
Zawgyiဖြင့်ဖတ်ရန်
Unicodeဖြင့်ဖတ်ရန်
အသိဉာဏ်နိမ့်ကျတဲ့ လူအသိုင်းအဝိုင်းမှာ ကျနော်တို့နေထိုင်ကြတယ်
ချစ်သူများနေ့ဆိုတာ ချော့ကလတ်နဲ့ပန်းစည်းပေးပြီးရင် တည်းခိုခန်း သွားကျတာပါပဲ ဆိုတဲ့ မျက်လုံးတွေနဲ့ ဝန်းရံထားတဲ့ လူတွေထဲကျွန်တော်တို့ ရှင်သန်နေရတယ် ။
အဲ့ဒီနေ့မှာ မောင်နှစ်မ နှစ်ယောက် မုန့်ထွက်စားတဲ့အခါလည်း တည်းခိုခန်း က ပြန်လာကျတာလားဆိုတဲ့ အကြည့်မျိုးတွေကို တွေ့ရလိမ့်မယ် ။
အဲ့ဒီနေ့မှာ အလုပ်ကိစ္စ အတူတူယှဉ်တွဲသွားနေရတဲ့အခါ တည်းခိုခန်း လိုက်ရှာနေကြတာပဲဆိုတဲ့ အကြည့်မျိုးတွေကို တွေ့ရလိမ့်မယ် ။
ဒီနေ့မှာ ကောင်လေးပေးတဲ့ ဝက်ဝံရုပ်အကြီးကြီးကို ကိုင်ပြီး အိမ်ပြန်လာတဲ့ကောင်မလေးကလည်း လမ်းတောက်လျှောက် ပါးစပ်သရမ်းတဲ့သူတွေနဲ့တွေ့ရင် ပါးစပ်ထဲ မှာတင် ဖာသာသာ ဘဝဖြစ်သွားလိမ့်မယ် ။
အဲ့ဒီနေ့မှာ ရိုးရိုးသားသား ချစ်သူစုံတွဲတွေ လျှောက်သွားကြတဲ့အခါလည်း ဝိုင်းကြည့်ကျတဲ့အကြည့်တွေက မရိုးမသားဖြစ်စေနိင်တယ် ။
အဲ့ဒီနေ့မှာ အိမ်ကအမေ က အလုပ်ကိစ္စ နဲ့ အပြင်သွားတဲ့အခါ Driver နဲ့ လည်း ပေးစားခံရလိမ့်မယ် ။ အဲ့ဒီနေ့မှာ ကျောင်းမလာတဲ့ သူငယ်ချင်းကလည်း ကျောင်းလာတဲ့သူငယ်ချင်းတွေရဲ့ ပါးစပ်ဝမှာတင် ပုပ်ပွ သွားခဲ့ပြီ ။
အဲ့ဒီနေ့မှာ Taxi သမားတစ်ချို့ရဲ့ အာချောင်တာကို ခံရနိင်တယ် အဲ့ဒီနေ့မှာ ဆိုက်ကားသမားတစ်ချို့ရဲ့ နားမကြားဝံ့တာတွေ ကြားရနိင်တယ်
အဲ့ဒီနေ့မှာ လမ်းထဲကလူတွေရဲ့ တီးတိုးသံတွေ အိမ်ထိ ပဲ့တင်လာနိင်တယ် ။
ဒီလိုစိတ်ဓာတ်တွေ ဒီလိုလူတွေနဲ့ ဒီလို ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့အခါ အဲ့ဒီနေ့ ဘယ်သွားသွား ၂ယောက်တည်း မသွားတာ အကောင်းဆုံးပါပဲ ။
Credit:မျိုးမင်းထွန်း (12.2.19)
Leave a Reply