အရက္မ်ားကို ေခ်ာင္းထဲသြန္ခ်၍ အရက္ေရာင္းခ်ေသာက္သံုးခြင့္ ရာသက္ပန္ ပိတ္ပင္တဲ့ ရြာကေလး

Zawgyiျဖင့္ဖတ္ရန္

ရခိုင္ျပည္နယ္၊ မင္းျပားျမိဳ႕နယ္၊ ကၽြဲၾကိဳအုပ္စု၊ ကၽြဲၾကိဳရြာတြင္ ယေန႕ ေန႔လယ္ ၁၂ နာရီခန္႔က ရြာထဲရွိ ေစ်းဆိုင္မ်ားမွ အရက္မ်ားကို ၀ယ္ယူျပီး ေခ်ာင္းထဲ သြန္ခ်ျပီး အရက္ေရာင္းခ် ေသာက္သံုးခြင့္ကို ရာသက္ပန္ ပိတ္ပင္လိုက္သည္ဟု သတင္းရရွိသည္။

ကၽြဲၾကိဳေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေရႊသိန္းက “ရပ္ရြာရဲ႕ ဂါမပညတ္ခ်က္အရ တစ္ရြာလံုးက ညီညီညြတ္ညြတ္နဲ႔ သေဘာတူတဲ့အတြက္ ဒီကေန႔စျပီး အရက္ေရာင္းခ် ေသာက္သံုးခြင့္ကို ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ ရြာထဲမွာရွိတဲ့ ေစ်းဆိုင္ေတြက အရက္၊ ဘီယာအကုန္ုလံုးကို ရပ္ရြာရန္ပံုေငြနဲ႔ ၀ယ္ယူျပီး ေလွနဲ႔သြားျပီး ေခ်ာင္းထဲမွာ သြန္ခ်ခဲ့တာ ျဖစ္ပါတယ္” ဟု နိရဥၥရာသတင္းဌာနသို႔ ေျပာၾကားသည္။

တစ္ရြာလံုးရွိ အရက္ႏွင့္ဘီယာမ်ား၏ တန္ဖိုးမွာ က်ပ္ ၂ သိန္း ၃ေသာင္း ၈ ေထာင္ ၉ ရာဖိုးရွိေၾကာင္း၊ ေလာေလာဆယ္တြင္ ၎ေငြမ်ားကို ကၽြဲၾကိဳဆရာေတာ္ ဦးၾသဘာသမွ စိုက္ထုတ္ေပးထားေၾကာင္း၊ တစ္ရြာလံုးအရက္ကို ပုလင္းမွ ေဖာက္ထုတ္ျပီး ေခ်ာင္းထဲကို သြန္ခ်ခဲ့ေၾကာင္း ၎က ေျပာၾကားသည္။

“ အဓိကတားျမစ္ရတာက အရက္ေၾကာင့္ ရပ္ရြာမွာ ခိုက္ရန္ ျဖစ္ပြားတယ္။ မလိုလားအပ္တဲ့ ျပသနာေတြျဖစ္တယ္။ ေနာက္ေက်ာင္းသား ကေလးေတြကအစ အေရာက္ေသာက္တတ္လာတယ္။ အရက္ေသာက္ရင္ တစ္ခ်ိဳ႕က ေသြးဆိုးေတာ့ ျပသနာျဖစ္တယ္။ ဒီလို အေျခအေနေတြေၾကာင့္ ရြာသားေတြက ဆရာေတာ္ကို ေလွ်ာက္တယ္။ ဆရာေတာ္ကလည္း အားေပးတဲ့အတြက္ ရြာသားေတြ အကုန္လံုးကို ေခၚျပီး အစည္းအေ၀း လုပ္တယ္။ တစ္ရြာလံုးကလည္း သေဘာတူ လက္မွတ္ေရးထုိးတဲ့အတြက္ အခုလို အရက္ေရာင္းခ် ေသာက္သံုးခြင့္ကို ရာသက္ပန္ ပိတ္လိုက္တာ ျဖစ္ပါတယ္” ဟု အုပ္ခ်ဳပ္ေရးမွဴး ဦးေရႊသိန္းက ေျပာၾကားသည္။

ရပ္ရြာရွိ လူငယ္မ်ားက အရက္ပုလင္း၊ ဘီယာဗူးမ်ားကို ေဖာက္ျပီး ေရထဲသြန္ခ်သည္ကို ေက်းရြာသားမ်ားက လာေရာက္အားေပး ၾကည့္ရႈခဲ့ၾကသည္ဟု သိရသည္။

Credit – Naringara

Photo-ပါရမီ (ကၽြဲၾကိဳဆရာေတာ္)

Unicodeဖြင့်ဖတ်ရန်

အရက်များကို ချောင်းထဲသွန်ချ၍ အရက်ရောင်းချသောက်သုံးခွင့် ရာသက်ပန် ပိတ်ပင်တဲ့ ရွာကလေး

မင်းပြားမြို့နယ်၊ ကျွဲကြိုရွာတွင် အရက်များကို ချောင်းထဲသွန်ချ၍ အရက်ရောင်းချသောက်သုံးခွင့် ပိတ်ပင်

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျွဲကြိုအုပ်စု၊ ကျွဲကြိုရွာတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ရွာထဲရှိ ဈေးဆိုင်များမှ အရက်များကို ဝယ်ယူပြီး ချောင်းထဲ သွန်ချပြီး အရက်ရောင်းချ သောက်သုံးခွင့်ကို ရာသက်ပန် ပိတ်ပင်လိုက်သည်ဟု သတင်းရရှိသည်။

ကျွဲကြိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရွှေသိန်းက “ရပ်ရွာရဲ့ ဂါမပညတ်ချက်အရ တစ်ရွာလုံးက ညီညီညွတ်ညွတ်နဲ့ သဘောတူတဲ့အတွက် ဒီကနေ့စပြီး အရက်ရောင်းချ သောက်သုံးခွင့်ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ရွာထဲမှာရှိတဲ့ ဈေးဆိုင်တွေက အရက်၊ ဘီယာအကုန်ုလုံးကို ရပ်ရွာရန်ပုံငွေနဲ့ ဝယ်ယူပြီး လှေနဲ့သွားပြီး ချောင်းထဲမှာ သွန်ချခဲ့တာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

တစ်ရွာလုံးရှိ အရက်နှင့်ဘီယာများ၏ တန်ဖိုးမှာ ကျပ် ၂ သိန်း ၃သောင်း ၈ ထောင် ၉ ရာဖိုးရှိကြောင်း၊ လောလောဆယ်တွင် ၎င်းငွေများကို ကျွဲကြိုဆရာတော် ဦးသြဘာသမှ စိုက်ထုတ်ပေးထားကြောင်း၊ တစ်ရွာလုံးအရက်ကို ပုလင်းမှ ဖောက်ထုတ်ပြီး ချောင်းထဲကို သွန်ချခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“ အဓိကတားမြစ်ရတာက အရက်ကြောင့် ရပ်ရွာမှာ ခိုက်ရန် ဖြစ်ပွားတယ်။ မလိုလားအပ်တဲ့ ပြသနာတွေဖြစ်တယ်။ နောက်ကျောင်းသား ကလေးတွေကအစ အရောက်သောက်တတ်လာတယ်။ အရက်သောက်ရင် တစ်ချို့က သွေးဆိုးတော့ ပြသနာဖြစ်တယ်။ ဒီလို အခြေအနေတွေကြောင့် ရွာသားတွေက ဆရာတော်ကို လျှောက်တယ်။ ဆရာတော်ကလည်း အားပေးတဲ့အတွက် ရွာသားတွေ အကုန်လုံးကို ခေါ်ပြီး အစည်းအဝေး လုပ်တယ်။ တစ်ရွာလုံးကလည်း သဘောတူ လက်မှတ်ရေးထိုးတဲ့အတွက် အခုလို အရက်ရောင်းချ သောက်သုံးခွင့်ကို ရာသက်ပန် ပိတ်လိုက်တာ ဖြစ်ပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဦးရွှေသိန်းက ပြောကြားသည်။

ရပ်ရွာရှိ လူငယ်များက အရက်ပုလင်း၊ ဘီယာဗူးများကို ဖောက်ပြီး ရေထဲသွန်ချသည်ကို ကျေးရွာသားများက လာရောက်အားပေး ကြည့်ရှုခဲ့ကြသည်ဟု သိရသည်။

Credit – Naringara

Photo-ပါရမီ (ကျွဲကြိုဆရာတော်)

Leave a Reply

Your email address will not be published. Required fields are marked *