မြန်မာနိုင်ငံရဲ့အသက်အငယ်ဆုံး အဘိဓမ္မာမဟာဘွဲ့ရ ၁၅ နှစ်သားလေး မောင်ဟန်ထွန်းအောင်အကြောင်းလေးပါဗျာ

ဓမ္မရသနောက်တစ်ကောက်ကောက် လိုက်ခဲ့သူ (သို့မဟုတ်) အသက်ငယ်ဆုံးအဘိဓမ္မာ မဟာ ဘွဲ့ရ ၁၅နှစ်သားသူလိုလူ (၅၂) ကြိမ်မြောက် အ ဘိဓမ္မာစာတော်ပြန်ပွဲရဲ့ထူးခြားချက်ထဲမှာ ၁၅ နှစ်သားတစ်ဦးရဲ့မဟာဘွဲ့ရရှိမှုဟာဘယ်လိုမှချန်လှပ်ခဲ့လို့မရနိုင်ပါဘူး။ လူပုဂ္ဂိုလ်များအတွက်

သတ်မှတ်ပြဌာန်းထားတဲ့ကျမ်းအစိတ်အပိုင်း ၁၅ ပိုင်းကို မောင်ဟန်ထွန်းအောင်ဟာဒီကနှစ်မှာရေးဖြေ ဘာသာစုံဂုဏ်ထူးနဲ့အတူ လှလှပပအဆုံးသတ်နိုင်ခဲ့ပါတယ်။ ၁၅ ကျမ်းကို ၄ နှစ်အတွင်းထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့တာမို့ကြားသိရသူတိုင်း အံ့သြ ဝမ်းသာကြမယ်လို့ထင်ပါတယ်။

တစ်ကယ်တော့မောင်ဟန်ထွန်းအောင်ဟာ အသက် ၁၁နှစ် အရွယ်ကတည်းကအစိုးရအဘိဓမ္မာ ၃ ဆင့်လုံးကို အောင်မြင်ကာအဘိဓမ္မာဥယျာဉ်ကြီးထဲကိုစတင် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဓမ္မရသကိုသိရှိခံစားဖူးတဲ့ပျားပိတုန်းလေးတစ်ကောင်အဖို့ ဒီဥယျာဉ်ကြီးထဲကနေပြီး

ပြန်မထွက်နိုင်တော့တာသိပ်တော့လဲမဆန်းလှပါဘူး။ အဲဒီနှစ်မှာပဲဓမ္မသာကစ္ဆာ အဘိဓမ္မာ၃ဆင့်လုံးကိုလည်းအောင်မြင်ခဲ့တယ်။ ၁၂နှစ်အရွယ် ၇တန်းနှစ်မှာအစိုးရဝိသုဒ္ဓိမဂ် ၃ဆင့်နဲ့ဓမ္မသာကစ္ဆာဝိသုဒ္ဓိမဂ် ၃ ဆင့်လုံးကိုနှစ်ချင်းပေါက်အံ့ဖွယ်အောင်မြင်ခဲ့သလိုအဘိဓမ္မာစာတော်ပြန်ပွဲကိုလည်း

စတင်ဝင်ရောက်ပူဇော်ခဲ့ပါတယ်။ ၁၃ နှစ်ရွယ် ၈ တန်းမှာပထမပြန်စာမေးပွဲအခြေပြု မူလတန်းကိုအောင်မြင်ခဲ့ပြီးအဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးရဲ့ (စူဠ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ) ဘွဲ့ကိုရရှိခဲ့ပါတယ်။၁၄ နှစ်အရွယ်နဝမတန်းမှာအစိုးရအဘိဓမ္မာဂုဏ်ထူးဆောင် (ဋီကာကျော်)

၃ဆင့်ကိုအောင်မြင်ကာ (မဇ္ဈိမ အာဘိဓမ္မိက ကလျာဏဉာဏဓဇ) ဘွဲ့ကိုထပ်မံရရှိပြန်ပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုရမဲ့အခုနှစ်မှာလည်း လုံးဝရပ်နားခြင်းမပြုဘဲဆက်လက်ကြိုးစားပူဇော်ခဲ့တဲ့အတွက် (မဟာ အာဘိဓမ္မိက ဥက္ကဋ္ဌ ကလျာဏဉာဏဓဇ) ဘွဲ့ကိုအပြီးသတ်ချီးမြှင့်ခံခဲ့ရတာ

ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ကျမ်းတွေဆိုတာတစ်ကျမ်းတစ်ကျမ်းကိုပဲအောင်မြင်အောင်မနည်းလေ့လာပူဇော်ရကြောင်းပူဇော်ဖူးသူတိုင်းကောင်းစွာသိရှိကြပါတယ်။ ဒီ၅နှစ်တွင်းမှာ အဘိဓမ္မာ(ရိုးရိုး) ၃ဆင့်အဘိဓမ္မာ(ဂုဏ် ထူးဆောင်) ၃ဆင့်၊ ဝိသုဒ္ဓိမဂ် ၃ဆင့်၊ အခြေပြုမူလတန်းနဲ့

စာတော်ပြန်ပွဲ၁၅ကျမ်းတို့ကိုဖြေဆိုအောင်မြင်ကာ (စူဠ အာဘိဓမ္မိက ကလျာဏဉာဏဓဇ) (မဇ္ဈိမ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ)၊ (မဟာ အာဘိဓမ္မိက ဥက္ကဌ ကလျာဏဉာဏဓဇ) ဘွဲ့ကြီး ၃ဘွဲ့ကို ချီးမြှင့်ခြင်းခံရတဲ့သမိုင်းတလျောက် အသက်အငယ်ဆုံးစာပြန်ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါပြီ။

ဒါမို့ ဒီအရွယ်နဲ့ဒီလောက်လုပ်နိုင်တာကိုအတော်ပဲ လက်ဖျားခါမိပါတယ်။ ဒါမို့ကျွန်တော့်အနေနဲ့ကတော့မောင်ဟန်ထွန်းအောင်ကိုဓမ္မရသနောက် တစ်ကောက်ကောက်လိုက်ခဲ့သူ၊ ဆင်ခြေဆင်လက် တွေကိုမထီမဲ့မြင်ပြုနိုင်တဲ့သူ အခက်ခဲတွေကိုအခွင့်အရေးအဖြစ်ပြောင်းလဲနိုင်သူ၊ အားကျပြီး

အတုယူသင့်သူဂုဏ်ပြုချီးကျူးမှုတွေနဲ့အထူးကို ထိုက်တန်တဲ့သူအဖြစ်နှစ်ဆန်းအမှတ်တရ ဝိသေသပြု မှတ်တမ်းတင်ဂုဏ်ပြုလိုက်ရပါတော့တယ်။ သာဓု သာဓု သာဓု၊ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

Credit:ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *