မိဘကို ကေ်းဇူး မဆက္ခ်င်နေပါ ကေ်းဇူးမကန်းပါနဲ့

Unicodeဖြင့်ဖတ်ရန်

တခါက ဒေါ်ကျင်ဥ ဆိုတဲ့ အဖွှားကြီးဟာ အသက်ရွယ်ကြီးမှ အိမ်ထောင်ပြုရသည်ဖြစ်၍ ရှားရှားပါးပါးသမီးလေးတစ်ယောက်ထဲရှိပါတယ်။

ထို မိခင်ကြီး မကျင်ဥဟာ သမီးလေးကလည်းအသားရေလေးကဖွေး ရုပ်ရည်လေးကလည်းချောတော့အငယ်လေးကတည်းက ဘာမှ မခိုင်းဘူးဒီတော့ မြို့ရုပ် မြို့သွေး ပေါက်နေတယ်။

ဒီလိုနဲ့ မယဉ်ရွှေ ၁၅.နှစ် ၁၆နှစ် အပျိုဖျန်း အရွယ်လောက် အရောက်မှာ သူ့အမေ ဒေါ်ကျင်ဥဟာနေမကောင်းဖြစ်ရှာပါတယ်။

ဒီတော့ အဖွှားကြီးဟာ အိမ်ထဲက သူ့သမီး မယဉ်ရွှေကိုခုလို လှမ်းပြောပါတယ်။

“ဟေး သမီးယဉ်ရွှေရေ အမေ နေသိပ်ပြီးမကောင်းလို့နင့် အဖေဖို့ ထမင်းလေး ချက်လိုက်ပါအုန်းနော်……”ဒီလိုလည်း ပြောလိုက်ရော

မယဉ်ရွှေက ခုလိုပြန်ပြောလိုက်ပါတယ် မီးဖိုချောင်ထဲတမင်းစားနေရင်းနဲ့

“တော့ ယောကျာ်းကို ကျုပ်က အငှားလင်လုပ်ပြီးချက်ကျွေးပြုစု လုပ်ကျွေးရအုန်းမှာလား…တော့ချက်မကျွေးနိုင်ဘူး တော်ပါတူ လာချက်ကျွေးလို့

ပြောလိုက်တော့ အဖွှားကြီးမှာ တုံတုံရင်ရင်နဲ့နေမကောင်းတဲ့ကြားထဲကနေ မီးဖိုချောင်ထဲဝင်လာပြီး ခုလိုပြောပါတယ်။

“ဟဲ့ယဉ်ရွှေ နင့်စကားက တော်တော်ရိုင်းလှပါလား……”ငါ တကယ်မလုပ်နိုင်လို့ တခါလေးခိုင်းမိပါတယ်

ငါ ပါးများချလိုက်ရတော့ဆိုပြီး လက်နဲ့ရွယ်ကာရှိသေးတယ် မယဉ်ရွှေဟာ ထိုင်ရာမှ ထလာပြီး မက်တတ်ရက်လက်ကို ခါးထောက်ပြီး ခုလိုပြောပါတယ်။

“ဒီမယ် ဒေါ်ကျင်ဥ တော့ကြည့်မှ လက်ပါတာမဟုတ်ဘူးကျုပ်မှာလည်း လက်ပါတယ်ဆိုပြီး ပြောပြောဆိုဆိုနဲ့သူ့အမေရဲ့ ပါးကို ဖျန်းခနဲ ရိုက်ထည့်လိုက်ပါတယ်။”

ဒီတော့ အဖွှားကြီးမှာ ဝမ်းနည်းပြီး မျက်ရည်များကြပြီး ငိုနေခိုက် အပြင်ကနေ “ယဉ်ရွှေရေ ယဉ်ရွှေရေနဲ့ ခေါ်သံကြားတော့ မယဉ်ရွှေတစ်ယောက် မီးဖိုထဲမှ ထွက်၍ လိုက်သွားလေသည်။

ဒီလိုနဲ့ တဖြေးဖြေးနဲ့ ရွာလည်လမ်းမကြီးအတိုင်းရွာအရှေ့ဘက် ရိုးပျက်တောကြီးထဲရောက်တော့

မယဉ်ရွှေ ဒူးထောက်ပြီး လေးဘက်ထောက်၍ လဲကြသွားသည့်အချိန်ပြန်ထ၍မရတော့ပါ ဒီတော့မှ တဖြေးဖြေး မြေမြိုနေသည်ကို တွေ့ရသည်။

ဒီတော့ တစ်ယောက်စကား တစ်ယောက်နားဆိုတော့

“ဟေး……ရွာ့အရှေ့ဘက် ရိုးပျက်တောထဲမှာယဉ်ရွှေတစ်ယောက် မြေမြိုနေတယ် ဆိုတဲ့ အသံကြားတော့ တရွာလုံးထွက်လာပြီး ဝါးတွေနဲ့ ကူတယ်

မရဘူး ရေဘူးတွေလှမ်းပေးတယ် မရဘူး အရမ်းပူတော့အနားကပ်မရဘူးဖြစ်နေတယ်။

“ရေစာတယ် ရေစာတယ် ကျုပ်ကို ရေတိုက်ကြပါနဲ့”ဘယ်လိုပဲပြောပြော မရဘူး အဖြေးဖြေးနဲ့ ခါးလောက်ရောက်နေပြီ ဒီတော့ သူအမေအဖွှားကြီး မကျင်ဥဟာ ပြေးလာပြီး ခုလိုပြောပါတယ်။

“သမီး အမေ့ကို စော်ကားလို့ခုလိုဖြစ်ရတာသမီးကို အမေခွင့်လွတ်ပါတယ်။

အမေ့ကို ပြန်ပြီးတောင်းပန်လိုက် စသဖြင့်ပြောပေမဲ့ မရတော့ဘူး မိဘကို စော်ကားတဲ့ အပြစ်က ခွင့်မလွတ်ပဲ ခဏ အကြာမှာပဲမြေကြီးထဲ အကုန်ဝင်သွားလေတော့သည်။

သင်ခန်းစာ

မိဘတွေသည် သားသမီးကို တကယ်ချစ်ရင်စာပေနဲ့ တရားဓမ္မ များနဲ့ နီးစပ်အောင် သင်ကြားပေးထားသင့်ပါတယ်။

သို့မှ အသိလိမ္မာများတိုးပွှား၍လူတော် လူကောင်းတစ်ယောက်ဖြစ်လာနိုင်သည်။

သားသမီးများအနေနဲ့လည်း မည်သို့ပင် ဖြစ်နေပါစေမိဘရဲ့ ကျေးဇူးကို မဆက်ချင်ရင်နေပါ ဘယ်တော့မှကျေးဇူးမကန်း သင့်ပါဘူး

ကျေးဇူးကန်းတဲ့ သားသမီးတိုင်းသည်ဘေးဒုက္ခအမျိုးမျိုးနဲ့ ဘဝမှာ တွေကြုံနိုင်ပါတယ်။

Credit:အရှင်သူရိယ ပြန်လည်မျှဝေသည်

Leave a Reply

Your email address will not be published. Required fields are marked *