






Unicode

နာမကျန်းဖြစ်နေတဲ့ အဘိုးအဘွားတွေအတွက် တစ်နိုင်တစ်ပိုင်အလှူဒါန ပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေလို့ဆိုလိုက်တာနဲ့ မြန်မာဆန်တဲ့ အသားအရည်နဲ့ လှပကျော့ရှင်းတဲ့ မင်းသမီးတစ်လက် ဖြစ်ပြီး တကယ်ကို သရုပ်ဆောင်ထူးချွန်တဲ့ မင်းသမီးတစ်လက် လို့ အများက အသိအမှတ်ပြုထားကြတာဖြစ်ပါတယ်။

သူမဟာ အနုပညာလုပ်ငန်းများမှ အနားယူထားတာဖြစ်ပြီး လက်ရှိမှာတော့ ပရဟိတလုပ်ငန်းများ များစွာပြုလုပ်နေခဲ့တာဖြသ်ပါတယ်။ သူမဟာ လက်ရှိမှာ ခိုင်နှင်းဝေရင်သွေးဂေဟာ ဆိုတဲ့ ဂေဟာတစ်ခုကိုဖွင့်လှစ်ထား

တာဖြစ်ပြီး ထို ဂေဟာမှာဆိုရင် ကံမကောင်းအကြောင်းမလှလို့ အစွန့်ပစ်ခံခဲ့ရတဲ့ ရင်သွေးလေးများအတွက် မိခင်အရင်း သဖွယ်ပြုစုစောင့်ရှောက်ပေးချင်တဲ့ ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။

ဒါ့အပြင်သူမဟာ သက်ကြီးဝါကြီးဘိုးဘွားမိဘများကိုပါ သူမ တတ်နိုင်သလောက် အမြဲကြိုးစားလှူဒါန်းပေးနေတာဖြစ်ပါတယ်။ ယခုလည်းသူမဟာ နာမကျန်းဖြစ်နေတဲ့ သက်ကြီးဘိုးဘွားအယောက် (၁၀၀) အားတစ်ယောက်လျှင် ငွေကျပ် တစ်သောင်းကျပ်စီလှူဒါန်းခဲ့ကြောင်းဖော်ပြလာပါတယ်။

ပျော်နေတဲ့ အဘိုးအဘွားတွေကိုကြည့်ရင်း သူမမှာ ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်လို့လည်းသူမက ပီတိဖြစ်ဖွယ်ဆိုလာပါတယ်။မခိုင်နှင်းဝေတစ်ယောက်အမြဲတမ်းလှူနိုင်ပါစေလို့ဆုတောင်းရင်းပရိတ်သတ်တွေပီတိဖြစ်နိုင်ဖို့ဖော်ပြပေးလိုက်ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *