အမြင်မကောင်းတော့လို့ ဆေးခန်းသွားပြရာ မျက်လုံးထဲ မျက်ကပ်မှန် ၁၇ ခုခံနေခဲ့မှန်း သိရတဲ့ အမျိုးသမီး







Unicode

အမြင်မကောင်းတော့လို့ ဆေးခန်းသွားပြရာ မျက်လုံးထဲ မျက်ကပ်မှန် ၁၇ ခုခံနေခဲ့မှန်း သိရတဲ့ အမျိုးသမီး

ယခုခေတ် လူတွေဟာ မျက်လုံးတွေအားနည်းတဲ့လူတွေများလာပြီး ပါဝါမျက်မှန်တွေတပ်ပေးနေရပါတယ်။ တချို့လူတွေက မျက်မှန်အစား မျက်ကပ်မှန်ကို အသုံးပြုကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပဲ မျက်ကပ်မှန်တွေကို အသုံးပြလေ့ရှိပါတယ်။

တချို့လူတွေက ပါဝါကြောင့် အသုံးပြုပေမယ့် တချို့ကျတော့ အလှအတွက် အသုံးပြုကြပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံမှ အသက် ၆၇ နှစ်အရွယ် အဖွားကြီးတစ်ယောက်သည် အသက်ကြီးလာတော့သူမရဲ့မျက်လုံးဟာတစ်နေ့တစ်ခြား မှုန်ဝါးလာပြီး မျက်မှန်မတပ်ချက်သောကြောင့် မျက်ကပ်မှန်ကိုပဲ အသုံးပြုခဲ့ပါတယ်။

အဖွားကြီးဟာ အသက်ကြီးပြီဖြစ်သောကြောင့် မကြာခဏအမေ့ကြီးတတ်ပါတယ်။ မျက်ကပ်မှန်တပ်ပြီး ပြန်ဖြုတ်ဖို့မေ့တတ်ပါတယ်။

မျက်ကပ်မှန်ပျောက်သွားတယ်ဆိုပြီး နောက်ထပ်အသစ်တစ်ခုကို ဝယ်ကာ ပြန်တပ်ခဲ့ပါတယ်။ ၎င်းကဲ့သို့ မကြာခဏဖြစ်ပွားခဲ့ပြီးနောက်မှာ အဖွားဟာ မျက်လုံးက အရင်ထက်ပိုဆိုးလာသည်ကို သတိထားမိပြီး ဆေးခန်းသို့ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ထို့နောက် ဆေးခန်းမှာစစ်ဆေးပြီးမှ သူမရဲ့မျက်လုံးအိမ်ထဲက မျက်ကပ်တွေက စုစုပေါင်း ၁၇ ခုတောင်တွေ့ရှိခဲ့လို့ သူမအလွန်ပင်အံ့အားသင့်စေခဲ့ပါတယ်။ အရင်ကပျောက်သွားတယ်ဆိုတဲ့ မျက်ကပ်မှန်များဟာ တယ်ပျောက်တာမဟုတ်ပဲ သူမျက်လုံးအိမ်ထဲကနေမထုတ်ပဲ နောက်ထပ်အသစ်တစ်ခုကို ထပ်ကပ်ခဲ့လိုက်တာကို သိရပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *