ကြမ္းယာလုပ္ငန္းရွင္တစ္ဦးေျပာျပတဲ့ ေျကာက္မယ္ဖြယ္ ကြမ္းယာ အႏၲရာယ္

Zawgyiျဖင့္ဖတ္ရန္

ေရစိမ္ၿပီး စိတ္ထားတဲ့ကြမ္းသီးစိတ္ ေတြကို အလံုပိတ္အခန္းထဲမွာ ကန္႔(ဆာလဖာ)မႈန္႔ ကို မီးရွိဳ႕ျပီးထြက္လာတဲ့ အေငြ႔နဲ႔ေပါင္းတယ္။ ကန္႔႐ိုက္တယ္လို႔ ေခၚပါတယ္။

ကန္႔ကို မီး႐ွိဳ႕လို႔ ထြက္လာတဲ့ ဓာတ္ေငြ႕နဲ႔ ကြမ္းသီးစိတ္ မ်က္ႏွာျပင္က ေရအစိုဓာတ္ ဓာတ္ျပဳခ်ိန္မွာ ဆာလျဖဴရစ္ အက္ဆစ္အေပ်ာ့စားျဖစ္လာၿပီး ကြမ္းသီး မ်က္ႏွာျပင္ကို အက္စစ္က တိုက္စားလိုက္တယ္။ အဲဒီအခါမွာ နဂိုက ခပ္ညိဳညိဳကြမ္းသီးဟာ ေဖြးျဖဴၿပီး စားခ်င္စဖြယ္ျဖစ္သြားေရာဗ်။

ကန္႔ဖိုထဲက ထြက္လာကာစ ကြမ္းသီးစိတ္ကို နမ္းၾကည့္ဖို႔မေျပာနဲ႔ အရမ္းျပင္းတဲ့အနံ႔ဆိုးေၾကာင့္ ကန္႔ဖိုဖြင့္ခါစမွာ အထဲကို လူမဝင္ႏိုင္ပါဘူး။ အဲဲ့လိုအန႔ံျပင္းတဲ့ ကြမ္းသီးစိတ္ ကိုမွ ကြမ္းယာဆိုင္ကို ပို႔တဲ့လူေတြက ဝယ္ၾကတယ္။ အန႔ံျပင္းေလ ၊ မိႈအတက္သက္သာေလ အထားခံေလကိုး။

ကန္႔ဖို အနားမွာရွိတဲ့ ေခါင္မိုးသြပ္ေတြဟာ လ ပိုင္း အတြင္းမွာပဲ ေဆြးေျမ့ျပတ္က်ကုန္တယ္။ ကန္႔ဖိုတံခါးမွာ ပတၱာတို႔ ေမ်ာက္လက္တို႔ တပ္ထားရင္ တစ္လမခံဘူး ကန္႔ေငြ႔စားၿပီး ျပတ္က်ကုန္တယ္။

ကန္႔ဖိုမွာ ဒိုင္ခံအလုပ္လုပ္တဲ့ အလုပ္သမားေတြဟာ ၅/၁၀ႏွစ္အတြင္း ႐ွဴနာ႐ိႈက္ကုန္းေတြျဖစ္ကုန္ၾကတယ္။ မနက္ခင္း ဖိုဖြင့္ကာစမွာ အထဲဝင္ၿပီး ကြမ္းသီးထမ္းထုတ္ရသူေတြ အဆိုးဆံုးပဲ။ ဒါက မန္းေလးဒီဖက္ ေအာက္ျမန္မာျပည္နဲ႔ ရန္ကုန္မွာ ကြမ္းသီးစိတ္လုပ္ၾကတဲ့နည္းပါ။

(ကြမ္း အႏၲရာယ္ ကို လက္လွမ္းမွီ သေလာက္တင္ျပပါမယ္။ စားတာမစားတာ ကိုယ္ပိုင္ ဆုံးျဖတ္ခ်က္သာ ျဖစ္ပါေၾကာင္း)

ယင္းပုိ႔စ္ေအာက္တြင္ ကြမ္းသီးလုပ္ငန္း လုပ္ကုိင္ခဲ့သူ တဦးက ေျပာျပသည့္ ကြန္းမန္႔တခုကုိလည္း ျပန္လည္ ေဖာ္ျပလုိက္ပါသည္-

ကြမ္းသီးျခမ္းျဖစ္ေစ ၊ အလံုးျဖစ္ေစ ေရစည္ပိုင္းထဲထည့္ အနည္းဆံုးတညေလာက္ ေရစိမ္ထား။ ေနာက္ေန႔ ႀကိမ္ျခင္းေတြနဲ႔ ျပန္ဆယ္။ အုတ္တိုက္ထဲႀကိမ္ျခင္းေတြ ထပ္ထား။ မီးဖိုကို မီးေသြးေတြနဲ႔ ရဲေနေအာင္ အျပင္မွာဖို။ ခူးထားတဲ့ရႊံ့ေတြ ေရနဲ႔ျပန္နယ္ထား။

ကန္႔ေတြကို အမွဳန္႔ျဖစ္ေအာင္ ေထာင္းထုၿပီး စကၠဴနဲ႔ထုပ္ၿပီးအဆင္သင့္ျပင္ထား။ အုတ္တိုက္ထဲ ျပည့္ၿပီလားဆို မီးခဲေတြ ရဲေနၿပီျဖစ္တဲ့ မီးဖိုအရင္မ ထည့္။ မ်က္ႏွာသုတ္ပုဝါကို ေရဆြတ္ၿပီး ႏွာေခါင္းနဲ႔ မ်က္ႏွာပတ္ထားတဲ့လူက ကန္႔မွဳန္႔ထုပ္ကို မီးဖိုထဲထည့္။

စူးကနဲ ထြက္လာတဲ့ ကန္႔မီးေလာင္တဲ့အနံ့က ႏွာေခါင္းထဲကို သံခၽြန္နဲ႔ ထိုးလိုက္သလိုအခ်ိန္မွာ တံခါးကို အဆင္သင့္ ကိုင္ထားတဲ့တေယာက္က အျမန္ပိတ္။ တံခါးၾကားက ထြက္လာတဲ့ အနံ့ေတြကို ရႊံ့ေတြနဲ႔ ေလလံုေအာင္ ေသခ်ာအျမန္မံ။ ရၿပီ။

၂-၃ ရက္ေလာက္ ထားလိုက္ေတာ့။ ေနာက္ ျပန္ဖြင့္တဲ့ ရက္ေစာင့္။ ဖြင့္ရက္ေရာက္ရင္ မ်က္ႏွာသုတ္ပုဝါေရဆြတ္ပတ္ၿပီး တံခါးဖြင့္။ ေပ ၂၀ ေလာက္က ေတာ္ယံုလူကေတာ့ ႏွာေခါင္းထဲ သံခၽြန္နဲ႔ ထိုးထည့္လိုက္သလို ခံစားရလိမ့္အံုးမယ္။ တရက္ေလာက္ ဖြင့္ထားၿပီးမွ ႀကိမ္ျခင္းေတြ ျပန္ထမ္းထုတ္။ အိတ္သြတ္ ပိႆာ ၆၀ ခ်ိန္ထည့္။ လိုရာကားတင္ပို႔။

Credit – Aung Thura Phyo

Unicodeဖြင့်ဖတ်ရန်

ကွမ်းယာလုပ်ငန်းရှင်တစ်ဦးပြောပြတဲ့ ကြောက်မယ်ဖွယ် ကွမ်းယာ အန္တရာယ်

ရေစိမ်ပြီး စိတ်ထားတဲ့ကွမ်းသီးစိတ် တွေကို အလုံပိတ်အခန်းထဲမှာ ကန့်(ဆာလဖာ)မှုန့် ကို မီးရှို့ပြီးထွက်လာတဲ့ အငွေ့နဲ့ပေါင်းတယ်။ ကန့်ရိုက်တယ်လို့ ခေါ်ပါတယ်။

ကန့်ကို မီးရှို့လို့ ထွက်လာတဲ့ ဓာတ်ငွေ့နဲ့ ကွမ်းသီးစိတ် မျက်နှာပြင်က ရေအစိုဓာတ် ဓာတ်ပြုချိန်မှာ ဆာလဖြူရစ် အက်ဆစ်အပျော့စားဖြစ်လာပြီး ကွမ်းသီး မျက်နှာပြင်ကို အက်စစ်က တိုက်စားလိုက်တယ်။ အဲဒီအခါမှာ နဂိုက ခပ်ညိုညိုကွမ်းသီးဟာ ဖွေးဖြူပြီး စားချင်စဖွယ်ဖြစ်သွားရောဗျ။

ကန့်ဖိုထဲက ထွက်လာကာစ ကွမ်းသီးစိတ်ကို နမ်းကြည့်ဖို့မပြောနဲ့ အရမ်းပြင်းတဲ့အနံ့ဆိုးကြောင့် ကန့်ဖိုဖွင့်ခါစမှာ အထဲကို လူမဝင်နိုင်ပါဘူး။ အဲ့လိုအနံ့ပြင်းတဲ့ ကွမ်းသီးစိတ် ကိုမှ ကွမ်းယာဆိုင်ကို ပို့တဲ့လူတွေက ဝယ်ကြတယ်။ အနံ့ပြင်းလေ ၊ မှိုအတက်သက်သာလေ အထားခံလေကိုး။

ကန့်ဖို အနားမှာရှိတဲ့ ခေါင်မိုးသွပ်တွေဟာ လ ပိုင်း အတွင်းမှာပဲ ဆွေးမြေ့ပြတ်ကျကုန်တယ်။ ကန့်ဖိုတံခါးမှာ ပတ္တာတို့ မျောက်လက်တို့ တပ်ထားရင် တစ်လမခံဘူး ကန့်ငွေ့စားပြီး ပြတ်ကျကုန်တယ်။

ကန့်ဖိုမှာ ဒိုင်ခံအလုပ်လုပ်တဲ့ အလုပ်သမားတွေဟာ ၅/၁၀နှစ်အတွင်း ရှူနာရှိုက်ကုန်းတွေဖြစ်ကုန်ကြတယ်။ မနက်ခင်း ဖိုဖွင့်ကာစမှာ အထဲဝင်ပြီး ကွမ်းသီးထမ်းထုတ်ရသူတွေ အဆိုးဆုံးပဲ။ ဒါက မန်းလေးဒီဖက် အောက်မြန်မာပြည်နဲ့ ရန်ကုန်မှာ ကွမ်းသီးစိတ်လုပ်ကြတဲ့နည်းပါ။

(ကွမ်း အန္တရာယ် ကို လက်လှမ်းမှီ သလောက်တင်ပြပါမယ်။ စားတာမစားတာ ကိုယ်ပိုင် ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း)

ယင်းပို့စ်အောက်တွင် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်ခဲ့သူ တဦးက ပြောပြသည့် ကွန်းမန့်တခုကိုလည်း ပြန်လည် ဖော်ပြလိုက်ပါသည်-

ကွမ်းသီးခြမ်းဖြစ်စေ ၊ အလုံးဖြစ်စေ ရေစည်ပိုင်းထဲထည့် အနည်းဆုံးတညလောက် ရေစိမ်ထား။ နောက်နေ့ ကြိမ်ခြင်းတွေနဲ့ ပြန်ဆယ်။ အုတ်တိုက်ထဲကြိမ်ခြင်းတွေ ထပ်ထား။ မီးဖိုကို မီးသွေးတွေနဲ့ ရဲနေအောင် အပြင်မှာဖို။ ခူးထားတဲ့ရွှံ့တွေ ရေနဲ့ပြန်နယ်ထား။

ကန့်တွေကို အမှုန့်ဖြစ်အောင် ထောင်းထုပ

Leave a Reply

Your email address will not be published. Required fields are marked *