ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသူတိုင်း ကိုယ့်ရန်သူ မဟုတ်ပါဘူး

Unicodeဖြင့်ဖတ်ရန်

အရင်းနှီးဆုံးသစ္စာဖောက်

ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသူတိုင်း ကိုယ့်ရန်သူ မဟုတ်ပါဘူး။

တစ်ခါတစ်လေမှာ ~~~ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသူဟာ ကိုယ်အယုံကြည်ရဆုံး ကိုယ်သံယောဇဉ် အရှိဆုံး ကိုယ်အလေးထားရဆုံးသူလည်း ဖြစ်နေတတ်တယ်။

ကိုယ်က ရန်သူလို့ သတ်မှတ်ထားတိုင်း ရန်သူဖြစ်ချင်မှ ဖြစ်နိုင်သလို…

ကိုယ်က မိတ်ဆွေလို့ သတ်မှတ်ထားသူကလဲ ကိုယ့်ရန်သူ ဖြစ်ချင်ဖြစ်နေနိုင်တာပဲ။

ကိုယ်သိပ်မုန်းလို့ လှည့်မကြည့်မိတဲ့သူက ကိုယ့်အကျိုး လိုလားသူ ဖြစ်ချင်ဖြစ်နေနိုင်သလို…

ကိုယ်သိပ်ချစ်လွန်းလို့ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်နေမိသူက ကိုယ့်ပျက်စီးရာပျက်စီးကြောင်း အားထုတ်ကြံစည်နေသူလဲ ဖြစ်နေနိုင်တာပဲ။

တစ်ခါတစ်လေမှာ ~~~ ကိုယ့်ကို မြှားနဲ့ပစ်လိုက်သူဟာ ကိုယ်ထင်မှတ်မထားတဲ့ ကိုယ်အချစ်ရဆုံး ယုံကြည်ရဆုံး သံယောဇဉ်အရှိဆုံးသူ ဖြစ်နေနိုင်သလို…

တစ်ခါတစ်ရံမှာ ~~~ ကိုယ့်ကို ဒဏ်ရာရအောင် နာကျင်အောင်လုပ်သူဟာ

တစ်ချိန်တစ်ခါက … သူ့ကို ဒဏ်ရာမရအောင် ကိုယ်က ကာကွယ်ပေးဖူးသူ ဖြစ်နေတတ်သလို အဲဒီ ဒဏ်ရာတွေ လျော့ပါးသက်သာအောင် ကိုယ်က ဆေးကုပေးခဲ့သူလည်း ဖြစ်နေတတ်ပါတယ်။

တစ်ခါတစ်လေမှာ ~~~ သူ့ကို သူများက မြှားနဲ့ပစ်တဲ့အချိန် ကိုယ်က ဝင်ကာပေးခဲ့ပေမဲ့ ကိုယ့်ကို သူများက ပစ်နေတဲ့အချိန် သူကပါ ဝင်ပြီး ကူပစ်ပေးသူ ဖြစ်နေတတ်ပါတယ်။

#ကျေးဇူးရှိမှကျေးဇူးကန်းသူ ဖြစ်လာတတ်သလို..

အနစ်နာခံပေးသူကိုမှ ချနင်းသွားတတ်တာလဲ လူ့သဘာဝလို့ ဆိုရလေမလား မပြောတတ်တော့ပါဘူး။

အသေချာဆုံးကတော့ ~~~ ကိုယ့်အပေါ် သေရာပါဝေဒနာတွေ ပေးနိုင်သူဟာ ကိုယ်က တစ်ချိန်တစ်ခါမှာ လေးနက်စွာတန်ဖိုးထားချစ်ခဲ့သူ ဖြစ်နေတတ်တာပါပဲ။

ကိုယ့်ကိုလဲကျအောင်ခြေထိုးခံနိုင်သူဟာ~~~ကိုယ့်ပြေးလမ်းကိုသိနေတဲ့သူပါ။

ကိုယ့်ကိုဆုံးရှုံးအောင်လုပ်နိုင်သူဟာ~~~ကိုယ့်အောင်မြင်မှုလမ်းကြောင်းကိုသိနေသူပါ။

ကိုယ့်ကိုမျက်ရည်ကျအောင်လုပ်နိုင်သူဟာ ~~~ ကိုယ့်အတွင်းစိတ်ကိုသေချာသိနေနိုင်သူပါ။

ဘာကြောင့်ဆို ~~~ ကိုယ်က သူတို့ကို ယုံကြည်အားကိုးစွာ ဖွင့်ပြောပြခဲ့မိလို့ပါ။

လောကရဲ့အမှန်ဆုံး နိယာမတွေထဲပေးသော်လည်းပေးတိုင်းပြန်မရတတ်တဲ့ အရာတွေထဲမှာ…

” အချစ်” ….. အပြင် ” အစစ်” ဆိုတာကိုလဲ ထည့်ထားရပါလိမ့်မယ်။

မိမိချစ်သူအပါအဝင် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ အဆုံးသတ်မရောက်ခင်ထိ အစစ်လို့မထင်မိပါစေနဲ့

ကိုယ်အထင်မှားပြီး ပေါင်းသင်းမိလို့ သူ့အကြောင်းသိပြီး လမ်းခွဲရရင်လဲ ဝမ်းနည်းစရာမလိုပါဘူး။

အဲလိုလူမျိုးနဲ့ကွေကွင်းပေးခဲ့တဲ့ကံကြမ္မာကိုကျေးဇူးတင်လိုက်ပါ။

Credit:#ပန်သုငယ်

Zawgyiျဖင့္ဖတ္ရန္

ကိုယ့္ေနာက္ေက်ာကို ဓားနဲ႔ထိုးသူတိုင္း ကိုယ့္ရန္သူ မဟုတ္ပါဘူး

အရင္းႏွီးဆုံးသစၥာေဖာက္

ကိုယ့္ေနာက္ေက်ာကို ဓားနဲ႔ထိုးသူတိုင္း ကိုယ့္ရန္သူ မဟုတ္ပါဘူး။

တစ္ခါတစ္ေလမွာ ~~~ ကိုယ့္ေနာက္ေက်ာကို ဓားနဲ႔ထိုးသူဟာ ကိုယ္အယုံၾကည္ရဆုံး ကိုယ္သံေယာဇဥ္ အရွိဆုံး ကိုယ္အေလးထားရဆုံးသူလည္း ျဖစ္ေနတတ္တယ္။

ကိုယ္က ရန္သူလို႔ သတ္မွတ္ထားတိုင္း ရန္သူျဖစ္ခ်င္မွ ျဖစ္ႏိုင္သလို…

ကိုယ္က မိတ္ေဆြလို႔ သတ္မွတ္ထားသူကလဲ ကိုယ့္ရန္သူ ျဖစ္ခ်င္ျဖစ္ေနႏိုင္တာပဲ။

ကိုယ္သိပ္မုန္းလို႔ လွည့္မၾကည့္မိတဲ့သူက ကိုယ့္အက်ိဳး လိုလားသူ ျဖစ္ခ်င္ျဖစ္ေနႏိုင္သလို…

ကိုယ္သိပ္ခ်စ္လြန္းလို႔ အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုစိုက္ေနမိသူက ကိုယ့္ပ်က္စီးရာပ်က္စီးေၾကာင္း အားထုတ္ႀကံစည္ေနသူလဲ ျဖစ္ေနႏိုင္တာပဲ။

တစ္ခါတစ္ေလမွာ ~~~ ကိုယ့္ကို ျမႇားနဲ႔ပစ္လိုက္သူဟာ ကိုယ္ထင္မွတ္မထားတဲ့ ကိုယ္အခ်စ္ရဆုံး ယုံၾကည္ရဆုံး သံေယာဇဥ္အရွိဆုံးသူ ျဖစ္ေနႏိုင္သလို…

တစ္ခါတစ္ရံမွာ ~~~ ကိုယ့္ကို ဒဏ္ရာရေအာင္ နာက်င္ေအာင္လုပ္သူဟာ

တစ္ခ်ိန္တစ္ခါက … သူ႔ကို ဒဏ္ရာမရေအာင္ ကိုယ္က ကာကြယ္ေပးဖူးသူ ျဖစ္ေနတတ္သလို အဲဒီ ဒဏ္ရာေတြ ေလ်ာ့ပါးသက္သာေအာင္ ကိုယ္က ေဆးကုေပးခဲ့သူလည္း ျဖစ္ေနတတ္ပါတယ္။

တစ္ခါတစ္ေလမွာ ~~~ သူ႔ကို သူမ်ားက ျမႇားနဲ႔ပစ္တဲ့အခ်ိန္ ကိုယ္က ဝင္ကာေပးခဲ့ေပမဲ့ ကိုယ့္ကို သူမ်ားက ပစ္ေနတဲ့အခ်ိန္ သူကပါ ဝင္ၿပီး ကူပစ္ေပးသူ ျဖစ္ေနတတ္ပါတယ္။

#ေက်းဇူးရွိမွေက်းဇူးကန္းသူ ျဖစ္လာတတ္သလို..

အနစ္နာခံေပးသူကိုမွ ခ်နင္းသြားတတ္တာလဲ လူ႔သဘာဝလို႔ ဆိုရေလမလား မေျပာတတ္ေတာ့ပါဘူး။

အေသခ်ာဆုံးကေတာ့ ~~~ ကိုယ့္အေပၚ ေသရာပါေဝဒနာေတြ ေပးႏိုင္သူဟာ ကိုယ္က တစ္ခ်ိန္တစ္ခါမွာ ေလးနက္စြာတန္ဖိုးထားခ်စ္ခဲ့သူ ျဖစ္ေနတတ္တာပါပဲ။

ကိုယ့္ကိုလဲက်ေအာင္ေျခထိုးခံႏိုင္သူဟာ~~~ကိုယ့္ေျပးလမ္းကိုသိေနတဲ့သူပါ။

ကိုယ့္ကိုဆုံးရႈံးေအာင္လုပ္ႏိုင္သူဟာ~~~ကိုယ့္ေအာင္ျမင္မႈလမ္းေၾကာင္းကိုသိေနသူပါ။

ကိုယ့္ကိုမ်က္ရည္က်ေအာင္လုပ္ႏိုင္သူဟာ ~~~ ကိုယ့္အတြင္းစိတ္ကိုေသခ်ာသိေနႏိုင္သူပါ။

ဘာေၾကာင့္ဆို ~~~ ကိုယ္က သူတို႔ကို ယုံၾကည္အားကိုးစြာ ဖြင့္ေျပာျပခဲ့မိလို႔ပါ။

ေလာကရဲ႕အမွန္ဆုံး နိယာမေတြထဲေပးေသာ္လည္းေပးတိုင္းျပန္မရတတ္တဲ့ အရာေတြထဲမွာ…

” အခ်စ္” ….. အျပင္ ” အစစ္” ဆိုတာကိုလဲ ထည့္ထားရပါလိမ့္မယ္။

မိမိခ်စ္သူအပါအဝင္ ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ အဆုံးသတ္မေရာက္ခင္ထိ အစစ္လို႔မထင္မိပါေစနဲ႔

ကိုယ္အထင္မွာ

Leave a Reply

Your email address will not be published. Required fields are marked *