ေရေအာက္ထဲေရာက္ေနတဲ့ ျမန္မာ့သမုိင္းထဲက ျမဳိ ့ေတာ္ ( သို႔ ) စံကားေဒသ..

Zawgyiျဖင့္ဖတ္ရန္

စံကား (စကားရြာ) ဒီနာမည္ကို ၾကားဖူးနား၀ရွိၾကေပမယ့္၊ ဒီေနရာရဲ႕ ပကတိအလွေတြကို မ်က္၀ါးထင္ထင္ေတြ႔ဖူးၾကသူေတြ နည္းပါလိမ့္ဦးမယ္။ ၿမိဳ႕တစ္၀က္ေလာက္က ေရေအာက္ျမဳပ္ေနသည့္တိုင္ .. စံကားအင္းထဲ ေန၀င္ဆည္းဆာ အခ်ိန္ေလွစီးရတဲ့အရသာ၊ တာေခါင္ေမြေတာ္ေစတီေတြရဲ႕ စီစီရီရီနဲ႔ သပၸါယ္တဲ့အလွနဲ႔၊ သမိုင္းေၾကာင္း ပံုျပင္ေတြနဲ႔ တာရိုးေဟာင္း ေနရာေတြက စံကားေဒသကို စိတ္၀င္စားစရာေကာင္းေလာက္ေအာင္ကို ဆြဲေဆာင္ထားႏိုင္တဲ့ အရာေတြပါ။

စံကားရြာက ဘယ္မွာရွိ

အင္းေလးကန္ (ေညာင္ေရႊ) ရဲ႕ ေတာင္ဖက္ျခမ္း မွာရွိၿပီး စက္ေလွနဲ႔ ၃နာရီ၀န္းက်င္ေလာက္ သြားရင္ေရာက္ပါတယ္။ ရွမ္း၊ ပအို၀့္၊ အင္းသားလူမ်ိဳးေတြရွိၿပီး လူဦးေရ ၁၅၀၀ ေလာက္ပဲရွိေသးတဲ့ တိတ္တဆိတ္လွပေနတဲ့ ေက်းရြာတစ္ရြာပါ။ ဟိုးအရင္တုန္းကေတာ့ ရွမ္းျပည္ေတာင္ပိုင္းမွာ အခ်မ္းသာဆံုး ျဖစ္ခဲ့ဖူးပါတယ္။ ျမန္မာတစ္ႏိုင္ငံလံုးရဲ႕ ပင္မလွ်ပ္စစ္ဓါတ္အားေပး စက္ရံုျဖစ္တဲ့ ေလာပိတေရအားလွ်ပ္စစ္ စက္ရံုေဆာက္တုန္းက ဆည္ႀကီးေတြတည္ေဆာက္ရင္းနဲ႔ ၿမိဳ႕တစ္၀က္ေလာက္က ေရဖံုးလြမ္းသြားၿပီး ေရေအာက္ထဲအေရာက္ခံခဲ့ရတဲ့အထိ စေတးခံ ေပးဆပ္ခဲ့ရတဲ့ ဒီစကားေဒသက အခုခ်ိန္အထိ လွ်ပ္စစ္မီးမရရွိေသးတာကေတာ့ တကယ့္ကို စိတ္မေကာင္းစရာပါ။

စံကားေရာက္ရင္ ဘယ္ေတြသြားၾကမလဲ၊ ဘာေတြလုပ္ၾကမလ

စံကားအင္းနဲ႔ စကားေဒသက က်ယ္လဲက်ယ္သလို လည္စရာေတြကလဲ မ်ားတယ္ဆိုေပမယ့္ ၂ရက္ေလာက္ အခ်ိန္ေပးႏိုင္ရင္ ေကာင္းေကာင္းေလာက္ပါတယ္။ ဘယ္ေတြသြားမလဲ ဘာေတြလုပ္မလဲ ေအာက္မွာ ဆက္ဖတ္ေပးပါေနာ္တာ

ေခါင္ေမြေတာ္ဘုရား

စီစီရီရီနဲ႔ မတူညီတဲ့ ပံုသ႑ာန္နဲ႔ ေမြေတာ္ေစတီေတြရဲ႕ ပံုစံေတြက အရမ္းကို က်က္သေရရွိစြာ သပၸါယ္လြန္းပါတယ္၊ ဟုိးအရင္တုန္းကေတာ့ ခ်ံဳႏြယ္ေတြနဲ႔ဖံုးလႊမ္းေနလို႔ လြယ္လြယ္ကူကူသြားလာလို႔မရဘူးလို႔ဆိုပါတယ္၊ အခုကေတာ့ လြယ္လြယ္ေလးသြားလာလို႔ရတာ ကံေကာင္းမႈတစ္ခုပါ၊ တာေခါင္ေမြေတာ္ဘုရားရဲ႕ အေနာက္ဖက္ ေတာင္တန္းႀကီးေရွ႕က ႀကီးမားလြန္းတဲ့ ေျပာင္းဖူးခင္းႀကီးကလဲ တျခားေနရာတစ္ေနရာ ေရာက္သြားသလိုဆြဲေဆာင္မႈ ရွိလြန္းပါတယ္။

နတ္တာရိုး

ႏွစ္ေပါင္း ၈၀၀ ေလာက္ရွိၿပီး သမိုင္းေၾကာင္းေတြ ပံုျပင္ေတြအျပည့္ရွိေနတဲ့ ေနရာဆိုလဲ မမွားပါဘူး၊ ဒ႑ာရီအရဆိုရင္ေတာ့ ဟိုးႏွစ္ေပါင္းမ်ားစြာတုန္းက ေရထြက္ႏွစ္ခုရွိခဲ့ၿပီး တစ္ခုကို နတ္ညီေနာင္ႏွစ္ပါးက ေစာင့္ေရွာက္ၿပီး ေနာက္တစ္ခုကိုေတာ့ နတ္သမီးတစ္ပါးက ေစာင့္ေရွာက္ပါတယ္၊ အဲ့ဒီနတ္ညီေနာင္ႏွစ္ပါးထဲက တစ္ပါးက နတ္သမီးကို စံုမက္လက္ထပ္ ခ်င္ခဲ့ပါတယ္၊ ဒါကိုနတ္သမီးက ဒီေရထြက္စမ္းေပါက္ရဲ႕ အေရွ႕နဲ႔ အေနာက္ကို မိုးမလင္းခ်င္ တံတားတစ္စင္း အျပင္းေဆာက္ႏိုင္ရင္ လက္ခံမယ္လို႔ဆိုၿပီး ေတာင္းဆိုမႈတစ္ခုလုပ္ခဲ့ပါတယ္၊ ဒါေပမယ့္ နတ္သမီးက လက္ခံလိုစိတ္မရွိတာေၾကာင့္ မနက္တြန္ေနျကအခ်ိန္ထက္ပိုေစာျပီးတြန္ေစဖို႕ ျကက္ကို အမိန္႔ ေပးခဲ႕ပါတယ္။ နတ္သားက အေစာျကက္တြန္သံ ျကားရတဲ႔အခါမွာေတာ႕ မိုးလင္းျပီ အထင္နဲ႕ ရပ္လိုက္တဲ႕အတြက္ေျကာင္႕ ဘယ္ေတာ႔မွ လက္ထပ္ခြင္႔ မရခဲ႔ပါဘူး” ။

ဒီ ဒ႑ာရီအရဆိုရင္ေတာ့ နတ္သားရဲ႕ ႀကိဳးပမ္းမႈ ျဖစ္တဲ့ တာရိုးအရွည္ႀကီးကို ျမင္ရမွာပါ။

စံကားအင္းထဲက ေန၀င္ဆည္းဆာ

စံကားေဒသရဲ႕ အလွပဆံုး အခ်ိန္ကိုျပပါဆိုရင္ေတာ့ ေန၀င္ဆည္းဆာ အခ်ိန္ကိုပဲ ျပရပါလိမ့္မယ္၊ ျပာလဲ့ေနတဲ့ ေကာင္းကင္ရယ္ ပုစြန္ဆီေရာင္သမ္းေနတဲ့ ေနလံုးႀကီးရဲ႔႕ အေရာင္ေတြက ေရျပင္မွာပါ ထင္ဟပ္ေနေတာ့ တကယ့္ကို ေဖာ္ျပလို႔မရတဲ့ အလွေတြနဲ႔ ေတြ႔ႀကံဳရမွာပါ၊ တကယ္ပါ ဒီဓါတ္ပံုေတြထက္ အျပင္မွာ သိပ္ကိုပိုလွပါတယ္။ ေရျမဳပ္ေနတဲ့ ဘုရားေတြ၊ ဘုန္းႀကီးေက်ာင္းေတြ အေဆာက္အဦးေတြ ျမင္ရတာလဲ စိတ္၀င္စားဖို႔သိပ္ေကာင္းပါတယ္။

ေနာင္ဘုိရြာက အိုးလုပ္ငန္း

လက္မႈပညာအရာျဖစ္တဲ့ ေနာင္ဘုိရြာက ေျမအုိးလုပ္ငန္းေတြကိုလဲ သြားေလ့လာလုိ႔ရသလို၊ ကိုယ္တုိင္စမ္းလုပ္ၾကည့္လို႔လဲရပါတယ္၊ ၾကည့္ရတာလြယ္ေပမယ့္၊ ကိုယ္တိုင္လုပ္တဲ့အခါ အခ်ိန္အဆ မတက္ေတာ့ ထင္သေလာက္မလြယ္ပါ၊ အရမ္းလဲေပ်ာ္ဖို႔ေကာင္းပါတယ္။ စမ္းၾကည့္ၾကပါ။

ထီးခါးက ဆန္အရက္ခ်က္လုပ္ငန္း

အရက္ဘယ္လိုခ်က္ၾကလဲ ဆုိတာ ထီးခါးရြာကိုသြားၿပီးေလ့လာလို႔ရပါတယ္၊ ေျပာင္း၊ ဆန္ေတြကို အခ်ဥ္ေဖါက္၊ ေပါင္းခံၿပီး က်လာတဲ့ အရည္ကို တစ္စက္ခ်င္းစီခံၿပီး အရက္ခ်က္ၾကတာျမင္ရတာလဲ သိပ္ကိုစိတ္၀င္စားစရာပါ၊ အနံ႔နဲ႔တင္မူးေလာက္ပါတယ္။
နတ္တာရိုးတေလွ်ာက္ေဖာင္စီးၾကမယ္

စိတ္၀င္စားရင္ နတ္တာရိုးကို လမ္းလွ်ာက္ၾကည့္ယံုမက ေဖာင္စီးၿပီးပါ ေရထဲကေန သြားလို႔ရပါတယ္၊ ေဖာင္အေသး၊ အႀကီးႏွစ္မ်ိဳး ရွိၿပီး ေလာေလာဆယ္ေတာ့ ဒီ service က စမ္းသပ္ကာလပဲရွိပါေသးတယ္၊ CBT စံႏႈန္းေတြနဲ႔ ေဖာ္ေဆာင္တာျဖစ္လို႔ ေစ်းေတာ့ သိပ္အမ်ားႀကီး မေပးရေလာက္ပါဘူး၊ တစ္ေယာက္မွ ၅၀၀၀ ပတ္၀န္းက်င္ေလာက္ရွိပါမယ္။

ဘယ္မွာတည္းမလဲ

စံကားရြာမွာ Home Stay ေနလိုရသလို၊ Hotel ပံုစံေလး ေနခ်င္ရင္လဲ a little lodge in Samka ဆိုတဲ့ ဟိုတယ္ေလးရွိပါတယ္၊ အင္းသားအိမ္ပံုစံေဆာက္လုပ္ထားတာေၾကာင့္ ေနခ်င္စရာေလးပါ၊ ေစ်းႏႈန္းကေတာ့ ရာသီအလိုက္ အေျပာင္းအလဲရွိပါတယ္၊ walk-in rate ကေတာ့ တစ္ခန္းကို USD 80 ေလာက္ရွိ္ပါတယ္။

စံကားကို ဘယ္လိုသြားမလဲ

ေညာင္ေရႊကေန ေလွနဲ႔သြားလို႔ရသလို ကားနဲ႔လဲသြားလို႔ရပါတယ္၊ လမ္းတစ္ေလွ်ာက္ အင္းထဲက ျမင္ကြင္းေတြက အရမ္းကို သိပ္လြန္းေတာ့ ေလွနဲ႔သြားရတာကို သိပ္သေဘာက်ပါတယ္။ ကိုယ္ေတြသြားတဲ့ အစီအစဥ္ေလးအတိုင္းသြားခ်င္ရင္ေတာ့ ေညာင္ေရႊက GYPSY INN ကို စံုစမ္းၿပီးသြားလို႔ရပါတယ္၊ ေညာင္ေရႊ – စကား ေန႔ခ်င္းျပန္ခရီးစဥ္ကို ၄၅၀၀၀၊ တစ္ညအိပ္ ၂ ရက္ခရီးစဥ္ကိုေတာ့ တည္းခိုစရိတ္မပါ ၉၀၀၀၀ က်ပ္ နဲ႔ ခရီးစဥ္ေတြရွပါတယ္။ အေသးစိတ္သိခ်င္ရင္ေတာ့ GYPSY INN ဖုန္းနံပါတ္ 081-209084, 209144, 09428365689 ကို ဆက္သြယ္စံုစမ္းေမးျမန္းႏိုင္ပါတယ္။

Credit – He & She ( Instagram)

Photo credit – He & She ( Instagram)
Unicodeဖြင့်ဖတ်ရန်

ရေအောက်ထဲရောက်နေတဲ့ မြန်မာ့သမိုင်းထဲက မြို့တော် ( သို့ ) စံကားဒေသ

စံကား (စကားရွာ) ဒီနာမည်ကို ကြားဖူးနားဝရှိကြပေမယ့်၊ ဒီနေရာရဲ့ ပကတိအလှတွေကို မျက်ဝါးထင်ထင်တွေ့ဖူးကြသူတွေ နည်းပါလိမ့်ဦးမယ်။ မြို့တစ်ဝက်လောက်က ရေအောက်မြုပ်နေသည့်တိုင် .. စံကားအင်းထဲ နေဝင်ဆည်းဆာ အချိန်လှေစီးရတဲ့အရသာ၊ တာခေါင်မွေတော်စေတီတွေရဲ့ စီစီရီရီနဲ့ သပ္ပါယ်တဲ့အလှနဲ့၊ သမိုင်းကြောင်း ပုံပြင်တွေနဲ့ တာရိုးဟောင်း နေရာတွေက စံကားဒေသကို စိတ်ဝင်စားစရာကောင်းလောက်အောင်ကို ဆွဲဆောင်ထားနိုင်တဲ့ အရာတွေပါ။

စံကားရွာက ဘယ်မှာရှိ

အင်းလေးကန် (ညောင်ရွှေ) ရဲ့ တောင်ဖက်ခြမ်း မှာရှိပြီး စက်လှေနဲ့ ၃နာရီဝန်းကျင်လောက် သွားရင်ရောက်ပါတယ်။ ရှမ်း၊ ပအိုဝ့်၊ အင်းသားလူမျိုးတွေရှိပြီး လူဦးရေ ၁၅၀၀ လောက်ပဲရှိသေးတဲ့ တိတ်တဆိတ်လှပနေတဲ့ ကျေးရွာတစ်ရွာပါ။ ဟိုးအရင်တုန်းကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာတစ်နိုင်ငံလုံးရဲ့ ပင်မလျှပ်စစ်ဓါတ်အားပေး စက်ရုံဖြစ်တဲ့ လောပိတရေအားလျှပ်စစ် စက်ရုံဆောက်တုန်းက ဆည်ကြီးတွေတည်ဆောက်ရင်းနဲ့ မြို့တစ်ဝက်လောက်က ရေဖုံးလွမ်းသွားပြီး ရေအောက်ထဲအရောက်ခံခဲ့ရတဲ့အထိ စတေးခံ ပေးဆပ်ခဲ့ရတဲ့ ဒီစကားဒေသက အခုချိန်အထိ လျှပ်စစ်မီးမရရှိသေးတာကတော့ တကယ့်ကို စိတ်မကောင်းစရာပါ။

စံကားရောက်ရင် ဘယ်တွေသွားကြမလဲ၊ ဘာတွေလုပ်ကြမလ

စံကားအင်းနဲ့ စကားဒေသက ကျယ်လဲကျယ်သလို လည်စရာတွေကလဲ များတယ်ဆိုပေမယ့် ၂ရက်လောက် အချိန်ပေးနိုင်ရင် ကောင်းကောင်းလောက်ပါတယ်။ ဘယ်တွေသွားမလဲ ဘာတွေလုပ်မလဲ အောက်မှာ ဆက်ဖတ်ပေးပါနော်တာ

ခေါင်မွေတော်ဘုရား

စီစီရီရီနဲ့ မတူညီတဲ့ ပုံသဏ္ဍာန်နဲ့ မွေတော်စေတီတွေရဲ့ ပုံစံတွေက အရမ်းကို ကျက်သရေရှိစွာ သပ္ပါယ်လွန်းပါတယ်၊ ဟိုးအရင်တုန်းကတော့ ချုံနွယ်တွေနဲ့ဖုံးလွှမ်းနေလို့ လွယ်လွယ်ကူကူသွားလာလို့မရဘူးလို့ဆိုပါတယ်၊ အခုကတော့ လွယ်လွယ်လေးသွားလာလို့ရတာ ကံကောင်းမှုတစ်ခုပါ၊ တာခေါင်မွေတော်ဘုရားရဲ့ အနောက်ဖက် တောင်တန်းကြီးရှေ့က ကြီးမားလွန်းတဲ့ ပြောင်းဖူးခင်းကြီးကလဲ တခြားနေရာတစ်နေရာ ရောက်သွားသလိုဆွဲဆောင်မှု ရှိလွန်းပါတယ်။
နတ်တာရိုး

နှစ်ပေါင်း ၈၀၀ လောက်ရှိပြီး သမိုင်းကြောင်းတွေ ပုံပြင်တွေအပြည့်ရှိနေတဲ့ နေရာဆိုလဲ မမှားပါဘူး၊ ဒဏ္ဍာရီအရဆိုရင်တော့ ဟိုးနှစ်ပေါင်းများစွာတုန်းက ရေထွက်နှစ်ခုရှိခဲ့ပြီး တစ်ခုကို နတ်ညီနောင်နှစ်ပါးက စောင့်ရှောက်ပြီး နောက်တစ်ခုကိုတော့ နတ်သမီးတစ်ပါးက စောင့်ရှောက်ပါတယ်၊ အဲ့ဒီနတ်ညီနောင်နှစ်ပါးထဲက တစ်ပါးက နတ်သမီးကို စုံမက်လက်ထပ် ချင်ခဲ့ပါတယ်၊ ဒါကိုနတ်သမီးက ဒီရေထွက်စမ်းပေါက်ရဲ့ အရှေ့နဲ့ အနောက်ကို မိုးမလင်းချင် တံတားတစ်စင်း အပြင်းဆောက်နိုင်ရင် လက်ခံမယ်လို့ဆိုပြီး တောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ်၊ ဒါပေမယ့် နတ်သမီးက လက်ခံလိုစိတ်မရှိတာကြောင့် မနက်တွန်နေကြအချိန်ထက်ပိုစောပြီးတွန်စေဖို့ ကြက်ကို အမိန့် ပေးခဲ့ပါတယ်။ နတ်သားက အစောကြက်တွန်သံ ကြားရတဲ့အခါမှာတော့ မိုးလင်းပြီ အထင်နဲ့ ရပ်လိုက်တဲ့အတွက်ကြောင့် ဘယ်တော့မှ လက်ထပ်ခွင့် မရခဲ့ပါဘူး” ။

ဒီ ဒဏ္ဍာရီအရဆိုရင်တော့ နတ်သားရဲ့ ကြိုးပမ်းမှု ဖြစ်တဲ့ တာရိုးအရှည်ကြီးကို မြင်ရမှာပါ။

စံကားအင်းထဲက နေဝင်ဆည်းဆာ

စံကားဒေသရဲ့ အလှပဆုံး အချိန်ကိုပြပါဆိုရင်တော့ နေဝင်ဆည်းဆာ အချိန်ကိုပဲ ပြရပါလိမ့်မယ်၊ ပြာလဲ့နေတဲ့ ကောင်းကင်ရယ် ပုစွန်ဆီရောင်သမ်းနေတဲ့ နေလုံးကြီးရဲ့ အရောင်တွေက ရေပြင်မှာပါ ထင်ဟပ်နေတော့ တကယ့်ကို ဖော်ပြလို့မရတဲ့ အလှတွေနဲ့ တွေ့ကြုံရမှာပါ၊ တကယ်ပါ ဒီဓါတ်ပုံတွေထက် အပြင်မှာ သိပ်ကိုပိုလှပါတယ်။ ရေမြုပ်နေတဲ့ ဘုရားတွေ၊ ဘုန်းကြီးကျောင်းတွေ အဆောက်အဦးတွေ မြင်ရတာလဲ စိတ်ဝင်စားဖို့သိပ်ကောင်းပါတယ်။

နောင်ဘိုရွာက အိုးလုပ်ငန်း

လက်မှုပညာအရာဖြစ်တဲ့ နောင်ဘိုရွာက မြေအိုးလုပ်ငန်းတွေကိုလဲ သွားလေ့လာလို့ရသလို၊ ကိုယ်တိုင်စမ်းလုပ်ကြည့်လို့လဲရပါတယ်၊ ကြည့်ရတာလွယ်ပေမယ့်၊ ကိုယ်တိုင်လုပ်တဲ့အခါ အချိန်အဆ မတက်တော့ ထင်သလောက်မလွယ်ပါ၊ အရမ်းလဲပျော်ဖို့ကောင်းပါတယ်။ စမ်းကြည့်ကြပါ။

ထီးခါးက ဆန်အရက်ချက်လုပ်ငန်း

အရက်ဘယ်လိုချက်ကြလဲ ဆိုတာ ထီးခါးရွာကိုသွားပြီးလေ့လာလို့ရပါတယ်၊ ပြောင်း၊ ဆန်တွေကို အချဉ်ဖေါက်၊ ပေါင်းခံပြီး ကျလာတဲ့ အရည်ကို တစ်စက်ချင်းစီခံပြီး အရက်ချက်ကြတာမြင်ရတာလဲ သိပ်ကိုစိတ်ဝင်စားစရာပါ၊ အနံ့နဲ့တင်မူးလောက်ပါတယ်။

နတ်တာရိုးတလျှောက်ဖောင်စီးကြမယ်

စိတ်ဝင်စားရင် နတ်တာရိုးကို လမ်းလျှာက်ကြည့်ယုံမက ဖောင်စီးပြီးပါ ရေထဲကနေ သွားလို့ရပါတယ်၊ ဖောင်အသေး၊ အကြီးနှစ်မျိုး ရှိပြီး လောလောဆယ်တော့ ဒီ service က စမ်းသပ်ကာလပဲရှိပါသေးတယ်၊ CBT စံနှုန်းတွေနဲ့ ဖော်ဆောင်တာဖြစ်လို့ ဈေးတော့ သိပ်အများကြီး မပေးရလောက်ပါဘူး၊ တစ်ယောက်မှ ၅၀၀၀ ပတ်ဝန်းကျင်လောက်ရှိပါမယ်။

ဘယ်မှာတည်းမလဲ

စံကားရွာမှာ Home Stay နေလိုရသလို၊ Hotel ပုံစံလေး နေချင်ရင်လဲ a little lodge in Samka ဆိုတဲ့ ဟိုတယ်လေးရှိပါတယ်၊ အင်းသားအိမ်ပုံစံဆောက်လုပ်ထားတာကြောင့် နေချင်စရာလေးပါ၊ ဈေးနှုန်းကတော့ ရာသီအလိုက် အပြောင်းအလဲရှိပါတယ်၊ walk-in rate ကတော့ တစ်ခန်းကို USD 80 လောက်ရှိပါတယ်။

စံကားကို ဘယ်လိုသွားမလဲ

ညောင်ရွှေကနေ လှေနဲ့သွားလို့ရသလို ကားနဲ့လဲသွားလို့ရပါတယ်၊ လမ်းတစ်လျှောက် အင်းထဲက မြင်ကွင်းတွေက အရမ်းကို သိပ်လွန်းတော့ လှေနဲ့သွားရတာကို သိပ်သဘောကျပါတယ်။ ကိုယ်တွေသွားတဲ့ အစီအစဉ်လေးအတိုင်းသွားချင်ရင်တော့ ညောင်ရွှေက GYPSY INN ကို စုံစမ်းပြီးသွားလို့ရပါတယ်၊ ညောင်ရွှေ – စကား နေ့ချင်းပြန်ခရီးစဉ်ကို ၄၅၀၀၀၊ တစ်ညအိပ် ၂ ရက်ခရီးစဉ်ကိုတော့ တည်းခိုစရိတ်မပါ ၉၀၀၀၀ ကျပ် နဲ့ ခရီးစဉ်တွေရှပါတယ်။ အသေးစိတ်သိချင်ရင်တော့ GYPSY INN ဖုန်းနံပါတ် 081-209084, 209144, 09428365689 ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Credit – He & She ( Instagram)

Photo credit – He & She ( Instagram)

Leave a Reply

Your email address will not be published. Required fields are marked *