










Unicode

ညအချိန်ထိ မိုးထဲလေထဲမှာ ခက်ခဲစွာရုန်းကန်နေရတဲ့ သားအဖနှစ်ယောက်ကို ကူညီမှုတွေ ပေးခဲ့တဲ့ မိုးစက်

ပြည်သူတွေ ကတော့ အခုလို ကာလတွေမှာဆိုရင် ပိုလို့တောင် အခက်အခဲတွေ အကျပ်အတည်းတွေကိုတစ်ခုမဟုတ် တစ်ခု ရှိနေကြလို့ အားတင်းကာ ရင်ဆိုင် ဖြေရှင်းနေကြရပါတယ် ဒီလို အချိန်မှာ လက်လုပ်လက်စားနဲ့လမ်းမှာ ရှာဖွေ စားသောက်နေရတဲ့

အိုးမဲ့အိမ်မဲ့ ပြည်သူ အချို့ရဲ့ ဘဝတွေက ထင်ထားတာထက်တောင် ခက်ခဲ နေကြမယ်ဆိုတာ အမှန်ပါပဲယခုလို အခြေအေနေ ဆိုးတွေကို မကြည့်ရက်တဲ့ စေတနာရှင် ပြည်သူတွေ ပရဟိတအသင်းတွေက တတ်နိုင်သလောက်

လှူဒါန်းမှုတွေ ပြုလုပ်ပေးလျက် ရှိပါတယ် ဒီအထဲမှာ လူရွှင်တော် မိုးစက်လည်း အပါအဝင်ပါပဲ အခုလည်း မိုးထဲလေထဲမှာမိုးချုပ်ထိ ဘဝကို ခက်ခဲစွာ ရုန်းကန်နေကြတဲ့ သားအဖနှစ်ယောက်ကို အဖြစ်ကို မကြည့်ရက်တာကြောင့် စာနာစိတ်ဖြင့်

လိုအပ်တာများ ကူညီပေးခဲ့ ပြန်ပါတယ် ဒီလိုကူညီခဲ့တဲ့ အကြောင်းကိုလည်း ဒီနေ့ Delivery ပို့တာ အရမ်းတွေ နောက်ကျလို့စိတ်ပင်ပန်းနေတုန်း မြောက်ဒဂုံ မ ဝ တ လမ်းဆုံနားရောက်တော့ စက်ဘီးလေးနဲ့ ငှက်ပျောသီးရောင်းနေတဲ့ သားအဖနှစ်ယောက်ကို

တွေ့လိုက်တယ် ချက်ချင်း ကားခဏရပ်ပြီး သားသားတို့ အိမ်မပြန် ကြသေးဘူးလား အခုမှ ညဈေးလေးကို သွားရောင်းမှာ ဦးရဲ့မိုးဖွားလေးတွေလဲ ကျနေပြီ ဒီလိုလုပ် သားသားတို့ကို မုန့်ဖိုးပေးမယ် အိမ်ပြန်ကြတော့နော် ဘေးက အဖေ ဖြစ်သူကို လှမ်းကြည့်ပြီး

ကျွန်တော့်ကို ပြုံးပြုံးလေး ခေါင်းညိတ်ပြတယ်ဒါဆို သားသားတို့ ကတိတော့ ပေးရမယ်နော်ရော့ ဆိုပြီး လက်သီးလေး ထုပ်ပေးလိုက်တော့မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ကြည့်နေတာပေါ့ဗျာ သားသားလဲ လက်သီးချင်း တိုက်ပြီးကတိပေးလေ ဟုတ်ဟုတ်

လက်သီးတိုက်ပြီး လက်ဝါးလေး ဖြန့်ပြလိုက်တော့ ဟာ ဦး ဒီပိုက်ဆံတွေ သားတို့ကို တကယ်အပိုင်ပေးတာလားအပိုင်ပေးတာပေါ့ သားသားရဲ့ သားသားတို့ ဒီညနားရအောင်လို့ ဦးက ပေးတာ ဒါနဲ့ သားသားတို့က ဘယ်ဈေးမှာ ရောင်းတာလဲ

မြောက်ဒဂုံ မန္တလေးဈေး ညဈေး မှာ ရောင်းတာ ဦးရဲ့ ဟုတ်ပါပြီဗျာ ကဲ အိမ်ပြန်ကြတော့နော် သားအဖနှစ်ယောက်ပျော်ရွှင်ပြီး ပြန်သွားကြတာ သူတို့ကို ဘယ်လောက် ပေးလိုက်တယ်ဆိုတာ သိရင် ပိုပျော်သွားမယ် ထင်တာပါဘဲ

အလုပ်လုပ်ချင်စိတ်နဲ့ ကြိုးစားတဲ့ သားအဖနှစ်ယောက်အတွက် ၇သောင်းကျပ် လှူဒါန်းပေးခဲ့ပါတယ်ဗျာရေးသားထားရာ ပီတိ ဖြစ်လွန်းတာကြောင့် ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *