Zawgyiဖြင့်ဖတ်ရန်
အသိမှတ်​ပြုကြတယ်​ ။
အိမ်​ကလူ​တွေ​ကြောက်​တဲ့
စိတ်​မ​ကောင်းကြဘူး ။ဒါ​ပေမယ့်​….
လွတ်​လိုက်​တာ​နော်​တဲ့ ။
ဒါ​ပေမယ့်​…..
ထင်​ကြတယ်​။ ပြင်​လိုက်​ကြပါ ။
အိ​လေး (​ရွှေဝယ်​​မြေ)
Unicodeဖြင့်ဖတ်ရန်
ချွေးမနှင့်သမီးအရင်းကို အမေကဆက်ဆံပုံ…!
သမီးက ယောက္ခမအိမ်မှာ ပျော်နေရင် ဒါကိုပျော်တယ်လို့
အသိမှတ်ပြုကြတယ် ။
ချွေးမက ယောက္ခမအိမ်မှာ ပျော်နေရင်တော့ သဝန်တိုကြတယ်
သားမက်က သမီးကိုကူညီရင်တော့ ကောင်းတယ်တဲ့
သားက ချွေးမကို ကူညီရင်တော့ မယားကြောက်တဲ့
သမီးနည်းနည်းလေးဖျားရင် စိတ်ထိခိုက်ကြတယ်။
ချွေးမနေမကောင်းရင်တော့ ဟန်ဆောင်တာတဲ့
သမီးအားအင်ချီးနည်းသွားရင် ဒါယောက္ခမ
အိမ်ကလူတွေကြောက်တဲ့
ချွေးမအားအင်ချီနဲ့သွားရင် စားတာ သောက်တာတော့
တအားပဲ။ ဒါပေမယ့် အရာမထင်တာတဲ့
သမီးက တနေကုန် ယောက္ခမအိမ်မှာ အလုပ် လုပ်ရရင်
စိတ်မကောင်းကြဘူး ။ဒါပေမယ့်….
ချွေးမ တနေကုန် အလုပ်လုပ်ရင်တောင် အလုပ်သူခိုးတဲ့
သမီးက ယောက္ခမနှင့်မက်တွေ ယောင်းမတွေရဲ့အလုပ်ကို
လုပ်ပေးရရင် ဒေါသထွက်ကြတယ် ။
ဒါပေမယ့်….. ချွေးမကြတော့ တစ်ယောက်တည်း
တစ်အိမ်လုံးအလုပ်ကို လုပ်ခိုင်းကြတယ် ။
သမီးရဲ့ယောက္ခမအိမ်က မကောင်းပြောတဲ့အခါ
မခံနိုင်ကြဘူး ဒါပေမယ့်……
ကိုယ်တိုင်က ချွေးမအိမ်က လူတွေကို ဆဲဆိုနေကြတယ် ။
သမီးကိုယောက္ခမအိမ်ပို့ချိန်တော့ ငါဘုရင်မ
လွတ်လိုက်တာနော်တဲ့ ။
ဒါပေမယ့်…..
ချွေးမရှာတော့ အောက်သက်ကြေတဲ့ ကောင်မလေးတဲ့
ဟူး….စိတ်လေးစရာတွေပဲနော် ကိုယ့်ငချဉ်ကိုယ်ချဉ်တယ်
ထင်ကြတယ်။ ပြင်လိုက်ကြပါ ။
အမေသမီးက အမေ့အိမ်သူအိမ်သားတွေကိုစွန့်ခွာပြီး
သူများအိမ်သွားနေသလို…..
အမေ့ချွေးမကလည်း အဲ့လိုပဲလေ အမေ
သူများသမီးကို သမီးအရင်လိုသတ်မှတ်ရင် သူများကလည်း
အမေ့သမီးကို သမီးအရင်းလို သတ်မှတ်လိမ့်မယ်။
စာပေချစ်သူများကို အစဉ်လေးစားလျှက်ပါရှင်
အိလေး (ရွှေဝယ်မြေ)
Credit:အညာသားစွယ်စုံကျမ်း
Leave a Reply
Your email address will not be published. Required fields are marked *