ျမန္မာရာဇဝင္ထဲက ဘီလူး ႏွင့္ ဘီလူးကြၽန္း…

Zawgyiျဖင့္ဖတ္ရန္

ဘီလူးဟု ဆိုလိုက္လွ်င္ ရာဇဝင္ဇာတ္လမ္း ပုံျပင္မ်ားထဲမွ အလြန္ေၾကာက္မက္ဖြယ္ေကာင္းသည့္ အစြယ္ပါ သတၱဝါႀကီးမ်ားအျဖစ္ သိထားၾကပါတယ္။ ေခါင္းဆယ္လုံးရွိ ဒႆဂီရိဘီးလူးကိုလည္း စာေပမ်ားထဲတြင္ အထင္အရွားျမင္ေနရတုန္းပါ။ ပုံျပင္ ဇာတ္လမ္းမ်ားထဲတြင္ ဘီးလူးမ်ားအၿမဲပါေနေလ့ရွိသည့္မွာ မိမိတို႔တစ္ႏိုင္ငံတည္းမဟုတ္ပါ ႏိုင္ငံတိုင္း သူ႔႐ိုးရာႏွင့္သူ ဘီးလူးမ်ိဳးစုံရွိၾကပါတယ္။

ျမန္မာႏိုင္ငံမွာလည္း သံလြင္ျမစ္ဝမွာ ဘီးလူးကြၽန္း အမည္နဲ႔ကြၽန္းတစ္ကြၽန္း ရွိတာ အားလုံးအသိပါ။ အဲဒီေတာ့ ဘီလူးနဲ႔ ဘီလူးကြၽန္းတကယ္ပဲ ဆက္စပ္ေနပါသလား…

အမ်ားအားျဖင့္ေတာ့ ရာဇဝင္ထဲမွာပါေလ့ရွိတဲ့ ဘီလူးေတြဟာ ကိုယ္ခႏၶာထြားက်ိဳင္းသူေတြ ျဖစ္ဟန္တူပါတယ္။ လူခ်င္းအတူတူေတာင္မွ ကိုယ္ခႏၶာႀကီးမားတဲ့သူေတြကို လူ႔ဘီလူးဟု ေခၚတာပဲေလ။ သမိုင္းအရဆိုရင္ေတာ့ သံလြင္ျမစ္ဝက ဘီလူးကြၽန္းမွာ ေရွးအခါက နီဂ႐ြိဳက္(နီဂရစ္တို) လို႔ေခၚတဲ့ ကိုယ္ခႏၶာထြားက်ိဳင္း ၊ အသားမည္းကပၸလီလူမ်ိဳးတစ္မ်ိဳးေနထိုင္ပါသတဲ့။ ဘီလူးကြၽန္းတစ္ခုတည္းမွာတင္မဟုတ္ပါဘူး။

အခုမြန္ျပည္နယ္ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဒီလူမ်ိဳးေတြျပန႔္ႀကဲေနထိုင္ၾကပါတယ္။ သူတို႔ကိုေတာ့ သမိုင္းပညာရွင္ေတြက စမင္ လို႔ေခၚၾကပါတယ္။ မြန္တိုင္းရင္းသားေတြကေတာ့ စေမာင္းလို႔ေခၚတယ္။ အခု မေလးရွားနဲ႔ အင္ဒိုနီးရွားမွာ semang လို႔သိၾကတဲ့ ေရွးေဟာင္းလူသားေတြရဲ႕ အဆက္အႏြယ္ေတြပါ။

ဘီလူးကြၽန္းေနရာဟာ စေမာင္းလူမ်ိဳးေတြေနာက္ဆုံးေနထိုင္ခဲ့တဲ့ ေနရာျဖစ္ဟန္တူပါတယ္။ ေဒါက္တာ ဂ်ီေအဂရီအာဆင္ကေတာ့ သူျပဳစုတဲ့ အိႏၵိယႏိုင္ငံ ဘာသႏၲရေလ့လာမႈစစ္တမ္းမွာ ဘီစီ ၂၅၀ အထက္က ဘီလူးကြၽန္းမွာ နီဂ႐ိုးအႏြယ္ဝင္ စမင္လူမ်ိဳးေတြေနထိုင္ခဲ့ၾကတယ္။ သူတို႔ဟာ ကိုယ္ခႏၶာထြားက်ိဳင္းကာ ေရကူးအလြန္ကြၽမ္းတဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့ အသားစားဘီလူးေတြျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ စမင္ေတြဟာ မြန္တိုင္းရင္းသားေတြရဲ႕ တိုက္ခိုက္မႈေၾကာင့္ ေတာင္ဘက္ကို တျဖည္းျဖည္းေ႐ႊ႕ေျပာင္းသြားၾကပါတယ္။

ဂရိပထဝီပညာရွင္ ေတာ္လမီ ႐ြက္လြင့္သြားလာရာမွာ မုတၱမပင္လယ္ေကြ႕မွာ အသားစားတဲ့ လူ႐ိုင္းေတြနဲ႔ ေတြ႕ခဲ့ဖူးတယ္လို႔ သူ႔ရဲ႕မွတ္တမ္းမွာေဖာ္ျပထားတာ ဒီစမင္လူမ်ိဳးေတြပဲ ျဖစ္ပါတယ္။ သူတို႔က အျခားလူမ်ိဳးေတြကို တိုက္ခိုက္တဲ့အျပင္ သူတို႔အခ်င္းခ်င္းလည္း အုပ္စုလိုက္ျပန္တိုက္ခိုက္ေလ့ ရွိတဲ့ လူမ်ိဳးေတြလို႔ ဆိုပါတယ္။

သထုံေက်ာက္စာမွာ ေရွးတုန္းကသထုံနယ္ဟာ ဘီလူးႏိုင္ငံျဖစ္ခဲ့ဖူးတယ္ လို႔ပါရွိရာ စမင္ေတြကိုပဲ ရည္ၫြန္းေျပာဆိုဟန္ရွိပါတယ္။ သထုံကို မြန္ေတြဝင္ေရာက္လာစဥ္တုန္းက ဘီလူးေတြနဲ႔ တိုက္ခိုက္ခဲ့ရတဲ့အေၾကာင္း သီဟိုဠ္ဒီပဝင္ (ေအဒီ ၆ရာစု) နဲ႔ ကလ်ာဏီမြန္ေက်ာက္စာ (၁၅ ရာစု) တို႔မွာ ပါရွိပါတယ္။

မြန္စာေပ ပုံျပင္ေတြထဲမွာ လည္းဘီလူးေတြအေၾကာင္းပါေလ့ရွိပါတယ္။ စမင္လို႔ေခၚတဲ့ ဒီဘီလူးေတြဟာ မြန္ေတြရဲ႕တိုက္ခိုက္မႈေၾကာင့္ ေျပာင္းေ႐ႊ႕ထြက္ေျပးသြားတဲ့အခါမွာ မြန္ၿမိဳ႕ျပႏိုင္ငံေတြ စတင္ေပၚေပါက္လာခဲ့တာျဖစ္ပါတယ္။

ref:ရာဇဝင္ထဲက အျငင္းပြားစရာမ်ား – တင္ႏိုင္တိုး

ျမန္မာ့စြယ္စုံက်မ္း

Creadit:ayesay
Unicodeဖြင့်ဖတ်ရန်

မြန်မာရာဇဝင်ထဲက ဘီလူး နှင့် ဘီလူးကျွန်း

ဘီလူးဟု ဆိုလိုက်လျှင် ရာဇဝင်ဇာတ်လမ်း ပုံပြင်များထဲမှ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အစွယ်ပါ သတ္တဝါကြီးများအဖြစ် သိထားကြပါတယ်။ ခေါင်းဆယ်လုံးရှိ ဒဿဂီရိဘီးလူးကိုလည်း စာပေများထဲတွင် အထင်အရှားမြင်နေရတုန်းပါ။ ပုံပြင် ဇာတ်လမ်းများထဲတွင် ဘီးလူးများအမြဲပါနေလေ့ရှိသည့်မှာ မိမိတို့တစ်နိုင်ငံတည်းမဟုတ်ပါ နိုင်ငံတိုင်း သူ့ရိုးရာနှင့်သူ ဘီးလူးမျိုးစုံရှိကြပါတယ်။

မြန်မာနိုင်ငံမှာလည်း သံလွင်မြစ်ဝမှာ ဘီးလူးကျွန်း အမည်နဲ့ကျွန်းတစ်ကျွန်း ရှိတာ အားလုံးအသိပါ။ အဲဒီတော့ ဘီလူးနဲ့ ဘီလူးကျွန်းတကယ်ပဲ ဆက်စပ်နေပါသလား…

အများအားဖြင့်တော့ ရာဇဝင်ထဲမှာပါလေ့ရှိတဲ့ ဘီလူးတွေဟာ ကိုယ်ခန္ဓာထွားကျိုင်းသူတွေ ဖြစ်ဟန်တူပါတယ်။ လူချင်းအတူတူတောင်မှ ကိုယ်ခန္ဓာကြီးမားတဲ့သူတွေကို လူ့ဘီလူးဟု ခေါ်တာပဲလေ။ သမိုင်းအရဆိုရင်တော့ သံလွင်မြစ်ဝက ဘီလူးကျွန်းမှာ ရှေးအခါက နီဂရွိုက်(နီဂရစ်တို) လို့ခေါ်တဲ့ ကိုယ်ခန္ဓာထွားကျိုင်း ၊ အသားမည်းကပ္ပလီလူမျိုးတစ်မျိုးနေထိုင်ပါသတဲ့။ ဘီလူးကျွန်းတစ်ခုတည်းမှာတင်မဟုတ်ပါဘူး။

အခုမွန်ပြည်နယ်နေရာတော်တော်များများမှာ ဒီလူမျိုးတွေပြန့်ကြဲနေထိုင်ကြပါတယ်။ သူတို့ကိုတော့ သမိုင်းပညာရှင်တွေက စမင် လို့ခေါ်ကြပါတယ်။ မွန်တိုင်းရင်းသားတွေကတော့ စမောင်းလို့ခေါ်တယ်။ အခု မလေးရှားနဲ့ အင်ဒိုနီးရှားမှာ semang လို့သိကြတဲ့ ရှေးဟောင်းလူသားတွေရဲ့ အဆက်အနွယ်တွေပါ။

ဘီလူးကျွန်းနေရာဟာ စမောင်းလူမျိုးတွေနောက်ဆုံးနေထိုင်ခဲ့တဲ့ နေရာဖြစ်ဟန်တူပါတယ်။ ဒေါက်တာ ဂျီအေဂရီအာဆင်ကတော့ သူပြုစုတဲ့ အိန္ဒိယနိုင်ငံ ဘာသန္တရလေ့လာမှုစစ်တမ်းမှာ ဘီစီ ၂၅၀ အထက်က ဘီလူးကျွန်းမှာ နီဂရိုးအနွယ်ဝင် စမင်လူမျိုးတွေနေထိုင်ခဲ့ကြတယ်။ သူတို့ဟာ ကိုယ်ခန္ဓာထွားကျိုင်းကာ ရေကူးအလွန်ကျွမ်းတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အသားစားဘီလူးတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စမင်တွေဟာ မွန်တိုင်းရင်းသားတွေရဲ့ တိုက်ခိုက်မှုကြောင့် တောင်ဘက်ကို တဖြည်းဖြည်းရွှေ့ပြောင်းသွားကြပါတယ်။

ဂရိပထဝီပညာရှင် တော်လမီ ရွက်လွင့်သွားလာရာမှာ မုတ္တမပင်လယ်ကွေ့မှာ အသားစားတဲ့ လူရိုင်းတွေနဲ့ တွေ့ခဲ့ဖူးတယ်လို့ သူ့ရဲ့မှတ်တမ်းမှာဖော်ပြထားတာ ဒီစမင်လူမျိုးတွေပဲ ဖြစ်ပါတယ်။ သူတို့က အခြားလူမျိုးတွေကို တိုက်ခိုက်တဲ့အပြင် သူတို့အချင်းချင်းလည်း အုပ်စုလိုက်ပြန်တိုက်ခိုက်လေ့ ရှိတဲ့ လူမျိုးတွေလို့ ဆိုပါတယ်။

သထုံကျောက်စာမှာ ရှေးတုန်းကသထုံနယ်ဟာ ဘီလူးနိုင်ငံဖြစ်ခဲ့ဖူးတယ် လို့ပါရှိရာ စမင်တွေကိုပဲ ရည်ညွန်းပြောဆိုဟန်ရှိပါတယ်။ သထုံကို မွန်တွေဝင်ရောက်လာစဉ်တုန်းက ဘီလူးတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့အကြောင်း သီဟိုဠ်ဒီပဝင် (အေဒီ ၆ရာစု) နဲ့ ကလျာဏီမွန်ကျောက်စာ (၁၅ ရာစု) တို့မှာ ပါရှိပါတယ်။

မွန်စာပေ ပုံပြင်တွေထဲမှာ လည်းဘီလူးတွေအကြောင်းပါလေ့ရှိပါတယ်။ စမင်လို့ခေါ်တဲ့ ဒီဘီလူးတွေဟာ မွန်တွေရဲ့တိုက်ခိုက်မှုကြောင့် ပြောင်းရွှေ့ထွက်ပြေးသွားတဲ့အခါမှာ မွန်မြို့ပြနိုင်ငံတွေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ref:ရာဇဝင်ထဲက အငြင်းပွားစရာများ – တင်နိုင်တိုး

မြန်မာ့စွယ်စုံကျမ်း

Creadit:ayesay

Leave a Reply

Your email address will not be published. Required fields are marked *