မိခင္စိိတ္ထားျပီး အမုန္းခံခ်စ္ေနရလို႕ ပူညံံပူညံလုပ္တတ္တဲ႕ ဇနီးကိုိ တန္ဖိုိးထားပါ

Zawgyiျဖင့္ဖတ္ရန္

နွွေမ်ာ တတ္တဲ႔ ဇနီးကိုိ တန္ဖိုးထားပါ သူကသင့္ရဲ႕ ေနာင္ေရးအတြက္ေတြးျပီး ထိန္းသိမ္း ေပးေနရလို႕ ။ ဟင္းခ်က္ညံ႔တဲ႕ ဇနီးကိုိ တန္ဖိုး ထားပါ အရသာေရာ့ေပမဲ႕ အျပင္စာေတြထက္ေတာ့ သင့္က်မ္းမာေရး စိိတ္ခ်ရလို႕

ရုပ္္မလွတဲ႕ ဇနီးကိုိ တန္ဖိုးထားပါ လမ္းေပၚက မိန္းမေတြလို မလန္းေပမဲ႕ သင့္ဘဝရဲ႕ ေနဝင္ခ်ိိန္ေတြ မဂြမ္းဖို႔ေတာ့ စိတ္ေအးရလို႕

တကယ္ေတာ့ မိိန္းမေတြ ပူညံပူညံ လုပ္တယ္ဆိုတာ ကိုိယ့္လင္သားကို အေကာင္းဆံုးေတြပဲျဖစ္ေစခ်င္လို႕ ေနရာတကာလိုက္ေျပာရင္ အခ်စ္ေတြေရာ့မယ္ ဆိုတာ သိရက္နဲ႕အမုန္းခံေျပာေနရတာ ေမတၱာစိိတ္ေျကာင့္ပါ

လင္သားထက္ ကိုိယ့္ကိုကိုယ္ပဲ ပိုခ်စ္တဲ႕မိန္းမမိ်ဳးက ေတာ့ အမုန္းမခံဘူး။ အရက္ေသာက္ရံုမကလို႕ အစိိပ္ပဲ ေသာက္ေသာက္ ကိုယ့္အေရးလား ေမွာင္ခိုပဲ လုပ္လုပ္ ေထာင္ပဲက်က် သူ႕တို႕အတြက္ အဓိကက်တာ ကိုယ္လွဖို႕နဲ႕ ကိုယ္လန္းဖို႕ ကိုယ္သံုးရဖို႔ ကိုယ္ပိုျပီး အခ်စ္ခံ ရဖို႕ပဲ

ေျပာျကေသးတယ္ မိိန္းမဆီေရာက္သြားတဲ႕ ပိုက္ဆံ ျပန္ရဖို႔ ခက္လို႕ လ်ွိဳထားမွ ဖြက္ထားမွအကုန္မအပ္မွတဲ႕

ေနာင္ေရးနဲ႕က်မ္းမာေရးအေျကာင္းတခုခုေပၚလာတဲ႕အခါ နွေမ်ာတတ္ျပီး စည္းစနစ္ရွိိတဲ႕မိန္းမတေယာက္ရဲ႕ တန္ဖိုးကိုသိရပါလိမ့္မယ္။

အိမ္ကမိန္းမခ်က္တဲ႕ဟင္းကို ညီးေငြ႕လိုိ႕အျပင္မွာပဲ စားခ်င္တဲ႕သူေတြရွိတယ္။

ဟင္းခ်က္တယ္ဆိုတာအိိမ္ရွင္မတေယာက္အတြက္ အေပ်ာ္ရႊင္ဆံုး အလုပ္လို႕ေတာင္ေျပာလို႕ ရပါတယ္။ ကိုိယ္ႀကိုက္တဲ႕လက္ရာကိုေျပာျပျပီး ျပင္ခိုိင္းလို႕ရတာပဲ

ဇနီးမယားကေတာ့ အျပင္ဆိုင္က သူေတြလို ဆီမ်ားမ်ား အခိ်ဳမူန္႔ ေပါေပါမထည့္ဘူး မိႈိတက္ေနလားမသိတဲ႕ ငရုပ္မူန္႕ေတြမျဖစ္ေအာင္ရယ္ သန္႔ရွင္းစြာနဲ႔ လိုတိုး ပိုေလ်ွာ့သတိနဲ႕ထားျပီး ခ်က္ျပဳတ္ရလို႕ဆိုင္ကဟင္းေတြ ေလာက္ခံတြင္းမေတြ႕ရင္ေတာင္ က်မ္းမာဖို႕ေတာ့ စိတ္ေအးရတယ္။

အျပင္က ေစာ္ေလးေတြ ေခ်ာလိုိက္တာကြာ အိိမ္ကဟာမျကီးေတာ့ ျပန္ေတာင္အမ္းလိုက္ခ်င္ ေသးတယ္လို႕ မိန္းမကြယ္ရာမွာ အပုတ္ခ်စကား လုပ္ေျပာေနတဲ႕ေယာက်ာ္းေတြရွိတယ္။

ဇရာေတြဖက္ လင္ပူသားပူနဲ႕အိိမ္အလုပ္ေတြ လံုးခ်ာလိုက္ျပီး အလွျပင္ခ်ိန္ေတာင္မရွိ ေတာ့တဲ႕ ကိုယ့္ရဲ႕ ဇနီးမယားကို စကားအျဖစ္နဲ႕ေတာင္ ေလွာင္ေျပာင္မေျပာသင့္ပါဘူး။ မိန္းမေကာင္းေတြမို႕ လင္ယူသားေမြး ဘဝတခုလံုးကို ပံုအပ္ျပီး ရုပ္ပ်က္တဲ႕ အထိေပးဆပ္ေနတာေပါ့

အပိ်ဳျကီးေတြကလြဲရင္ တခိ်ဳ႕ေသာ မိန္းမေတြကေတာ့ လင္ေတြသားေတြအတြက္ သူတုိ႕ဘဝကိုိယ္ ဘယ္ေတာ့မွ မေပးဆပ္ဘူး။ လန္းေနေအာင္ အလွေတြၿပင္ ေပ်ာ္ေပ်ာ္ေန ေပ်ာ္ေပ်ာ္စား ေယာက်ာ္းေတြကိုအသံုးခ်ျပီး လွလွေလးပဲေနသြား ျကမွာ။

ဒါေျကာင့္မို႔ိ

အစစ္ကိုျမင္္ အခ်စ္ကိုျပင္နိုင္ပါေစ

Credit:မႀကီးေဌး(အင္္းမ)

Unicodeဖြင့်ဖတ်ရန်

မိခင်စိတ်ထားပြီး အမုန်းခံချစ်နေရလို့ ပူညံံပူညံလုပ်တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ

နှမျော တတ်တဲ့ ဇနီးကို တန်ဖိုးထားပါ သူကသင့်ရဲ့ နောင်ရေးအတွက်တွေးပြီး ထိန်းသိမ်း ပေးနေရလို့ ။ ဟင်းချက်ညံ့တဲ့ ဇနီးကို တန်ဖိုး ထားပါ အရသာရော့ပေမဲ့ အပြင်စာတွေထက်တော့ သင့်ကျမ်းမာရေး စိတ်ချရလို့

ရုပ်မလှတဲ့ ဇနီးကို တန်ဖိုးထားပါ လမ်းပေါ်က မိန်းမတွေလို မလန်းပေမဲ့ သင့်ဘဝရဲ့ နေဝင်ချိန်တွေ မဂွမ်းဖို့တော့ စိတ်အေးရလို့

တကယ်တော့ မိန်းမတွေ ပူညံပူညံ လုပ်တယ်ဆိုတာ ကိုယ့်လင်သားကို အကောင်းဆုံးတွေပဲဖြစ်စေချင်လို့ နေရာတကာလိုက်ပြောရင် အချစ်တွေရော့မယ် ဆိုတာ သိရက်နဲ့အမုန်းခံပြောနေရတာ မေတ္တာစိတ်ကြောင့်ပါ

လင်သားထက် ကိုယ့်ကိုကိုယ်ပဲ ပိုချစ်တဲ့မိန်းမမျိုးက တော့ အမုန်းမခံဘူး။ အရက်သောက်ရုံမကလို့ အစိပ်ပဲ သောက်သောက် ကိုယ့်အရေးလား မှောင်ခိုပဲ လုပ်လုပ် ထောင်ပဲကျကျ သူ့တို့အတွက် အဓိကကျတာ ကိုယ်လှဖို့နဲ့ ကိုယ်လန်းဖို့ ကိုယ်သုံးရဖို့ ကိုယ်ပိုပြီး အချစ်ခံ ရဖို့ပဲ

ပြောကြသေးတယ် မိန်းမဆီရောက်သွားတဲ့ ပိုက်ဆံ ပြန်ရဖို့ ခက်လို့ လျှိုထားမှ ဖွက်ထားမှအကုန်မအပ်မှတဲ့

နောင်ရေးနဲ့ကျမ်းမာရေးအကြောင်းတခုခုပေါ်လာတဲ့အခါ နှမျောတတ်ပြီး စည်းစနစ်ရှိတဲ့မိန်းမတယောက်ရဲ့ တန်ဖိုးကိုသိရပါလိမ့်မယ်။

အိမ်ကမိန်းမချက်တဲ့ဟင်းကို ညီးငွေ့လို့အပြင်မှာပဲ စားချင်တဲ့သူတွေရှိတယ်။

ဟင်းချက်တယ်ဆိုတာအိမ်ရှင်မတယောက်အတွက် အပျော်ရွှင်ဆုံး အလုပ်လို့တောင်ပြောလို့ ရပါတယ်။ ကိုယ်ကြိုက်တဲ့လက်ရာကိုပြောပြပြီး ပြင်ခိုင်းလို့ရတာပဲ

ဇနီးမယားကတော့ အပြင်ဆိုင်က သူတွေလို ဆီများများ အချိုမူန့် ပေါပေါမထည့်ဘူး မှိုတက်နေလားမသိတဲ့ ငရုပ်မူန့်တွေမဖြစ်အောင်ရယ် သန့်ရှင်းစွာနဲ့ လိုတိုး ပိုလျှော့သတိနဲ့ထားပြီး ချက်ပြုတ်ရလို့ဆိုင်ကဟင်းတွေ လောက်ခံတွင်းမတွေ့ရင်တောင် ကျမ်းမာဖို့တော့ စိတ်အေးရတယ်။

အပြင်က စော်လေးတွေ ချောလိုက်တာကွာ အိမ်ကဟာမကြီးတော့ ပြန်တောင်အမ်းလိုက်ချင် သေးတယ်လို့ မိန်းမကွယ်ရာမှာ အပုတ်ချစကား လုပ်ပြောနေတဲ့ယောကျာ်းတွေရှိတယ်။

ဇရာတွေဖက် လင်ပူသားပူနဲ့အိမ်အလုပ်တွေ လုံးချာလိုက်ပြီး အလှပြင်ချိန်တောင်မရှိ တော့တဲ့ ကိုယ့်ရဲ့ ဇနီးမယားကို စကားအဖြစ်နဲ့တောင် လှောင်ပြောင်မပြောသင့်ပါဘူး။ မိန်းမကောင်းတွေမို့ လင်ယူသားမွေး ဘဝတခုလုံးကို ပုံအပ်ပြီး ရုပ်ပျက်တဲ့ အထိပေးဆပ်နေတာပေါ့

အပျိုကြီးတွေကလွဲရင် တချို့သော မိန်းမတွေကတော့ လင်တွေသားတွေအတွက် သူတို့ဘဝကိုယ် ဘယ်တော့မှ မပေးဆပ်ဘူး။ လန်းနေအောင် အလှတွေပြင် ပျော်ပျော်နေ ပျော်ပျော်စား ယောကျာ်းတွေကိုအသုံးချပြီး လှလှလေးပဲနေသွား ကြမှာ။

ဒါကြောင့်မို့ိ

အစစ်ကိုမြင် အချစ်ကိုပြင်နိုင်ပါစေ

Credit:မကြီးဌေး(အင်းမ)

Leave a Reply

Your email address will not be published. Required fields are marked *