





Unicode

ကျောင်းစရိတ်မတတ်နိုင်တောလို့ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လျှောက်ခဲ့တဲ့ ၅တန်းကျောင်းသားလေး

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၁၁နှစ် အရွယ် ကောင်လေးတစ်ဦးသည် အတန်းပညာအရ ၅တန်း ကျောင်းသားလေးသာ ဖြစ်သော်လည်း ကျောင်းစရိတ် မတတ်နိုင်တော့၍ ဒေသရှိ ငွေ ကြေး အာမခံရုံးတစ်ခုသို့ သွားရောက်ကာ အလုပ်သွားလျှောက်ခဲ့သည်။

ရုံးဝန်ထမ်းများမှ ကောင်လေး၏ အလုပ်လာလျှောက်ပုံကို အံ့အားသင့်နေကြပြီး မေးမြန်းခဲ့ရာ ကောင်လေးက မောင်နှမ သုံးယောက်ရှိသော်လည်း ဖခင်ဖြစ်သူမှာ ဆုံးပါးသွား၍ မိခင်တစ် ယောက်တည်း ရုန်းကန်နေရတာကို မြင်ပြီး တစ်ဖက် တစ်လမ်းကနေ တတ်နိုင်သလောက်လေး ပြန်ထောက်ပံ့ပေးချင်ခဲ့လို့ ဟု ဆိုခဲ့သည်။

ထို့နောက် မိခင်ဖြစ်သူ တစ်ယောက်တည်း ငွေရှာခြင်းဖြင့် ကျောင်းစရိတ်ပေးဖို့ အခက်အခဲဖြစ်နေရာ ကျောင်းထွက်လိုက်ရမှာ စိုးသောကြောင့် ထိုရုံးတွင် ကြမ်းတိုက်တာဖြစ်ဖြစ် တံမြတ်စည်းလှဲတာဖြစ်ဖြစ် သန့်ရှင်းရေး ဝန်ထမ်းအဖြစ် ခန့်အပ်ရန် ပြောဆိုခဲ့သည်။

ထို့အပြင် ကောင်လေးသည် အနာဂတ်တွင် လေယာဉ်မှူးတစ်ယောက် ဖြစ်ချင်ကြောင်း ဆိုခဲ့၍ ဝန်ထမ်းများမှ ကောင်လေးအား သနားသွားမိပြီး ကျောင်းကို အပူအပင်မရှိပဲ ကျောင်းတက်နိုင်ရန် ကူညီပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *