
Zawgyiျဖင့္ဖတ္ရန္
ခ်င္းျပည္နယ္ႏွင့္ နယ္စပ္ခ်င္းထိဆက္သည့္ မိဇိုရမ္ျပည္နယ္မွာ ၆ႏွစ္အ႐ြယ္ ကေလးငယ္တစ္ေယာက္က စက္ဘီးႏွင့္ ၾကက္ကေလးကိုတိုက္မိၿပီး ေဆးကုသေပးဖို႔ အဆိုပါၾကက္ကေလးကို အိႏၵိယေငြ Rs. ၁၀ က်ပ္နဲ႔ ေဆး႐ုံသို႔သြားျပခဲ့ပါတယ္။
ဤအျဖစ္ပ်က္ကို Sanga ဟုေခၚေသာ ေဆး႐ုံသူနာျပဳဝန္ထမ္းတစ္ဦးက Facebook မွာတင္တဲ့အခါမွာ ကေလးငယ္ေလးရဲ႕ျဖဴစင္႐ိုးသားလြန္းတဲ့စိတ္ဓါတ္ကို လူအမ်ားအျပားကခ်ီးၾကဴးၾကၿပီး မီဇိုရမ္အြန္လိုင္းမွာ နာမည္ႀကီးေနပါတယ္။
တိုက္မိတဲ့ၾကက္ကေလးကို Rs. ၁၀ က်ပ္နဲ႔ ေဆး႐ုံသို႔သြားျပခဲ့တဲ့ ကေလးငယ္ဟာ မိဇိုရမ္ျပည္နယ္၊ ဆိုင္ရန္ၿမိဳ႕မွာ ရဲတာဝန္ထမ္းေဆာင္ေနသူ Dhiraj Chhetri ရဲ႕သားငယ္ Derek C. Lalchhanhima ျဖစ္ပါတယ္။
ကေလးငယ္ရဲ႕ဖခင္ Dhiraj Chhetri က “သူတိုက္မိတဲ့ ၾကက္ကေလးကိုအိမ္ကို ယူလာၿပီး ေဆး႐ုံသို႔ျပေပးပါလို႔ အေဖနဲ႔အေမကို လာေျပာတယ္။ က်ေနာ္တို႔ကလည္း Rs. ၁၀ က်ပ္ေပးၿပီး သူကိုယ္တိုင္သြားျပဖို႔လႊတ္လိုက္တယ္။ ေဆး႐ုံကေနျပန္လာတဲ့အခါမွာ ကေလးကငိုေနပါတယ္။ ဓါတ္ပုံသာ႐ိုက္ၿပီး ၾကက္ကေလးကို ကုမေပးဘူးလို႔ ငိုယူၿပီးေျပာေနတယ္။ က်ေနာ္တို႔ကလည္း ၾကက္ကေလးဟာ ေသသြားၿပီျဖစ္ေၾကာင္း၊ ဆရာဝန္ေတြကလည္း ကူညီလို႔မရေတာ့ေၾကာင္း ရွင္းျပခဲ့တယ္” လို႔ေျပာပါတယ္။
ဤအျဖစ္ပ်က္ကို Facebook မွာတင္တဲ့သူ Sanga ကိုလည္း လူအမ်ားအျပားက ဆက္သြယ္ေမးျမန္းျခင္းခံရတဲ့အျပင္ ျဖဴစင္႐ိုးသားလြန္းတဲ့ကေလးငယ္ေလးရဲ႕အေၾကာင္းကို မွ်ေဝေပးတဲ့အတြက္ ေက်းဇႈုးတင္ေၾကာင္း စာေတြပို႔ၾကပါတယ္။
“ဒီကေလးငယ္ေလးရဲ႕အေၾကာင္းကို လူအမ်ားသိေအာင္တင္ခြင့္ရတာ က်ေနာ္တကယ္ဝမ္းသာမိတယ္။ ကာယာကံရွင္ကေလးငယ္ႏွင့္ သူ႔မိဘေတြကို က်ေနာ္ Credit အားလုံးေပးပါတယ္” လို႔ Sanga က The Voice of Northeast သတင္းဌာနကိုေျပာပါတယ္။
Credit:CNJ ( Chin News Journal)
Unicodeဖြင့်ဖတ်ရန်
စက်ဘီးနှင့်တိုက်မိသော ကြက်လေးကို ဆေးကုသဖို့ ဆေးရုံသို့ယူဆောင်လာတဲ့ ကောင်လေး နာမည်ကြီးနေ
ချင်းပြည်နယ်နှင့် နယ်စပ်ချင်းထိဆက်သည့် မိဇိုရမ်ပြည်နယ်မှာ ၆နှစ်အရွယ် ကလေးငယ်တစ်ယောက်က စက်ဘီးနှင့် ကြက်ကလေးကိုတိုက်မိပြီး ဆေးကုသပေးဖို့ အဆိုပါကြက်ကလေးကို အိန္ဒိယငွေ Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့ပါတယ်။
ဤအဖြစ်ပျက်ကို Sanga ဟုခေါ်သော ဆေးရုံသူနာပြုဝန်ထမ်းတစ်ဦးက Facebook မှာတင်တဲ့အခါမှာ ကလေးငယ်လေးရဲ့ဖြူစင်ရိုးသားလွန်းတဲ့စိတ်ဓါတ်ကို လူအများအပြားကချီးကြူးကြပြီး မီဇိုရမ်အွန်လိုင်းမှာ နာမည်ကြီးနေပါတယ်။
တိုက်မိတဲ့ကြက်ကလေးကို Rs. ၁၀ ကျပ်နဲ့ ဆေးရုံသို့သွားပြခဲ့တဲ့ ကလေးငယ်ဟာ မိဇိုရမ်ပြည်နယ်၊ ဆိုင်ရန်မြို့မှာ ရဲတာဝန်ထမ်းဆောင်နေသူ Dhiraj Chhetri ရဲ့သားငယ် Derek C. Lalchhanhima ဖြစ်ပါတယ်။
ကလေးငယ်ရဲ့ဖခင် Dhiraj Chhetri က “သူတိုက်မိတဲ့ ကြက်ကလေးကိုအိမ်ကို ယူလာပြီး ဆေးရုံသို့ပြပေးပါလို့ အဖေနဲ့အမေကို လာပြောတယ်။ ကျနော်တို့ကလည်း Rs. ၁၀ ကျပ်ပေးပြီး သူကိုယ်တိုင်သွားပြဖို့လွှတ်လိုက်တယ်။ ဆေးရုံကနေပြန်လာတဲ့အခါမှာ ကလေးကငိုနေပါတယ်။ ဓါတ်ပုံသာရိုက်ပြီး ကြက်ကလေးကို ကုမပေးဘူးလို့ ငိုယူပြီးပြောနေတယ်။ ကျနော်တို့ကလည်း ကြက်ကလေးဟာ သေသွားပြီဖြစ်ကြောင်း၊ ဆရာဝန်တွေကလည်း ကူညီလို့မရတော့ကြောင်း ရှင်းပြခဲ့တယ်” လို့ပြောပါတယ်။
ဤအဖြစ်ပျက်ကို Facebook မှာတင်တဲ့သူ Sanga ကိုလည်း လူအများအပြားက ဆက်သွယ်မေးမြန်းခြင်းခံရတဲ့အပြင် ဖြူစင်ရိုးသားလွန်းတဲ့ကလေးငယ်လေးရဲ့အကြောင်းကို မျှဝေပေးတဲ့အတွက် ကျေးဇှုုးတင်ကြောင်း စာတွေပို့ကြပါတယ်။
“ဒီကလေးငယ်လေးရဲ့အကြောင်းကို လူအများသိအောင်တင်ခွင့်ရတာ ကျနော်တကယ်ဝမ်းသာမိတယ်။ ကာယာကံရှင်ကလေးငယ်နှင့် သူ့မိဘတွေကို ကျနော် Credit အားလုံးပေးပါတယ်” လို့ Sanga က The Voice of Northeast သတင်းဌာနကိုပြောပါတယ်။
Credit:CNJ ( Chin News Journal)
Leave a Reply