ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးခါနီး လူငယ်လေးရဲ့ မွန်မြတ်လှတဲ့အလှူ

Unicodeဖြင့်ဖတ်ရန်

ထိုင်းမြောက်ပိုင်း ချင်းရိုင်ခရိုင်မှာ ယာဉ်တိုက်မှုကြောင့် အရေးပေါ် ဆေးရုံတင်ထားရသူ နိုင် ဖုန်စထွန်း အသက်(၁၈) နှစ်ဟာ ဆေးရုံတက်နေချိန်မှာ သူသေခဲ့ရင် ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ပြီး ကိုယ်အတွင်းအပြင် အစိတ်ပိုင်းတွေ အစားထိုးကုသဖို့အတွက် သူ့သေဆုံးတာနဲ့ သူကိုယ်အစိတ်အပိုင်းတွေကို အရေးပေါ်လူနာတွေအတွက်သုံးဘို့ လူနာရှင်ကိုယ်တိုင် လက်မှတ်ထိုးပြီး ဆေးရုံကို လှူတမ်းခဲ့ပါတယ်။

မိဘတွေကတော့ သားဖြစ်သူသေဆုံးလို့ အလောင်းကိုသယ်ဘို့လာတော့မှ သိသွားခဲ့ပါတယ်။

ဆေးရုံကလည်း သားဖြစ်သူရဲ့ ဆေးရုံလှူပါတယ်ဆိုတဲ့ သက်သေပြောဆိုချက် ရုပ်သံမှတ်တမ်းရိုက်ကူးထားပြီး မိဘတွေကို ပြသခဲ့ပါတယ်။

သားဖြစ်သူ လုပ်ရပ်ဟာ မိဘတွေ စိတ်မကောင်းဖြစ်ကြမှာ စိုးရိမ်ပြီး မပြောခဲ့တာလို့သိရပါတယ်။သားအလောင်းကို နေရပ်ပြန်သယ်ခွင့်မရပေမယ့် သားရဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ယူပါတယ်လို့ မိဘတွေက သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

နာရီပိုင်းအတွင်းမှာ သေဆုံးသူရဲ့ ကိုယ်အစိတ်အပိုင်းနဲ့ အရေးပေါ်လူနာခြောက်ဦး အစားထိုး ကုသပေးနိုင်ခဲ့ကြောင်း Dr. Samroeng Sikaewဒေါက်တာ စန်ယုန် စီခရိုက ပြောပါတယ်။

စိတ်ထားမင့်မြတ်သူ သူ့ရဲ့ နှလုံးသားကို ဘန်ကောက်မြို့ စီရီလ ဆေးရုံမှာ အရေးပေါ်နှလုံးအစားထိုးကုသဘို့ယာဉ်ထိမ်းရဲတွေ လိုက်ပါပြီး လမ်းရှင်းသယ်ဆောင်ပေးခဲ့တာပါ။မြင့်မြတ်သောအလှူမို့ မြင်တွေရသူတိုင်း ရင်နင့်အောင် ခံစားရပါတယ်။

ထိုင်းမြောက်ပိုင်း ဖယောင် မြို့နယ်မှာ ဆိုင်ကယ်တိုက်မှုကြောင့် ဆေးရုံတင် ကုသနေရသူ အသက်၁၈ နှစ်အရွယ် ဖုန်စထွန်း အန်ဖု အသက်(၁၈) နှစ်ဟာ ဆေးရုံတက်နေချိန်(သုံးရက်အတွင်း) မှာ သူသေခဲ့ရင် သူကိုယ်အစိတ်အပိုင်းတွေကိုအရေးပေါ်အစားထိုးကုသရမယ့် လူနာတွေအတွက်သုံးဘို့ ဆေးရုံကို လှူခဲ့တာဖြစ်ပါတယ်။

Credit:SAW

Leave a Reply

Your email address will not be published. Required fields are marked *