ကထိက ေမာင္းေသာ Taxi ကားကို စီးခဲ့မိေလတဲ့ ေက်ာင္းသားတစ္ဖြဲ႕..

Zawgyiျဖင့္ဖတ္ရန္

မိမိတို႔ အဖြဲ႕ ဒီေန႔ ေက်ာင္းမွာ စာက်က္ တစ္ေနကုန္ လုပ္စရာရွိတာေတြလုပ္ေနတာနဲ႔ ည ၈ နာရီ ခြဲေလာက္မွ ေက်ာင္းကေန ျပန္ျဖစ္ပါတယ္။ျပန္တာလည္း ေနာက္က်ျပီး ဗိုက္ေတြလည္း ဆာကာထမင္းလည္း ဘာမွမစားရေသးတာနဲ႕၇၈ လမ္းဆံုနားက ဆိုင္္မွာ သူငယ္ခ်င္းေတြစုျပီး ထမင္းသြားစားဖို႔ ေက်ာင္းထဲကေန ရရာ လိုင္းကားစီးျပီး ထမင္းဆိုင္ကိုသြားပါတယ္။

ထမင္းလည္း စားျပီးေရာ အခ်ိန္ၾကည့္လိုက္ေတာ့ ည ၉ နာရီ ၁၅ မိနစ္ရွိခဲ့ျပီ။ အိမ္ျပန္ဖိ႔ုလိုင္းကားေတြလည္း မရွိေတာ့တာနဲ႔ Taxi ငွားဖို႔ ဆံုးျဖတ္ျပီး လာေနတဲ့ Taxi ကို တားျပီး ေစ်းႏႈန္းညွိကာ ငွားရမ္းခဲ့ပါတယ္။အဲ့ဒါနဲ႕ Taxi စီးလာတုန္း ျပႆနာမဟုတ္။ မိမိတို႔ အဖြဲ႕Taxi ေပၚမွာပဲ စကားေတြတေျပာေျပာနဲ႔ စာေမးပြဲနီးေနျပီျဖစ္ေသာ္လည္း စာေတြမရေသးေၾကာင္း စာေမးပြဲမွာ ေခြးျဖစ္မည့္ အေၾကာင္း တကၠသိုလ္အေၾကာင္း အစရွိသျဖင့္ ေျပာဆိုလာၾကသည္။

ထိုအခ်ိန္ Taxi သမား ဦးေလးၾကီးက ကြ်န္ေတာ္တုု႔ိကို “သားတို႔ သမီးတို႔ က်ဴရွင္က ေနာက္က်လွခ်ည္လား” လို႔ စကားစတယ္။ကြ်န္ေတာ္တိ႔ုကလည္း ျပန္လည္ ေမးျမန္းရင္းျဖင့္ Taxi သမားဦးေလးၾကီးမွာ– ယခုလက္ရွိ ဒဂံုတကၠသိုလ္ ေရွးေဟာင္းသုေသသန ပညာဌာနက ကထိကျဖစ္ေၾကာင္း– တတိယႏွစ္ ေက်ာင္းသား/သူမ်ားကို သင္ၾကားပို႔ခ်ေနေၾကာင္း– ရန္ကင္းအေဆာင္မွူးလည္း ျဖစ္ေၾကာင္း – မႏၲေလးတကၠသိုလ္ကေန ဒဂံုတကၠသိုလ္သို႔ အေျပာင္းအေရႊ႕ႏွင့္ တာဝန္လာေရာက္ထမ္းေဆာင္သည္မွာ ၃ လခန္႔သာရွိေသးေၾကာင္း စသည္တို႕ အံ့ၾသစြာနဲ႔ သိခြင့္ရခဲ့ပါသည္။

ေနာက္ဆံုး လိုရာခရီး ေရာက္ခါနီး Taxi ေပၚက မဆင္းခင္ ဆရာက အခုလို ေျပာပာတယ္။ ” ဆရာက အခုလိုပဲ Taxi မၾကာမၾကာ ေမာင္းတယ္။ ကားေမာင္းျပီး မုခ္ဝကထြက္တာနဲ႔ ဆရာ့ရာထူးနဲ႔ ဆရာ့ပညာအရည္အခ်င္းကို ေက်ာင္းထဲမွာပဲထာခဲ့ပါတယ္” တဲ့ေလ။ ကြ်န္ေတာ္ေတာင္ မ်က္ရည္ေဝ့ခနဲ တက္လာတယ္။

ေၾသာ္ … အလုပ္ဟူသမွ် ဂုဏ္ရွိစြ ပါတကား။

Credit-ေမာင္ဟိန္းထက္

Unicodeဖြင့်ဖတ်ရန်

ကထိက မောင်းသော Taxi ကားကို စီးခဲ့မိလေတဲ့ ကျောင်းသားတစ်ဖွဲ့..

မိမိတို့ အဖွဲ့ ဒီနေ့ ကျောင်းမှာ စာကျက် တစ်နေကုန် လုပ်စရာရှိတာတွေလုပ်နေတာနဲ့ ည ၈ နာရီ ခွဲလောက်မှ ကျောင်းကနေ ပြန်ဖြစ်ပါတယ်။ပြန်တာလည်း နောက်ကျပြီး ဗိုက်တွေလည်း ဆာကာထမင်းလည်း ဘာမှမစားရသေးတာနဲ့၇၈ လမ်းဆုံနားက ဆိုင်မှာ သူငယ်ချင်းတွေစုပြီး ထမင်းသွားစားဖို့ ကျောင်းထဲကနေ ရရာ လိုင်းကားစီးပြီး ထမင်းဆိုင်ကိုသွားပါတယ်။

ထမင်းလည်း စားပြီးရော အချိန်ကြည့်လိုက်တော့ ည ၉ နာရီ ၁၅ မိနစ်ရှိခဲ့ပြီ။ အိမ်ပြန်ဖိ့ုလိုင်းကားတွေလည်း မရှိတော့တာနဲ့ Taxi ငှားဖို့ ဆုံးဖြတ်ပြီး လာနေတဲ့ Taxi ကို တားပြီး ဈေးနှုန်းညှိကာ ငှားရမ်းခဲ့ပါတယ်။အဲ့ဒါနဲ့ Taxi စီးလာတုန်း ပြဿနာမဟုတ်။ မိမိတို့ အဖွဲ့Taxi ပေါ်မှာပဲ စကားတွေတပြောပြောနဲ့ စာမေးပွဲနီးနေပြီဖြစ်သော်လည်း စာတွေမရသေးကြောင်း စာမေးပွဲမှာ ခွေးဖြစ်မည့် အကြောင်း တက္ကသိုလ်အကြောင်း အစရှိသဖြင့် ပြောဆိုလာကြသည်။

ထိုအချိန် Taxi သမား ဦးလေးကြီးက ကျွန်တော်တု့ိကို “သားတို့ သမီးတို့ ကျူရှင်က နောက်ကျလှချည်လား” လို့ စကားစတယ်။ကျွန်တော်တိ့ုကလည်း ပြန်လည် မေးမြန်းရင်းဖြင့် Taxi သမားဦးလေးကြီးမှာ– ယခုလက်ရှိ ဒဂုံတက္ကသိုလ် ရှေးဟောင်းသုသေသန ပညာဌာနက ကထိကဖြစ်ကြောင်း– တတိယနှစ် ကျောင်းသား/သူများကို သင်ကြားပို့ချနေကြောင်း– ရန်ကင်းအဆောင်မှူးလည်း ဖြစ်ကြောင်း – မန္တလေးတက္ကသိုလ်ကနေ ဒဂုံတက္ကသိုလ်သို့ အပြောင်းအရွှေ့နှင့် တာဝန်လာရောက်ထမ်းဆောင်သည်မှာ ၃ လခန့်သာရှိသေးကြောင်း စသည်တို့ အံ့သြစွာနဲ့ သိခွင့်ရခဲ့ပါသည်။

နောက်ဆုံး လိုရာခရီး ရောက်ခါနီး Taxi ပေါ်က မဆင်းခင် ဆရာက အခုလို ပြောပာတယ်။ ” ဆရာက အခုလိုပဲ Taxi မကြာမကြာ မောင်းတယ်။ ကားမောင်းပြီး မုခ်ဝကထွက်တာနဲ့ ဆရာ့ရာထူးနဲ့ ဆရာ့ပညာအရည်အချင်းကို ကျောင်းထဲမှာပဲထာခဲ့ပါတယ်” တဲ့လေ။ ကျွန်တော်တောင် မျက်ရည်ဝေ့ခနဲ တက်လာတယ်။

သြော် … အလုပ်ဟူသမျှ ဂုဏ်ရှိစွ ပါတကား။

Credit-မောင်ဟိန်းထက်

Leave a Reply

Your email address will not be published. Required fields are marked *