





Unicode

လေမုန်တိုင်းကြောင့် စွန်လွတ်ဆော့ကစားနေရင်း စွန်ကြိုးနဲ့အတူ လေထဲပါသွားတဲ့ ကောင်လေး

မကြာသေးမီက ဗီယက်နမ်နိုင်ငံက ကောင်လေးတစ်ဦးသည်သူငယ်ချင်းအဖွဲ့တွေနဲ့ စွန်လွတ်ဆော့ကစားနေရင်း လေအတော်လေးကြမ်းသောကြောင့် စွန်ကြိုးနဲ့အတူလေထဲသို့ပါသွားခဲ့ပါတယ်။

ထိုကောင်လေးသည် လေပုံမှန်အနေအထားနဲ့ စွန်လွှတ်ဆော့ကစားနေပေမယ့် မထင်မှတ်တဲ့လေမုန်တိုင်းကြောင့်သူ့ရဲ့စွန်သည်အတော်လေးထိန်းရခက်သွားပြီးလွတ်ချရန်လည်း သူ့ရဲ့စွန်ကိုနှမြောသောကြောင့် စွန်ရဲ့ဆွဲအားနဲ့ကောင်းကင်ပေါ်မှာ ပျံဝဲသွားပါတယ်။

ထိုအချိန်မှာ သူငယ်ချင်းဖြစ်သူတွေကအံ့ဩကုန်ပြီး အတော်လေးမြင့်နေသည့်အနေအထားရောက်နေသောကြောင့် အန္တရာယ်များလွန်းသဖြင့် ခုန်မချရန်သတိပေးကြပါတယ်။

ထို့နောက်ထိုကောင်လေးသည် လေတိုက်နှုန်းတဖြည်းဖြည်းကျလာသည့်အထိစောင့်ရင်း ကောင်းကင်ပေါ်မှာပဲပျံဝဲနေရပါတယ်။ထိုအဖြစ်အပျက်ကို သူငယ်ချင်းဖြစ်သူတွေကမှတ်တမ်းရိုက်ကူးထားပြီး Online ပေါ်သို့မျှဝေခဲ့လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *