
ကမ္ဘာ့ဒုတိယအခက်အခဲဆုံးပြိုင်ပွဲ(သို့) အဘိဝံသစာမေးပွဲ
မြတ်စွာဘုရားဟောကြားထားတဲ့ တရားတော်အားလုံးဖြစ်တဲ့ တိပိဋကစာမေးပွဲ(ပိဋကတ်သုံးပုံစာမေးပွဲ)သည်ကမ္ဘာပေါ်တွင် အခက်ခဲဆုံးဖြစ်လေသည်။
(ပိဋကတ်သုံးပုံဆောင်ထားသည့် ကျေးဇူးတော်ရှင်မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးသည်ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး ဂင်းနစ်စံချိန်ဝင်ခဲ့လေသည်)
အဘိဝံသစာမေးပွဲဆိုတာကတော့ ကမ္ဘာ့ဒုတိယအခက်ခဲဆုံး စာမေးပွဲဖြစ်လေသည်အစိုးရစာမေးပွဲကဲ့သို့ မအောင်မချင်း ဖြေခွင့်မရှိဘဲ အသက်အားဖြင့် ကန့်သတ်ထားလို့ပါပဲ
စာသင်တန်းကို ၂၇နှစ်အတွင်း (တစ်လကျော်နေလျှင်ပင် ဖြေခွင့်မရတော့ပါ)စာချတန်းကို အသက်(၃၀)အတွင်းအမှတ် (၁၀၀) တွင် (၈၅)မှတ်ရမှအောင်မြင်လေသည်။
(၈၅)မှတ်နဲ့အောင်တာပင် ရိုးရိုးအောင်အဆင့်ဟု သတ်မှတ်ထားတယ်။
ထို့ကဲ့သို့အရမ်းခက်ခဲလှပါသော သကျသီဟ အဘိဝံသစာမေးပွဲကြီးတွင် မြန်မာတစ်နိုင်ငံလုံး ပထမဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ပါသောမန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းဆရာတော်ဘုရား၏ တပည့်ရင်းဖြစ်သောအရှင်သောပါကာဘိဝံသ-အား ဂုဏ်ပြုပူဇော်ပါသည်။
မစိုရိမ်တိုက်သစ်ကြီး၏ နာယကတစ်ပါးဖြစ်သွား သောအရှင်သောပါကာဘိဝံသ သည် စစ်ကိုင်းတိုင်းဒေသကြီး #ရွှေဘိုခရိုင် တန့်ဆည်မြို့ဇာတိဖြစ်ပြီ
ဆယ်တန်းကို (၃)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ပြီးမှသာသနာဘောင်သို့ဝင်ရောက်လာသူဖြစ်ပြီး ပညာသင်နှစ်(၁၀)နှစ်အတွင်း မစိုးရိမ်တိုက်သစ်နာယကအဖြစ်သို့ရောက်ရှိသွားသော(ဆယ်တန်းအောင်စဉ် (၁၆)နှစ် ယခု(၂၆))နှစ်)
မိမိတု့ိနှင့် ဓမ္မဝိနယအဆောင်တွင် အတူနေခဲ့သော အရှင်သောပါကာဘိဝံသ- အား ဂုဏ်ပြုပါ၏မစိုးရိမ်တိုက်သစ်အတွင်းမှာ တပည့်တွေ အဘိဝံသဘွဲ့ရ မစိုးရိမ်တိုက်သစ်နာယကဖြစ်အောင် ပညာတွေသင်ကြားပေးပါသောဓမ္မဝိနယရံသီကျောင်းဆရာတော်အားလည်း ဦးခိုက်ပူဇော်ပါ၏ဘုရားအရှင်သောပါကာဘိဝံသသည် ယခုအခါဖားအောက်တောရ တွင် တရားအားထုတ်နေလေသည်သကျသီဟစာမေးပွဲဖြေပြီတိုင်း မော်လမြိုင် ဖားအောက်တောရသို့ အမြဲတရားလာထိုင်လေ့ရှိသော အရှင်တစ်ပါးဖြစ်လေသည်
ကမ္ဘာ့ဒုတိယအခက်ခဲဆုံးစာမေးပွဲတွင် ပထမဂုဏ်ထူးဖြင့် အောင်မြင်သော အရှင်သောပါကာဘိဝံသအား ဂုဏ်ပြုပူဇော်ပါသည်ဘုရား။
အရှင်နရိန္ဒ (မော်လမြိုင်)
သကျသီဟဘိဝံသစာမေးပွဲ ပထမဂုဏ်ထူးဖြင့်အောင်မြင်တော်မူ၍ မစိုးရိမ်တိုက်သစ် နာယကဖြစ်တော်မူသော ဦးသောပါကာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်း…
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ပေကုန်းရွာ ခမည်းတော် ဦးထွန်းကြိုင်+မယ်တော် ဒေါ်စန်းရွှင်တို့မှ ၁၃၅၄ ခု ၊ တပိုတွဲလဆန်း(၇)ရက် သောကြာနေ့တွင် ဖွားမြင်သော သားရတနာဖြစ်….
၁၃၇၄ ခုနှစ် တော်သလင်းလဆုတ်(၉)ရက်နေ့တွင် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ကို ဥပဇျ္စာယ်ပြု၍ ဦးသိန်းဋ္ဌေး ဒေါ်ခင်ဝင်းဦးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရဟန်းအဖြစ်သို့ ရောက်ရှိ…
အောင်မြင်ခဲ့သော.စာမေးပွဲများ
၁။၁၃၇၀/၁၃၇၁ခုနှစ်တက္ကသိုလ်ဝင်တန်း(အင်္ဂလိပ်၊ရူပ၊ဇီဝ)သုံးဘာသာဂုဏ်ထူး(2008 2009 ပညာသင်နှစ်)
၂။ မစိုးရိမ်တိုက်သစ် ဓမ္မာနုဂ္ဂဟ ငယ် လတ် ကြီး သုံးတန်းလုံးတို့၌ ပထမဂုဏ်ထူး
၃။ ဓမ္မာနုဂ္ဂဟ စာသင်တန်း.ပထမဂုဏ်ထူး
၄။၁၃၇၂ခု ပထမငယ်တန်း တနိုင်ငံလုံး ပထမ
၅။၁၃၇၃ခု ပထမလတ်တန်း တနိုင်ငံလုံး ပထမ
၆။၁၃၇၅ခု ပထမကြီးတန်း တနိုင်ငံလုံး ဒုတိယ
၇။၁၃၇၇ခုနှစ် မြင်းခြံ ပရိယတ္တိသဒ္ဓပါလစာသင်တန်း ဒုတိယဂုဏ်ထူး
၈။၁၃၇၈ခုနှစ် သကျသီဟစာသင်တန်း.တတိယဂုဏ်ထူး
၉။၁၃၇၉ ခုနှစ် နိုင်ငံတော်အစိုးရ သာသနဓဇဓမ္မာစရိယဘွဲ့
၁၀။၁၃၈၀ ပြည့်နှစ် စေတိယင်္ဂဏစာသင်တန်းအောင်မြင်
၁၁။၁၃၈၁ခုနှစ် သကျသီဟစာချတန်း အဘိဝံသစာမေးပွဲကို တနိုင်ငံလုံး ပထမဂုဏ်ထူးဖြင့်အောင်မြင်၍ မစိုးရိမ်တိုက်သစ် အငယ်ဆုံး နာယကတပါးဖြစ်တော်မူသည်…သက်တော် ၂၆နှစ်သာရှိတော်မူ..
ယခုအခါ မစိုးရိမ်တိုက်သစ် ဓမ္မဝိနယရံသီကျောင်းတွင် သီတင်းသုံးနေထိုင်လျှက်ရှိပါသည်…
Credit:အရှင်သု (ရံသီ)
Leave a Reply