စုဗူးေလးေတြထဲက က်ခဲ့ရတဲ့ဝမ္းနည္းမ်က္ရည္

Zawgyiျဖင့္ဖတ္ရန္

ၿပီးခဲ့တဲ့ ၃ ရက္ကေပါ့ က်မ ေန႔စဥ္ေန႔တိုင္းသြားေနက် ျမတ္ေစာညီေနာင္ ဘုရားမွာကိုရင္ေလးေတြအုပ္စု စုဗူး ေလးေတြေပြ႕လို႔ ေျပးလႊားၿပီးလာၾကတာ။

အထဲကို မ်က္စိေလးတစ္ဖက္မွိတ္ၿပီးေခ်ာင္းၾကည့္လိုက္ေတာ့ ေတာ္ေတာ္နဲ႔ ေခါင္းျပန္မေမာ့ႏိုင္ဘူး ရင္ထဲမွာ အလံုးႀကီးစို႔တက္ၿပီးမ်က္ရည္ေတြ ထိန္းလို႔မရေအာင္က်မိတယ္

ဘာလို႔က်မိလဲဆိုေတာ့ ျမင္လိုက္ရတဲ့ စုဗူးေလး ထဲက ေဟာင္းႏြမ္းစုတ္ပ်က္ေနတဲ့ ၅၀ တန္ေလး တစ္ရြက္ေၾကာင့္ပါဘဲ။ဘယ္လိုလုပ္မ်ား ရီမု ကားေလးေတြဝယ္ၾကမွာလဲ ျမတ္ေစာညီေနာင္ ဘုရား တေပါင္းပြဲေတာ္ႀကီးကလည္း နီးေနၿပီေလ။ရင္ထဲမွာ ေျပာမျပတက္ေအာင္ခံစားခဲ့ရပါတယ္။

အဲ့ဒါနဲ႔ဘဲ ကိုရင္ေလးေတြကိုေခၚၿပီးကိုရင္တို႔ ေသာၾကာ ေန႔လည္ ၁၂ နာရီ က်ရင္ ဒီဆိုင္ေလးမွာ လာေစာင့္ေန တပည့္ေတာ္ ရီမုကားေတြဝယ္ပီးလာခဲ့မယ္လို႔မွာခဲ့ လိုက္ပါတယ္။

ျဖစ္ခ်င္ေတာ့ ေသာၾကာ ေန႔ ေန႔လည္မွာ အခမ္းနားတစ္ခုတက္ေရာက္ဖို႔မေမွ်ာ္လင့္ဘဲေပၚလာပါတယ္။

က်မလည္း ကိုရင္ေလးေတြေစာင့္ေနမွာစိုးလို႔ ၁၀ နာရီေလာက္မွာႀကိဳၿပီးဖုန္းဆက္လိုက္တယ္ ဒီေန႔ မႂကြလာဖို႔ မနက္ျဖန္ စေန ေန႔မွလာမယ္ ေျပာေတာ့ ကိုရင္ေလးေတြ မနက္ထဲက ေရာက္ေနၾကတာတဲ့ စိတ္ထဲလည္းမေကာင္းဘူးဘယ္လိုမွလည္းသြားလို႔မရဘူးေပါ့။

ဒီေန႔ ေတာ့ စေန ေန႔ ဖိတ္ထားတဲ့သြားစရာရွိတဲ့ အခမ္းနားပြဲေတြသြားၿပီး ဘုရားကိုတန္းသြား တာေပါ့ ။

က်မ ကားကိုျမင္ေတာ့အေဝးႀကီးကေနေျပးလာၾကတာ ဒကာမျကီး လာၿပီေဟးး ဆိုၿပီးေတာ့သကၤန္းေလးေတြ ဖ႐ိုဖရဲ နဲ႔ ေပါ့။

မ်က္ႏွာေလးေတြေပၚမွာ ေခၽြးေလးေတြစို႔၊ႏွပ္ခ်ီးေလးေတြထြက္ ၊ ဂ်ီးေျကာင္း ေလးေတြ မဲတူးေနေပမယ့္ ခ်စ္စရာအျပံဳးေလးေတြကရင္ထဲကိုၾကည္ႏူးပီတိျဖစ္စြာနဲ႔ဝင္ေရာက္လာခဲ့ပါတယ္။

ေမွ်ာ္လင့္ခ်က္မ်က္လံုးေလးေတြကေနၿပီး ေပွ်ာ္ရႊင္ၾကည္းႏူးသြားၾကတဲ့ မ်က္လံုးေတြ အျဖစ္ေျပာင္းလဲသြားၾကတာေလ။

အဲ့ဒီလို ၾကည္ႏူးပီတိျဖစ္ေနၾကတဲ့ ခ်စ္စရာမ်က္လံုးေလးေတြကို က်မ တစ္သက္ဘယ္ေတာ့မွေမ့မွာမဟုတ္ပါဘူး ။

ကိုရင္ေလးေတြၾကည္ႏူးပီတိျဖစ္ေနတာကိုၾကည့္ရင္းရင္ထဲကေန တစ္ခုေတာ့ ဆုေတာင္းမိလိုက္ပါတယ္ ။

ရွင္သာမေဏ ကိုရင္ေလးေတြ ကစၿပီးရဟန္း သံဃာ ဆရာေတာ္ႀကီးမ်ားအားလံုးသာသနာ့ေဘာင္မွာ
ၾကည္ႏူးေပ်ာ္ရႊင္မႈ့မ်ားစြာနဲ႔အစဥ္အၿမဲ ေပ်ာ္ရႊင္စြာသာသနာျပဳႏိုင္ၾကပါေစလို႔

#Credit-moe min

ေမတၱာျဖင့္ ျပန္လည္မွ်ေဝသည္

Unicodeဖြင့်ဖတ်ရန်

ပြီးခဲ့တဲ့ ၃ ရက်ကပေါ့ ကျမ နေ့စဉ်နေ့တိုင်းသွားနေကျ မြတ်စောညီနောင် ဘုရားမှာကိုရင်လေးတွေအုပ်စု စုဗူး လေးတွေပွေ့လို့ ပြေးလွှားပြီးလာကြတာ။

ကိုရင် တို့စုဘူးတွေနဲ့ဘာလုပ်တာလဲလို့ မေးတော့ တပေါင်းပွဲ ကျရင် ရီမု ကားလေးတွေ ဝယ်ချင်လို့တဲ့တပည့်တော်ကိုပြပါအုံး တစ်ပါး ဘယ်လောက်တောင်ရပြီလဲ မေးတော့ ပြကြတယ်။

အထဲကို မျက်စိလေးတစ်ဖက်မှိတ်ပြီးချောင်းကြည့်လိုက်တော့ တော်တော်နဲ့ ခေါင်းပြန်မမော့နိုင်ဘူး ရင်ထဲမှာ အလုံးကြီးစို့တက်ပြီးမျက်ရည်တွေ ထိန်းလို့မရအောင်ကျမိတယ်

ဘာလို့ကျမိလဲဆိုတော့ မြင်လိုက်ရတဲ့ စုဗူးလေး ထဲက ဟောင်းနွမ်းစုတ်ပျက်နေတဲ့ ၅၀ တန်လေး တစ်ရွက်ကြောင့်ပါဘဲ။ဘယ်လိုလုပ်များ ရီမု ကားလေးတွေဝယ်ကြမှာလဲ မြတ်စောညီနောင် ဘုရား တပေါင်းပွဲတော်ကြီးကလည်း နီးနေပြီလေ။ရင်ထဲမှာ ပြောမပြတက်အောင်ခံစားခဲ့ရပါတယ်။

အဲ့ဒါနဲ့ဘဲ ကိုရင်လေးတွေကိုခေါ်ပြီးကိုရင်တို့ သောကြာ နေ့လည် ၁၂ နာရီ ကျရင် ဒီဆိုင်လေးမှာ လာစောင့်နေ တပည့်တော် ရီမုကားတွေဝယ်ပီးလာခဲ့မယ်လို့မှာခဲ့ လိုက်ပါတယ်။

ဖြစ်ချင်တော့ သောကြာ နေ့ နေ့လည်မှာ အခမ်းနားတစ်ခုတက်ရောက်ဖို့မမျှော်လင့်ဘဲပေါ်လာပါတယ်။

ကျမလည်း ကိုရင်လေးတွေစောင့်နေမှာစိုးလို့ ၁၀ နာရီလောက်မှာကြိုပြီးဖုန်းဆက်လိုက်တယ် ဒီနေ့ မကြွလာဖို့ မနက်ဖြန် စနေ နေ့မှလာမယ် ပြောတော့ ကိုရင်လေးတွေ မနက်ထဲက ရောက်နေကြတာတဲ့ စိတ်ထဲလည်းမကောင်းဘူးဘယ်လိုမှလည်းသွားလို့မရဘူးပေါ့။

ဒီနေ့ တော့ စနေ နေ့ ဖိတ်ထားတဲ့သွားစရာရှိတဲ့ အခမ်းနားပွဲတွေသွားပြီး ဘုရားကိုတန်းသွား တာပေါ့ ။

ကျမ ကားကိုမြင်တော့အဝေးကြီးကနေပြေးလာကြတာ ဒကာမကြီး လာပြီဟေးး ဆိုပြီးတော့သင်္ကန်းလေးတွေ ဖရိုဖရဲ နဲ့ ပေါ့။

မျက်နှာလေးတွေပေါ်မှာ ချွေးလေးတွေစို့၊နှပ်ချီးလေးတွေထွက် ၊ ဂျီးကြောင်း လေးတွေ မဲတူးနေပေမယ့် ချစ်စရာအပြုံးလေးတွေကရင်ထဲကိုကြည်နူးပီတိဖြစ်စွာနဲ့ဝင်ရောက်လာခဲ့ပါတယ်။

မျှော်လင့်ချက်မျက်လုံးလေးတွေကနေပြီး ပျှော်ရွှင်ကြည်းနူးသွားကြတဲ့ မျက်လုံးတွေ အဖြစ်ပြောင်းလဲသွားကြတာလေ။

အဲ့ဒီလို ကြည်နူးပီတိဖြစ်နေကြတဲ့ ချစ်စရာမျက်လုံးလေးတွေကို ကျမ တစ်သက်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး ။

ကိုရင်လေးတွေကြည်နူးပီတိဖြစ်နေတာကိုကြည့်ရင်းရင်ထဲကနေ တစ်ခုတော့ ဆုတောင်းမိလိုက်ပါတယ် ။

ရှင်သာမဏေ ကိုရင်လေးတွေ ကစပြီးရဟန်း သံဃာ ဆရာတော်ကြီးများအားလုံးသာသနာ့ဘောင်မှာ
ကြည်နူးပျော်ရွှင်မှု့များစွာနဲ့အစဉ်အမြဲ ပျော်ရွှင်စွာသာသနာပြုနိုင်ကြပါစေလို့

#Credit-moe min

မေတ္တာဖြင့် ပြန်လည်မျှဝေသည်

Leave a Reply

Your email address will not be published. Required fields are marked *