ခွင့်ပြုချက်မရဘဲတစ်ခြားသူဖုန်းကို လျှို့ဝှက်စစ်ကြည့်မယ်ဆိုရင် ဒဏ်ကြေးငွေ မြန်မာငွေသိန်းနှစ်ထောင်ကျော် ပေးရတဲ့ နိုင်ငံ
Unicode
ခွင့်ပြုချက်မရဘဲတစ်ခြားသူဖုန်းကို လျှို့ဝှက်စစ်ကြည့်မယ်ဆိုရင် ဒဏ်ကြေးငွေ မြန်မာငွေသိန်းနှစ်ထောင်ကျော် ပေးရတဲ့ နိုင်ငံ
လူတိုင်းလိုလိုကတော့ တစ်ကြိမ်တစ်ခါလောက်တော့တခြားလူတစ်ယောက်ရဲ့ ဖုန်းကိုစစ်ကြည့်မိကြမှာပါ ။ကိုယ့်ရဲ့ချစ်သူ ကိုယ့်ရဲ့နောက်ကွယ်မှာများဖောက်ပြန်နေလား၊ဒါမှမဟုတ်သူ့ကိုယ့်အပေါ်သစ္စာရှိသေရဲ့လား ဆိုတဲ့ ကိစ္စအမျိုးမျိုးတွေကြောင့်
စစ်ကြည့်မိကြမှာပါနော်။ သေချာတာကတော့ အဆိုပါလုပ်ရပ်မျိုးဟာ မမှန်ကန်ပါဘူးနော်။သိူ့ပေမယ့် လူ့ရဲ့သဘောသဘာဝ အရတော့ လုပ်နေမိတုန်းပါပဲ ။ အဆိုပါကိစ္စတွေကြောင့်စကားများရန်ဖြစ်ကြပြီးတော့ အချို့ဆိုရင်အချင်းချင်းမုန်းသွားကြတဲ့ အဆင့်ထိရောက်သွားတတ်တာမျိုးပါ။
ထို့ကြောင့် အဆိုပါလုပ်ရပ်မျိုးကို Saudi Arabia နိုင်ငံရောက်လို့ လုပ်မိရင်တော့လုံးဝကိုဒုက္ခရောက်သွားမှာပါနော် ။ဘာလို့လည်းဆိုရင် အဆိုပါနိုင်ငံမှာ ဒီလိုလုပ်ရပ်တွေကပြစ်မှုမြောက်လို့ပါတဲံ ။ ချစ်သူဖြစ်ဖြစ် ၊ ဇနီးမောင်နှံ အချင်းချင်းပဲဖြစ်ဖြစ် အခြားသူ တစ်ယောက်ရဲ့ဖုန်းကို ခွင့်ပြုချက်မရပဲ ဝင်ကြည့်မိလို့ အရေးကြီးတဲ့ အချက်အလက်တွေကို
တွေ့သွားမယ်ဆိုရင်တော့ အနည်းဆုံး ထောင်ဒဏ်တစ်နှစ်ခန့်ချမှတ်ခံရမယ့် အပြင် ဒဏ်ကြေးငွေအနေဖြင့် 500,000 Riyal မြန်မာငွေ သိန်း နှစ်ထောင်ကျော်) ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရတာပါ ။သို့ပေမဲ့ အခြားသူတစ်ယောက်ရဲ့ဖုန်းကို
ခွင့်ပြုချက်မရဘဲဝင်ကြည့်ခဲ့လို့ အရေးကြီးတဲ့အချက်အလက်တွေကိုမတွေ့ရှိခဲ့ဖူးဆိုရင်တော့ ထောင်ဒဏ်အနည်းငယ် aလျှာ့ကျပေးမည့်အပြင်၊ ဒဏ်ကြေးငွေလည်း လျှော့ကျပေး မှာပါ ။ ယခုကဲ့သို့ လုပ်ရပ်မျိုးကို Cybercrimes
အနေနဲ့အမျိုးအစားသတ်မှတ်ထားကြောင်း သိရှိရပါတယ်နော် ။ မိုဘိုင်းဖုန်းတင်မကသေးပါဘူး အခြားတစ်ပါးသူရဲ့ကွန်ပြူတာတို့ ၊ ကင်မရာတို့ကို ခွင့်မပြုချက်မရဘဲ စစ်ဆေးမယ်ဆိုရင်လည်း အလားတူပြစ်ဒဏ်မြောက်ကြောင်း သိရှိရတာပါ ။
Leave a Reply
Your email address will not be published. Required fields are marked *