၃လတစ်ခါပြုလုပ်သင့်တဲ့အိမ်ဆေးခြင်းလာဘ်ပွင့်မင်္ဂလာ

၃လတစ်ခါ ပြုလုပ်သင့်တဲ့ အိမ်ဆေးခြင်း လာဘ်ပွင့်မင်္ဂလာ

သင်တို့အိမ်က ဘုရားတရား ဘယ်လောက်လုပ်နေပါစေ အတိုက်အခံ မနာလိုမုန်းတီးသူ များနေတယ် အေးချမ်းခြင်းမရှိဘူး ငွေလည်းမဝင် လာဘ်တိတ်နေတယ် ကံမကောင်းချက်က ချဲတွေထီတွေမပြောနဲ့ ကံစမ်းမဲဆို ၁၀၀တန်တောင် မပေါက်ဖူးဘူးဆိုရင် အောက်ပါအတိုင်း ပြုလုပ်ဆောင်ရွက်ပေးပါနော်…

အချိန်တွေနေ့ရက်တွေ မသတ်မှတ်ထားပါ ပြုလုပ်တဲ့ရက်က ပြဿဒါးရက်မဖြစ်ရင် ရပါပြီ လိုအပ်တာကတော့ ဖလားရေခွက်သပြေညွန့် ၃ရွက်နဲ့ သရော်ကင်ပွန်း တစ်ထုပ် (ခေါင်းလျော်ရည်လည်း ရပါတယ်)

ပြုလုပ်ရမှာက ဖလားထဲကို ရေနဲ့ခေါင်းလျှော်ရည် (သရော်ကင်ပွန်း) ဆတူမပြည့်တပြည့်လာက် ထည့်ပါ… သပြေညွန့် ၃ရွက်ကို ထည့်ပြီးအောက်ပါ ဂါထာကို ၁၀၈ခေါက် ရွတ်ရင်း မိမိနေထိုင်ရာ အိမ်ခြံမြေ ပတ်ပတ်လည်ကို သပြေခက်ဖြင့် ရေတို့ထိရင်း ပက်ဖြန်းလိုက်ပါ…

ဂါထာတော်

ဥုံ သတ္တံသတ္တံဝလံပိတော ဒယာဒယာဝီရာဗုဒ္ဓေါ သက်ကတ်တံ ဘာဝန်တိယဝစ ဒီပို့စ်ကို အစဆုံးဖတ်သူတွေကို ကျေးဇူးတင်ပါတယ် ဆက်လက်၍ ဖတ်ရှူ့ကြည့်ပါဦးနော်…

တရားရစေတဲ့လူ (၅)ဦးကို တင်ပြပေးပါမယ်…

(၁) လေးစားမှုဆိုတာကို နားမလည်တဲ့ သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ ဒေါသကို ထိန်းချုပ်နိုင်လေ တရားရလေပါပဲ…

(၂) သည်းခံတတ်ခြင်း မရှိတဲ့သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ ခန္ဓီပါရမီကို ပို၍နားလည်နိုင်တာပါပဲ…

(၃) သစ္စာနဲ့ဂတိတည်ခြင်း မရှိတဲ့သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ ပုထုဇဉ်တွေသဘော ပို၍သိလာတာပါပဲ…

(၄) ဖြစ်လိုတဲ့ဆန္ဒ ပြင်းပြပြီး ဒေါသကြီးတဲ့သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ ပိုပြီးသည်းခံတတ်လာတာပါပဲ…

(၅) ရလိုတာပဲကြည့်ပြီး နှစ်ဖက်မျှမတွေးတတ်တဲ့ သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ ပိုပြီးနားလည်တတ်လာပါပဲ ။

Credit to Original

Zawgyi





ဂါထာတော်








Credit to Original

Be the first to comment

Leave a Reply

Your email address will not be published.


*