာ ခါးမွာအဆီမ်ားတာ၊ ေသြးတိုးတာ၊ ေသြးတြင္းအဆီဓာတ္ မ်ားတာ စတဲ့လကၡဏာစုကို ဆိုလိုပါတယ္။ အခြံခြၽတ္မထားတဲ့ဂ်ဳံနဲ႔ လုပ္ထားတဲ့ အစားအစာေတြကို စားေပးရင္ေတာ့ အင္ဆူလင္ခုခံအား မ်ားတာနဲ႔ Metabolic Syndrome ျဖစ္တာကို သိသိသာသာ ေလ်ာ့က်ေစပါတယ္။

အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါ ျဖစ္ႏိုင္ေျခကို သိသိသာသာ ေလ်ာ့က်ေစ

အခြံခြၽတ္မထားတဲ့ ဂ်ဳံနဲ႔လုပ္ထားတဲ့ အစားအစာေတြမွာ မဂၢနီဆီယမ္မ်ားစြာ ပါဝင္ၿပီး ခႏၶာကိုယ္ရဲ႕ ဂလူးကို႔စ္ အသုံးျပဳမႈနဲ႔ အင္ဆူလင္ထြက္ရွိမႈ အတြက္ပါဝင္တဲ့ အင္ဇိုင္းေတြနဲ႔ တြဲဖက္ လုပ္ေဆာင္ပါတယ္။ ဒါေၾကာင့္ အခြံခြၽတ္မထားတဲ့ ဂ်ဳံနဲ႔လုပ္ထားတဲ့ အစာကို ပုံမွန္စားတာဟာ အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါ ျဖစ္ႏႈန္းကို ေလ်ာ့က်ေစတယ္လို႔ လတ္တေလာ ေလ့လာမႈတစ္ခုက ဆိုပါတယ္။

သည္းေျခေက်ာက္တည္မႈ မျဖစ္ေအာင္ ကာကြယ္ႏိုင္

ဂ်ဳံနဲ႔ လုပ္ထားတဲ့ အညိဳေရာင္ေပါင္မုန႔္ကို စားရင္ မေပ်ာ္ဝင္တဲ့ အမွ်င္ဓာတ္ ျမင့္မားစြာပါဝင္တာေၾကာင့္ သည္းေျခေက်ာက္တည္မႈ မျဖစ္ေအာင္ ကာကြယ္ႏိုင္တယ္လို႔ အေမရိကန္ အစာအိမ္ အူလမ္းေၾကာင္း ဂ်ာနယ္မွာ ေလ့လာ ေဖာ္ျပထားပါတယ္။ အမ်ိဳးသမီး ၆၉၀၀၀ ကို ၁၆ ႏွစ္ၾကာ ေလ့လာမႈအရ အမွ်င္ဓာတ္ အမ်ားဆုံးစားတဲ့ အမ်ိဳးသမီးေတြဟာ အမွ်င္ဓာတ္ အနည္းဆုံး စားသူေတြထက္ သည္းေျခေက်ာက္တည္ႏိုင္ေျခ ၁၃ ရာခိုင္ႏႈန္း ေလ်ာ့က်မႈရွိေၾကာင္း သိရပါတယ္။ မေပ်ာ္ဝင္တဲ့ အမွ်င္ဓာတ္ဟာ အူထဲကို အစာ ျမန္ျမန္ေ႐ြ႕လ်ားမႈ ျဖစ္ေစ႐ုံသာမက သည္းေျခအက္စစ္ စြန႔္ထုတ္မႈကို ေလ်ာ့က်ေစတာ၊ အင္ဆူလင္ Sensitivity တိုးေစတာနဲ႔ ေသြးတြင္းမေကာင္းတဲ့ အဆီ ေလ်ာ့က်ေစတာ စတဲ့အာနိသင္တို႔ကို ရရွိေစပါတယ္။

ဝမ္းမွန္မွန္သြားေစႏိုင္

ဂ်ဳံနဲ႔လုပ္ထားတဲ့ အစာလို အမွ်င္ဓာတ္မ်ားတဲ့ အစာေတြဟာ အူေရာင္ရမ္းတဲ့ေရာဂါ (ဗိုက္နာတာ၊ ပ်ိဳ႕ခ်င္အန္ခ်င္တာ၊ ေလပြတာ၊ ဝမ္းခ်ဳပ္တာ) ခံစားေနရသူတို႔ကို ၈၉ ရာခိုင္ႏႈန္း သက္သာေစတယ္လို႔ ေလ့လာမႈအရ သိရပါတယ္။ အခြံခြၽတ္မထားတဲ့ဂ်ဳံနဲ႔ လုပ္ထားတဲ့ အစာေတြဟာ ဝမ္းခ်ဳပ္မႈကင္းေဝးၿပီး ဝမ္းမွန္မွန္ သြားေစႏိုင္ပါတယ္။

ႏွလုံးေရာဂါ မျဖစ္ေအာင္ ကာကြယ္ႏိုင္

အခြံခြၽတ္မထားတဲ့ ဂ်ဳံနဲ႔လုပ္ထားတဲ့ အစာမွာ အပင္ထြက္ လစ္ဂနင္ဆိုတဲ့ ဖိုင္တိုန်ဴးထရီးရန႔္တစ္မ်ိဳး ပါဝင္ၿပီး အူထဲမွာ အက်ိဳးျပဳ လစ္ဂနင္ အျဖစ္ ေျပာင္းလဲကာ ရင္သားနဲ႔တျခားေဟာ္မုန္းနဲ႔ ဆက္စပ္ေနတဲ့ ကင္ဆာေတြမျဖစ္ေအာင္နဲ႔ ႏွလုံးေရာဂါမျဖစ္ေအာင္ ကာကြယ္ႏိုင္ပါတယ္။

ေသြးဆုံးၿပီး အမ်ိဳးသမီး မ်ားတြင္ ႏွလုံးေသြးေၾကာ က်န္းမာေရး ေကာင္းမြန္ေစႏိုင္

အခြံခြၽတ္မထားတဲ့ ေကာက္ႏွံစာ တစ္ခြက္ကို တစ္ပတ္မွာ ေျခာက္ႀကိမ္စားတာက ေသြးဆုံးၿပီး အမ်ိဳးသမီးေတြမွာ ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါလကၡဏာ သိသိသာသာ ေလ်ာ့က်မႈရွိတာကို ေတြ႕ရပါတယ္။ ႏွလုံးေသြးေၾကာ ဆိုင္ရာ ေရာဂါရွိသူ ေသြးဆုံးၿပီး အမ်ိဳးသမီး ၂၂၉ ဦးကို သုံးႏွစ္ၾကာ ေလ့လာခဲ့ရာ ဂ်ဳံနဲ႔လုပ္တဲ့အစာကို အနည္းဆုံး တစ္ပတ္ေျခာက္ႀကိမ္ စားတာေၾကာင့္ ေသြးေၾကာက်ဥ္းေစၿပီး ေသြးစီးဆင္းမႈကို ထိခိုက္ေစတဲ့ ေသြးခဲဖတ္ျဖစ္ေပၚမႈ ေႏွးေစတာ၊ ေသြးေၾကာ က်ဥ္းမႈ ေႏွးတာတို႔ ျဖစ္တာ ကို ေတြ႕ရပါတယ္။

Credit : Good Health

Unicode ဖြင့်ဖတ်ရန်

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ဂျုံ၏ ကျန်းမာရေး အကျိုးကျေးဇူးများ အခွံချွတ် မထားတဲ့ ဂျုံနဲ့ လုပ်ထားတဲ့ ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ် မုန့်နဲ့ ကွတ်ကီးမုန့် တွေမှာ ဗီတာမင် B1၊ B2၊ B3၊ ဗီတာမင်အီး၊ ဖောလစ်အက်စစ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ ဇင့်၊ ကြေးနီ၊ သံဓာတ်နဲ့ အမျှင်ဓာတ်တို့ ပါဝင်ပါတယ်။ အခွံချွတ်ထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာတော့ ဒီအာဟာရဓာတ်တွေရဲ့ တစ်ဝက်ကျော်က ဆုံးရှုံးသွားတာကို တွေ့ရပါတယ်။ ဒါကြောင့် သင့်ကျန်းမာရေးအတွက် (၁၀၀ ရာခိုင်နှုန်း အခွံချွတ်မထားတဲ့) ဂျုံစေ့နဲ့လုပ်ထားတဲ့ အစားအစာမျိုးကို စားပေးသင့်ပါတယ်။

ဂျုံစေ့ကဲ့သို့ ကောက်နှံတစ်ခုလုံးစာ စားသော အမျိုးသမီးများ ကိုယ်အလေးချိန်တက်နှုန်း နည်းပါး

အမေရိကန် အာဟာရဆေးပညာ ဂျာနယ်ရဲ့ လေ့လာမှုအရ အခွံချွတ်ထားတဲ့ ကောက်နှံစာထက် ကောက်နှံတစ်ခုလုံးနဲ့ လုပ်ထားတဲ့အစာကို စားတဲ့သူတွေက ကျန်းမာရေးကောင်းတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်တယ်လို့ တွေ့ရပါတယ်။ အကြောင်းကတော့ အမျှင်ဓာတ်ပါဝင်မှု ပိုများလို့ပါ။

Metabolic Syndrome ရောဂါစု ဖြစ်နိုင်ခြေ လျော့နည်း

အရင်တုန်းက ကိုယ်ခန္ဓာသွယ်လျချင်ရင် အဆီမစားနဲ့လို့ ဆိုခဲ့ကြပါတယ်။ တကယ်တော့ အဆီက အမျိုးမျိုးရှိပါတယ်။ ပြည့်ဝဆီနဲ့ ထရန့်စ်ဖက်စ်တွေ က နှလုံးသွေးကြော ရောဂါတွေကို ဖြစ်စေနိုင်ပြီး အိုမီဂါ ၃ ဖက်တီးအက်စစ် အဆီ ကတော့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ အလားတူ အခွံချွတ်ထားတဲ့ဂျုံနဲ့ လုပ်တဲ့ အစားအသောက်တွေကို များများစားရင် ကိုယ်အလေးချိန် မြင့်တက်စေနိုင်ရုံသာမက အင်ဆူလင် ခုခံအားများကာ Metabolic Syndrome ရောဂါစု (ဥပမာ- နှလုံးသွေးကြောရောဂါနဲ့ ဆီးချိုရောဂါ) တို့ကို ဖြစ်စေနိုင်ပါတယ်။ Metabolic Syndrome ဆိုတာ ခါးမှာအဆီများတာ၊ သွေးတိုးတာ၊ သွေးတွင်းအဆီဓာတ် များတာ စတဲ့လက္ခဏာစုကို ဆိုလိုပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစားအစာတွေကို စားပေးရင်တော့ အင်ဆူလင်ခုခံအား များတာနဲ့ Metabolic Syndrome ဖြစ်တာကို သိသိသာသာ လျော့ကျစေပါတယ်။

အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေ

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအစာတွေမှာ မဂ္ဂနီဆီယမ်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် အသုံးပြုမှုနဲ့ အင်ဆူလင်ထွက်ရှိမှု အတွက်ပါဝင်တဲ့ အင်ဇိုင်းတွေနဲ့ တွဲဖက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာကို ပုံမှန်စားတာဟာ အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လတ်တလော လေ့လာမှုတစ်ခုက ဆိုပါတယ်။

သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်

ဂျုံနဲ့ လုပ်ထားတဲ့ အညိုရောင်ပေါင်မုန့်ကို စားရင် မပျော်ဝင်တဲ့ အမျှင်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် သည်းခြေကျောက်တည်မှု မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ အမေရိကန် အစာအိမ် အူလမ်းကြောင်း ဂျာနယ်မှာ လေ့လာ ဖော်ပြထားပါတယ်။ အမျိုးသမီး ၆၉၀၀၀ ကို ၁၆ နှစ်ကြာ လေ့လာမှုအရ အမျှင်ဓာတ် အများဆုံးစားတဲ့ အမျိုးသမီးတွေဟာ အမျှင်ဓာတ် အနည်းဆုံး စားသူတွေထက် သည်းခြေကျောက်တည်နိုင်ခြေ ၁၃ ရာခိုင်နှုန်း လျော့ကျမှုရှိကြောင်း သိရပါတယ်။ မပျော်ဝင်တဲ့ အမျှင်ဓာတ်ဟာ အူထဲကို အစာ မြန်မြန်ရွေ့လျားမှု ဖြစ်စေရုံသာမက သည်းခြေအက်စစ် စွန့်ထုတ်မှုကို လျော့ကျစေတာ၊ အင်ဆူလင် Sensitivity တိုးစေတာနဲ့ သွေးတွင်းမကောင်းတဲ့ အဆီ လျော့ကျစေတာ စတဲ့အာနိသင်တို့ကို ရရှိစေပါတယ်။

ဝမ်းမှန်မှန်သွားစေနိုင်

ဂျုံနဲ့လုပ်ထားတဲ့ အစာလို အမျှင်ဓာတ်များတဲ့ အစာတွေဟာ အူရောင်ရမ်းတဲ့ရောဂါ (ဗိုက်နာတာ၊ ပျို့ချင်အန်ချင်တာ၊ လေပွတာ၊ ဝမ်းချုပ်တာ) ခံစားနေရသူတို့ကို ၈၉ ရာခိုင်နှုန်း သက်သာစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ အခွံချွတ်မထားတဲ့ဂျုံနဲ့ လုပ်ထားတဲ့ အစာတွေဟာ ဝမ်းချုပ်မှုကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေနိုင်ပါတယ်။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်နိုင်

အခွံချွတ်မထားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစာမှာ အပင်ထွက် လစ်ဂနင်ဆိုတဲ့ ဖိုင်တိုနျူးထရီးရန့်တစ်မျိုး ပါဝင်ပြီး အူထဲမှာ အကျိုးပြု လစ်ဂနင် အဖြစ် ပြောင်းလဲကာ ရင်သားနဲ့တခြားဟော်မုန်းနဲ့ ဆက်စပ်နေတဲ့ ကင်ဆာတွေမဖြစ်အောင်နဲ့ နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဆုံးပြီး အမျိုးသမီး များတွင် နှလုံးသွေးကြော ကျန်းမာရေး ကောင်းမွန်စေနိုင်

အခွံချွတ်မထားတဲ့ ကောက်နှံစာ တစ်ခွက်ကို တစ်ပတ်မှာ ခြောက်ကြိမ်စားတာက သွေးဆုံးပြီး အမျိုးသမီးတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါလက္ခဏာ သိသိသာသာ လျော့ကျမှုရှိတာကို တွေ့ရပါတယ်။ နှလုံးသွေးကြော ဆိုင်ရာ ရောဂါရှိသူ သွေးဆုံးပြီး အမျိုးသမီး ၂၂၉ ဦးကို သုံးနှစ်ကြာ လေ့လာခဲ့ရာ ဂျုံနဲ့လုပ်တဲ့အစာကို အနည်းဆုံး တစ်ပတ်ခြောက်ကြိမ် စားတာကြောင့် သွေးကြောကျဉ်းစေပြီး သွေးစီးဆင်းမှုကို ထိခိုက်စေတဲ့ သွေးခဲဖတ်ဖြစ်ပေါ်မှု နှေးစေတာ၊ သွေးကြော ကျဉ်းမှု နှေးတာတို့ ဖြစ်တာ ကို တွေ့ရပါတယ်။

Credit : Good Health

Leave a Reply

Your email address will not be published. Required fields are marked *