လူထြက္ခိုင္းရင္ သတ္ေသမယ္ေျပာေသာ ကိုရင္ေလးတစ္ပါးအေၾကာင္

Zawgyiျဖင့္ဖတ္ရန္

ထားဝယ္သားေလးေမာင္သက္ၿဖိဳးေအာင္သည္ အသက္(၈)ႏွစ္အ႐ြယ္၌ သူငယ္ခ်င္းမ်ား ကိုရင္ဝတ္ တာကိုျမင္၍ သူလည္း ကိုရင္ဝတ္ခ်င္ေသာေၾကာင့္ မိဘမ်ားကို ခြင့္ေတာင္း၍ ကိုရင္ဝတ္ခဲ့ပါသည္။

(၁၅) ရက္ခန႔္ၾကာေသာအခါ အျခားသူမ်ား လူထြက္ၾကကုန္ေသာ္လည္း သူသည္ ကိုရင္ဘဝ၌ ေပ်ာ္ပိုက္လ်က္ပင္ ရွိသည္။သူ႔၏အေမက အတန္းေက်ာင္းတက္ရမွာ ျဖစ္၍ လူထြက္ဖို႔ရန္ အတင္းေျပာဆိုၿပီး ထြက္ခိုင္းသည့္အတြက္ ငိုယိုၿပီး လူထြက္လိုက္ရေလသည္။

ေက်ာင္းေနရေသာလည္း ေပ်ာ္႐ႊင္မႈမရွိ ကိုရင္ဘဝကိုသာ အၿမဲေတာင္းတလ်က္ရွိသည္။အသက္(၁၃)ႏွစ္အ႐ြယ္၌ ကိုရင္ဝတ္ခ်င္လြန္း၍ ေက်ာင္းစာမလုပ္ဘဲ ေက်ာင္းေျပးမႈမ်ားလာပါသည္။ သူ၏အေမက ဘယ္လိုပင္ေျပာေျပာ စာမက်က္ေတာ့ပါ။

ေက်ာင္းထြက္ရန္သာ မၾကာခဏေျပာေလသည္။ ေနာက္ဆုံးသူ၏အေမသည္ ေက်ာင္းထြက္ခြင့္ျပဳလိုက္ရပါသည္။ သို႔ေသာ္ကိုရင္ေတာ့ ဝတ္ခြင့္မေပးပါ။ သူသည္ ကိုရင္ဝတ္ခြင့္မရဘဲ အလုပ္ကို (၆)လၾကာေအာင္ မိဘကို ဝိုင္းကူလုပ္ေပးခဲ့ရသည္။

ကိုရင္ဝတ္ခ်င္လြန္း၍ သူသည္ မိဘကို ခြင့္ေတာင္း ျပန္ေလသည္။ “သားကိုရင္ဝတ္ခ်င္တာ အလုပ္လုပ္ပ်င္းလို႔ မဟုတ္ဘူးအေမ။ ကိုရင္ဘဝမွာေပ်ာ္လို႔ပါအေမ၊သားကို ကိုရင္ ဝတ္ခြင့္ေပးေနာ္အေမ”ဟု အႀကိမ္ႀကိမ္ခြင့္ေတာင္း လာေတာ့ သူ၏အေမက (၃)လဝတ္ခြင့္ျပဳလိုက္ပါသည္။

သူသည္ ကိုရင္ဝတ္ခြင့္ရ၍ အလြန္ေပ်ာ္႐ႊင္သြား ေလသည္။ တျဖည္းျဖည္းႏွင့္ (၃)လအခ်ိန္ျပည့္ခါနီးေသာအခါ လူထြက္ရမွာေၾကာက္၍ မေပ်ာ္႐ႊင္ေတာ့ပါ။ ထို႔ေၾကာင့္သူသည္ ဆရာေတာ္မသိေအာင္ အျခား႐ြာသို႔ ထြက္ေျပး၍ သြားေရာက္ ေနထိုင္ေလသည္။

သူ၏အေမလည္း (၃)လျပည့္ေသာအခါ သားကို လူဝတ္လဲရန္ ေက်ာင္းသို႔ ေရာက္လာ၏။သို႔ေသာ္ သူ႔၏သားကို မေတြ႕ေတာ့ပါ။႐ြာေက်ာင္းဆရာေတာ္ကို ေလွ်ာက္ထားေတာ့အျခား႐ြာကို ထြက္ေျပးသြားမွန္း သိရ၍ ထို႐ြာေက်ာင္းသို႔လိုက္ကာ ေခၚေဆာင္ေလေတာ့သည္။

မိမိတို႔႐ြာေက်ာင္းျပန္ေရာက္လာေသာအခါ သူ၏သားကိုရင္ကို လူထြက္ရန္ ေျပာဆိုပါသည္။ ထိုအခ်ိန္၌ ကိုရင္သည္ ျပတ္သားေသာဆုံးျဖတ္ခ်က္ တစ္ခုကို ခ်ထားခဲ့ေလသည္။

သူ၏အေမက လူထြက္ရန္ေျပာေသာအခါ “သားလူမထြက္ေတာ့ဘူး၊ လူထြက္ခိုင္းရင္ သတ္ေသေတာ့မယ္”ဟု ျပန္ေျပာေလသည္။ သူ႔အေမက သတ္ေသလည္းသတ္ေသေပါ့၊ အခုလူထြက္ရမယ္ဟု ေျပာလာေသာအခါ၌ ကိုရင္သည္ သူ၏လက္ကို ဓားျဖင့္လွီးျဖတ္ေလေတာ့သည္။

ေသြးမ်ား ျဖာထြက္လာမွ သူ၏အေမသည္ စိုးရိမ္၍ ကိုရင္၏ လက္ကိုကိုင္မည္လုပ္ရာ ကိုရင္က ” မကိုင္နဲ႔၊ လူထြက္ခိုင္းရင္ သတ္ေသလိုက္ ေတာ့မယ္”ဟု ျပန္ေျပာသည့္အခါမွ သူ၏အေမသည္ ပို၍စိုးရိမ္ထိတ္လန႔္၍ လက္ေလွ်ာ့ကာ ခြင့္ျပဳလိုက္ရေလသည္။

ယခုအခ်ိန္၌ကား ေမာင္သက္ၿဖိဳးေအာင္သည္ ကိုရင္ေသာဘနအမည္ျဖင့္ သူအသက္တမွ် ခ်စ္ျမတ္ႏိုးေသာ သာသနာေတာ္ျမတ္ႀကီး၌ (၃)ဝါရေသာသာမေဏတစ္ပါးပင္ ျဖစ္၍ေနပါသည္။သူသည္ ေတာရဝိနည္းစာသင္တိုက္တစ္ခု၌ ဝိနည္းသီလကို အထူးေလးစား၍ ပရိယတၱိစာေပမ်ားကို ႀကိဳးစားအားထုတ္လ်က္ရွိပါသည္။

သူ၏ထူးျခားခ်က္ကား ဝိနည္းသီလကို အထူးေလးစား႐ုံမွ်မက ရဟန္းေတာ္မ်ားပင္ က်င့္ႏိုင္ခဲေသာ နိသဇၨိဓုတင္အစရွိေသာ အက်င့္ျမတ္မ်ားကိုလည္း က်င့္သုံးေနျခင္းပင္ျဖစ္သည္။

ထို႔ျပင္ ငယ္႐ြယ္စဥ္ ကေလးဘဝမွစ၍ သူျမတ္ႏိုးေတာင္းတခဲ့ေသာ သာသနာ့ဝန္ထမ္း ရွင္ရဟန္းဘဝ၌ အသက္ထက္ဆုံးတိုင္ ေနထိုင္ၿပီး သာသနာျပဳရန္စိတ္ဓာတ္သည္ကား မေျပာင္းလဲသည့္အျပင္ ဗုဒၶစာေပမ်ားကိုေန႔စဥ္ သင္ယူရ၍ ပို၍ပို၍ သဒၶါတရားႀကီးမားလာကာခိုင္မာေသာသႏၷိ႒ာန္ခ်က္အျဖစ္ ေက်ာက္ေတာင္ပမာဆက္လက္တည္ရွိေနေလေတာ့၏။႐ႊင္လန္းခ်မ္းေျမ့ၾကပါေစ…..။

သျဗဟၼစာရီ(ဓမၼဝိနယ)

credit-mmlivenews.com
Unicodeဖြင့်ဖတ်ရန်

လူထွက်ခိုင်းရင် သတ်သေမယ်ပြောသော ကိုရင်လေးတစ်ပါးအကြောင်း

ထားဝယ်သားလေးမောင်သက်ဖြိုးအောင်သည် အသက်(၈)နှစ်အရွယ်၌ သူငယ်ချင်းများ ကိုရင်ဝတ် တာကိုမြင်၍ သူလည်း ကိုရင်ဝတ်ချင်သောကြောင့် မိဘများကို ခွင့်တောင်း၍ ကိုရင်ဝတ်ခဲ့ပါသည်။

(၁၅) ရက်ခန့်ကြာသောအခါ အခြားသူများ လူထွက်ကြကုန်သော်လည်း သူသည် ကိုရင်ဘဝ၌ ပျော်ပိုက်လျက်ပင် ရှိသည်။သူ့၏အမေက အတန်းကျောင်းတက်ရမှာ ဖြစ်၍ လူထွက်ဖို့ရန် အတင်းပြောဆိုပြီး ထွက်ခိုင်းသည့်အတွက် ငိုယိုပြီး လူထွက်လိုက်ရလေသည်။

ကျောင်းနေရသောလည်း ပျော်ရွှင်မှုမရှိ ကိုရင်ဘဝကိုသာ အမြဲတောင်းတလျက်ရှိသည်။အသက်(၁၃)နှစ်အရွယ်၌ ကိုရင်ဝတ်ချင်လွန်း၍ ကျောင်းစာမလုပ်ဘဲ ကျောင်းပြေးမှုများလာပါသည်။ သူ၏အမေက ဘယ်လိုပင်ပြောပြော စာမကျက်တော့ပါ။

ကျောင်းထွက်ရန်သာ မကြာခဏပြောလေသည်။ နောက်ဆုံးသူ၏အမေသည် ကျောင်းထွက်ခွင့်ပြုလိုက်ရပါသည်။ သို့သော်ကိုရင်တော့ ဝတ်ခွင့်မပေးပါ။ သူသည် ကိုရင်ဝတ်ခွင့်မရဘဲ အလုပ်ကို (၆)လကြာအောင် မိဘကို ဝိုင်းကူလုပ်ပေးခဲ့ရသည်။

ကိုရင်ဝတ်ချင်လွန်း၍ သူသည် မိဘကို ခွင့်တောင်း ပြန်လေသည်။ “သားကိုရင်ဝတ်ချင်တာ အလုပ်လုပ်ပျင်းလို့ မဟုတ်ဘူးအမေ။ ကိုရင်ဘဝမှာပျော်လို့ပါအမေ၊သားကို ကိုရင် ဝတ်ခွင့်ပေးနော်အမေ”ဟု အကြိမ်ကြိမ်ခွင့်တောင်း လာတော့ သူ၏အမေက (၃)လဝတ်ခွင့်ပြုလိုက်ပါသည်။

သူသည် ကိုရင်ဝတ်ခွင့်ရ၍ အလွန်ပျော်ရွှင်သွား လေသည်။ တဖြည်းဖြည်းနှင့် (၃)လအချိန်ပြည့်ခါနီးသောအခါ လူထွက်ရမှာကြောက်၍ မပျော်ရွှင်တော့ပါ။ ထို့ကြောင့်သူသည် ဆရာတော်မသိအောင် အခြားရွာသို့ ထွက်ပြေး၍ သွားရောက် နေထိုင်လေသည်။

သူ၏အမေလည်း (၃)လပြည့်သောအခါ သားကို လူဝတ်လဲရန် ကျောင်းသို့ ရောက်လာ၏။သို့သော် သူ့၏သားကို မတွေ့တော့ပါ။ရွာကျောင်းဆရာတော်ကို လျှောက်ထားတော့အခြားရွာကို ထွက်ပြေးသွားမှန်း သိရ၍ ထိုရွာကျောင်းသို့လိုက်ကာ ခေါ်ဆောင်လေတော့သည်။

မိမိတို့ရွာကျောင်းပြန်ရောက်လာသောအခါ သူ၏သားကိုရင်ကို လူထွက်ရန် ပြောဆိုပါသည်။ ထိုအချိန်၌ ကိုရင်သည် ပြတ်သားသောဆုံးဖြတ်ချက် တစ်ခုကို ချထားခဲ့လေသည်။

သူ၏အမေက လူထွက်ရန်ပြောသောအခါ “သားလူမထွက်တော့ဘူး၊ လူထွက်ခိုင်းရင် သတ်သေတော့မယ်”ဟု ပြန်ပြောလေသည်။ သူ့အမေက သတ်သေလည်းသတ်သေပေါ့၊ အခုလူထွက်ရမယ်ဟု ပြောလာသောအခါ၌ ကိုရင်သည် သူ၏လက်ကို ဓားဖြင့်လှီးဖြတ်လေတော့သည်။

သွေးများ ဖြာထွက်လာမှ သူ၏အမေသည် စိုးရိမ်၍ ကိုရင်၏ လက်ကိုကိုင်မည်လုပ်ရာ ကိုရင်က ” မကိုင်နဲ့၊ လူထွက်ခိုင်းရင် သတ်သေလိုက် တော့မယ်”ဟု ပြန်ပြောသည့်အခါမှ သူ၏အမေသည် ပို၍စိုးရိမ်ထိတ်လန့်၍ လက်လျှော့ကာ ခွင့်ပြုလိုက်ရလေသည်။

ယခုအချိန်၌ကား မောင်သက်ဖြိုးအောင်သည် ကိုရင်သောဘနအမည်ဖြင့် သူအသက်တမျှ ချစ်မြတ်နိုးသော သာသနာတော်မြတ်ကြီး၌ (၃)ဝါရသောသာမဏေတစ်ပါးပင် ဖြစ်၍နေပါသည်။သူသည် တောရဝိနည်းစာသင်တိုက်တစ်ခု၌ ဝိနည်းသီလကို အထူးလေးစား၍ ပရိယတ္တိစာပေများကို ကြိုးစားအားထုတ်လျက်ရှိပါသည်။

သူ၏ထူးခြားချက်ကား ဝိနည်းသီလကို အထူးလေးစားရုံမျှမက ရဟန်းတော်များပင် ကျင့်နိုင်ခဲသော နိသဇ္ဇိဓုတင်အစရှိသော အကျင့်မြတ်များကိုလည်း ကျင့်သုံးနေခြင်းပင်ဖြစ်သည်။

ထို့ပြင် ငယ်ရွယ်စဉ် ကလေးဘဝမှစ၍ သူမြတ်နိုးတောင်းတခဲ့သော သာသနာ့ဝန်ထမ်း ရှင်ရဟန်းဘဝ၌ အသက်ထက်ဆုံးတိုင် နေထိုင်ပြီး သာသနာပြုရန်စိတ်ဓာတ်သည်ကား မပြောင်းလဲသည့်အပြင် ဗုဒ္ဓစာပေများကိုနေ့စဉ် သင်ယူရ၍ ပို၍ပို၍ သဒ္ဓါတရားကြီးမားလာကာခိုင်မာသောသန္နိဋ္ဌာန်ချက်အဖြစ် ကျောက်တောင်ပမာဆက်လက်တည်ရှိနေလေတော့၏။ရွှင်လန်းချမ်းမြေ့ကြပါစေ…..။

သဗြဟ္မစာရီ(ဓမ္မဝိနယ)

credit-mmlivenews.com

Leave a Reply

Your email address will not be published. Required fields are marked *