မြန်မာနိုင်ငံ ပရိယတ္တိပညာရေး လောက၌တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အများဆုံးရရှိထားသော ဆရာတော်

မြန်မာနိုင်ငံ ပရိယတ္တိပညာရေး လောက၌တစ်နိုင်ငံလုံးဘွဲ့တံဆိပ်တော် အများဆုံးရရှိထားသော ဆရာတော်အရှင်မြတ်မှာစစ်ကိုင်းတိပိဋကဆရာတော်ဘဒ္ဒန္တအဘိဇာတာ လင်္ကာရာဘိဝံသဖြစ်သည်။

ဆရာတော်သည် မြန်မာပြည်အနယ်နယ် အရပ်ရပ်ရှိ စာ မေးပွဲ စာပြန်ပွဲပေါင်း(၅၀) ကျော်(၆၀)ခန့်ကို ဖြေဆိုပြန်ဆိုအောင်မြင်ထားသလို ဓမ္မာစရိယ(၁၀)ဘွဲ့ ၊ ပါဠိပါရဂူ(၃)ဘွဲ့၊ ဝိဒူ(၅)ဘွဲ့၊

မဟာဝိဒူ(၅)ဘွဲ့၊တိပိဋကဓရ၊တိပိဋကကောဝိဒဘွဲ့နှင့်အခြားအစိုးရ တိပိဋကဆိုင်ရာ ဘွဲ့များအပါအဝင် ဘွဲ့တံဆိပ်တော်(၄၇)ဘွဲ့တိတိကိုဆွတ်ခူးရရှိထားပါသည်။

ဆရာတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ဝက်လက်မြို့နယ်၊ဆင်နင်းကျေးရွာ ခမည်းတော်ဦးတင်ရ+မယ်တော်ဒေါ်ညွန့်ခင်တို့မှ ၁၃၃၀ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း(၈)ရက်၊(၂၉-၉-၆၈) တနင်္ဂနွေနေ့တွင် ဖွားမြင်ခဲ့သော သားရတနာဖြစ်သည်။
ဆရာတော်သည် ၁၃၄၁-ခုနှစ်၊ နတ်တော်လဆန်း(၁၁) ရက် (၂၉-၁၀-၇၉)ကြာသာပတေးနေ့တွင် ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး ထိုနှစ်နတ်တော် လပြည့်ကျော် (၁၁)ရက်(၁၄-၁၁-၇၉)

သောကြာနေ့မှာပင်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်သို့ရောက်ရှိခဲ့ပြီးထိုကျောင်းတိုက်မှာပင် အခြေခံတန်းများမှစ၍ တိပိဋကပြီးသည်အထိ သီတင်းသုံးကာပညာသင်ယူခဲ့သည်။

မြင့်မြတ်သော ရဟန်းအဖြစ်ကိုမူ ၁၃၄၉-ခုနှစ်၊ပြာသိုလပြည့်ကျော်(၁)ရက်(၄-၁-၈၈) တနင်္လာနေ့တွင်ဝက်လက်မြို့၊ကြံ့ခိုင်ရပ် ဦးသန်းထွန်း+ ဒေါ်ဟန်ညွန့် တို့၏ ပစ္စယာ နုဂ္ဂဟဖြင့်

ဝက်လက်မြို့၊သီရိရပ်ဓမ္မာရုံကျောင်းသာသနဝိလာသိနီသိမ်တော်၌စစ်ကိုင်းမြို့မဟာသုဗောဓာရုံကျောင်း တိုက် အာရာမသမုဋ္ဌာပကတွဲဖက် ရွှေကျင်သာသနာပိုင်ဆရာတော်ကိုဥပဇ္ဈာယ်ပြု၍ရောက်ရှိခဲ့သည်။

ဆရာတော်သည် ယခုအခါ မုံရွာမြို့၊သဒ္ဓမ္မဇောတိကသုဗောဓာရုံကျောင်းတိုက်၌နာယကဆရာတော်အဖြစ်သီတင်းသုံးကာ စာပေပို့ချ ရင်း တရားဓမ္မများ ဟောကြားရင်း သာသနာ့တာဝန်ကိုထမ်းဆောင်လျက်ပါကြောင်းသုတဗုဒ္ဓတစ်ဆူဖြစ်သော

သာသနာ့အာဇာနည်အရှင်မြတ်စစ်ကိုင်းတိပိဋကဆရာတော်၏ အတ္ထုပ္ပတ္တိအား အများ သူငါကြည်ညို သဒ္ဓါပွားများနိုင်ရန်အမြွက်မျှ တင်ပြလိုက်ပါသည်။

Credit Shwedailynews

Leave a Reply

Your email address will not be published. Required fields are marked *