ချစ်ကြောက်ခဲ့ရ‌သော state ကျောင်းကဆရာမ

Unicodeဖြင့်ဖတ်ရန်

State ကျောင်းတုန်းက….. ကြောက်လဲကြောက် ချစ်လဲချစ်ရတဲ့… ဆရာမ တစ်ယောက်တော့ ရှိခဲ့ဖူးတယ်….

အဲ့တုန်းက ဆရာမရာထူးက… အလယ်တန်းပြပဲ ရှိသေးတယ်.. (၈) တန်း ရဲ့အတန်းပိုင်ဆရာမပေါ့

သူမက math (သင်ချာ) ဘာသာကိုပဲ အမြဲသင်တဲ့ ဆရာမပါ….

ဆရာမနဲ့ မသင်ဖူးသေးပေမဲ့.. အကိုတွေ အမတွေရဲ့ ပါးစပ်ဖြားမှာ ဆရာမရဲ့ စိတ်ကြီးတာတွေ ကြောက်ဖို့ကောင်းတာတွေ စတဲ့အကြောင်းတွေကို ရင်းနှီးနေတော့တာပါ.. (အပြင်မှာတွေ့တောင် စကားမပြောရဲဘူး)

ဒီလိုနဲ့ (၈) တန်းရောက်လာရော.. အဲ့ဒီဆရာမနဲ့ ကိုယ်တိုင် စာသင်ရပီလေ….

ဆရာမရဲ့အချိန်ရောက်ပီဆိုတာနက် ဘယ်သူမှ တုံ့တုံ့မလှုပ်ရဲကြ စာသင်ချိန် စကားမပြောရဲ မုန့်ခိုးစားဖို့ဝေးသေး….

ဆရာမက အနောက်မှာမျက်စိတစုံပါသလားပဲ.. အရှေ့မှာ စာတွက်ပြနေလို့ အနောက်မှာ ကျောင်းသားတွေ တခုခုလုပ်နေရင် တန်းသိတာ

လက်ကလဲဘာမြန်သလဲပဲ.. မြေဖြူခဲရှိရင် မြေဖြူနဲ့လှမ်းပေါက် (အဲ့ချိန်တုန်းက blackboard တေနက်ပဲ စာသင်နေရသေးတာပါ white board တွေမပေါ်သေး)

ဘောဖျက်ရှိ ဘောဖျက်နဲ့ကိုင်ပေါက်.. အဲ့လို မျက်စိလဲ အရမ်းလျင်တဲ့ ဆရာမပါ

သူ့အိမ်စာ လုပ်မလာရင် စာသင်ချိန် စကားများရင် ဆူတာ မပီးတော့ဘူး.. အဲ့ဒါနဲ့ သူရဲ့(၄၅)မိနစ် တစ်ချိန်က အဲ့လို စာဆက်မသင်ရပဲ ဆူတာတွေနဲ့ပဲ ကုန်ဆုံးခဲ့ရတာ မနည်းခဲ့ပါဘူး….

သူစိတ်တိုသွားတဲ့နေ့တွေဆို စာဆက်မသင်တော့ဘူး.. ဆူရင်း သူ့အချိန်မကုန်သေးဘူး ဆိုရင်လဲ သူက စာဆက်မသင်တော့ဘူး.. အဲ့တိုင်းထားခဲ့ပီး ထွက်သွားတာမျိုး စသဖြင့်ပေါ့…

(၈) တန်းအောင်တော့ အဲ့ဆရာမရဲ့ လက်က လွတ်ပီပေါ့…

ထင်သလိုဖြစ်မလာခဲ့ပါဘူးးး

ကိုယ့်အတန်းကို ဆရာမက မခွဲနိုင်ဘူး ထင်ပါရဲ့

ဆရာမက ရာထူးတိုး ဖြေလိုက်တာ အထက်တန်း ရောက်သွားတယ်

အဲ့ဒါနက် (၉) တန်းရော (၁၀) တန်းမှာပါ chemistry သင်ပေးရတဲ့ ဘာသာပြဆရာမ ဖြစ်လာခဲ့ပါတယ်

ဆရာမက အပျိုကြီး သူ့ရဲ့အဖေနဲ့နှစ်ယောက်တည်း နေတာပါ

အဲ့ဒီနှစ်တုန်းက ဆရာမရဲ့ အဖေဆုံးပါသွားတယ်.. ဆရာမနဲ့အတူ အဖေ့ရဲ့နာရေးကို သွားကူလုပ်ပေးခဲ့တယ်

ဒို့သူငယ်ချင်း(၇)ယောက် ခွင့်မယူပဲ ကျောင်းပြေးပီး သွားကူပေးခဲ့တာပါ

အတန်းပိုင်ဆရာမက သိသွားတော့ (၇) ယောက်လုံးကို absent မပေးပဲ ခွင့်ပေးခဲ့တာပါ….

နောင်တော့ အဲ့ဒီဆရာမလဲ သူ့စိတ်ကို အတော်လျော့သွားခဲ့ပါတယ်.. အရင်လို စိတ်သိပ်မဆတ်တော့ဘူး

ကျောင်းသားတွေနဲ့လဲ တရင်းတနှီးနေလာတယ်.. သူ့မှာ တွယ်တာစရာဆိုလို သူ့ရဲ့တပည့်လေးတွေပဲ ရှိတော့တာပါလေ…

ဒါပေမက် တခါတလေတော့ သူ့စကားနားမထောင်ရင် အရင်လိုပဲ ခြေမြန်လက်မြန် အနီးမှာရှိတာနက် ကိုင်ပေါက်ပစ် တတ်ပါတယ်.. ဆူကောင်းတုန်းပါ..

အထက်တန်းမှာ white boardတွေနဲ့ ဖြစ်သွားတော့ မာကာက သူ့လက်နက် ဖြစ်သွားခဲ့ပါပီ

ဘလိုပင် ကြောက်ဖို့ကောင်းပါစေ.. စိတ်ကြီး စိတ်ဆတ်ပါစေ.. ဆရာမက အရမ်းချစ်ဖို့ကောင်းပါ‌တယ်ကျောင်းဆရာမတွေထဲက ကိုယ့်အချစ်ဆုံး ဆရာမတွေထဲက တယောက်ဖြစ်ခဲ့ပါတယ်

ခုချိန်မှာ ဆရာမရဲ့လက်တွင်းမှာ စာသင်နေရတဲ့ မောင်လေး ညီမလေးများကို ပြောပြချင်ပါတယ်

အဲ့ဒီဆရာမက အရမ်းဆူလို့ အရမ်းပြောလို့ မကြောက်ကြပါနဲ့ မမုန်းကြပါနဲ့လို့..ဆရာမက အရင်လိုစိတ်လဲသိပ်မကြီးတော့ပါဘူး.. တခါတလေမှပါလို့

တကယ်တော့ ဆရာမက အရမ်းချစ်ဖို့ကောင်းတာပါလို့..

တစ်ချိန်က အရမ်းချစ်ခဲ့ရသော ဆရာမသို့……

Credit meemeephoe

Zawgyiျဖင့္ဖတ္ရန္

ခ်စ္ေၾကာက္ခဲ့ရ‌ေသာ state ေက်ာင္းကဆရာမ

State ေက်ာင္းတုန္းက….. ေၾကာက္လဲေၾကာက္ ခ်စ္လဲခ်စ္ရတဲ့… ဆရာမ တစ္ေယာက္ေတာ့ ရွိခဲ့ဖူးတယ္….

အဲ့တုန္းက ဆရာမရာထူးက… အလယ္တန္းျပပဲ ရွိေသးတယ္.. (၈) တန္း ရဲ႕အတန္းပိုင္ဆရာမေပါ့

သူမက math (သင္ခ်ာ) ဘာသာကိုပဲ အၿမဲသင္တဲ့ ဆရာမပါ….

ဆရာမနဲ႔ မသင္ဖူးေသးေပမဲ့.. အကိုေတြ အမေတြရဲ႕ ပါးစပ္ျဖားမွာ ဆရာမရဲ႕ စိတ္ႀကီးတာေတြ ေၾကာက္ဖို႔ေကာင္းတာေတြ စတဲ့အေၾကာင္းေတြကို ရင္းႏွီးေနေတာ့တာပါ.. (အျပင္မွာေတြ႕ေတာင္ စကားမေျပာရဲဘူး)

ဒီလိုနဲ႔ (၈) တန္းေရာက္လာေရာ.. အဲ့ဒီဆရာမနဲ႔ ကိုယ္တိုင္ စာသင္ရပီေလ….

ဆရာမရဲ႕အခ်ိန္ေရာက္ပီဆိုတာနက္ ဘယ္သူမွ တုံ႔တုံ႔မလႈပ္ရဲၾက စာသင္ခ်ိန္ စကားမေျပာရဲ မုန႔္ခိုးစားဖို႔ေဝးေသး….

ဆရာမက အေနာက္မွာမ်က္စိတစုံပါသလားပဲ.. အေရွ႕မွာ စာတြက္ျပေနလို႔ အေနာက္မွာ ေက်ာင္းသားေတြ တခုခုလုပ္ေနရင္ တန္းသိတာ

လက္ကလဲဘာျမန္သလဲပဲ.. ေျမျဖဴခဲရွိရင္ ေျမျဖဴနဲ႔လွမ္းေပါက္ (အဲ့ခ်ိန္တုန္းက blackboard ေတနက္ပဲ စာသင္ေနရေသးတာပါ white board ေတြမေပၚေသး)

ေဘာဖ်က္ရွိ ေဘာဖ်က္နဲ႔ကိုင္ေပါက္.. အဲ့လို မ်က္စိလဲ အရမ္းလ်င္တဲ့ ဆရာမပါ

သူ႔အိမ္စာ လုပ္မလာရင္ စာသင္ခ်ိန္ စကားမ်ားရင္ ဆူတာ မပီးေတာ့ဘူး.. အဲ့ဒါနဲ႔ သူရဲ႕(၄၅)မိနစ္ တစ္ခ်ိန္က အဲ့လို စာဆက္မသင္ရပဲ ဆူတာေတြနဲ႔ပဲ ကုန္ဆုံးခဲ့ရတာ မနည္းခဲ့ပါဘူး….

သူစိတ္တိုသြားတဲ့ေန႔ေတြဆို စာဆက္မသင္ေတာ့ဘူး.. ဆူရင္း သူ႔အခ်ိန္မကုန္ေသးဘူး ဆိုရင္လဲ သူက စာဆက္မသင္ေတာ့ဘူး.. အဲ့တိုင္းထားခဲ့ပီး ထြက္သြားတာမ်ိဳး စသျဖင့္ေပါ့…

(၈) တန္းေအာင္ေတာ့ အဲ့ဆရာမရဲ႕ လက္က လြတ္ပီေပါ့…

ထင္သလိုျဖစ္မလာခဲ့ပါဘူးးး

ကိုယ့္အတန္းကို ဆရာမက မခြဲႏိုင္ဘူး ထင္ပါရဲ႕

ဆရာမက ရာထူးတိုး ေျဖလိ

Leave a Reply

Your email address will not be published. Required fields are marked *