တစ္ေယာက္ယူ တစ္ေယာက္လက္ေဆာင္ရမယ့္ ကမၻာ့ကံအေကာင္းဆံုး အမ်ိဳးသား

Zawgyi ျဖင့္ဖတ္ရန္

အသက္ ၃၃ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အန္နာနဲ႔ လူစီတို႔ အျမႊာညီအစ္မ ဟာ ဘန္ဘရိန္းလို႔အမည္ရတဲ့ အမ်ိဳးသား နဲ႔ ၆ ႏွစ္ၾကာ ဒိတ္လုပ္ခဲ့ၾကၿပီး ၃ ဦးဆက္ဆံေရးကို ထူေထာင္ထားၾကသူေတြျဖစ္ပါတယ္။

အန္နာ နဲ႔လူစီတို႔ အျမြာညီအစ္မဟာ ေနာက္တစ္ဆင့္ကို တက္လွမ္းတဲ့အေနနဲ႔ ဘန္ဘရိန္းနဲ႔ လက္ထပ္ လုိၾကေပမယ့္ တစ္ခ်ိန္တည္းမွာ မိန္းမ ၂ ေယာက္ယူလုိ႔မရတဲ့ ဥပေဒ ေၾကာင့္ အခက္ေတြ႕ေနၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ လူစီနဲ႔အန္နာတို႔ဟာ တီဗြီ အစီအစဥ္မွာ ၎တို႔ေနထုိင္ရာ ၾသစေၾတးလ်ႏုိင္ငံရဲ႕ ဥပေဒကို ေျပာင္းလဲႏုိင္ဖို႔ ႀကိဳးပမ္းေနၾကပါတယ္။

ၾသစေၾတးလ်အေနာက္ပိုင္း ပါ့သ္မွာ ေနထုိင္တဲ့ အန္နာနဲ႔ လူစီတုိ႔ အျမႊာညီအစ္မဟာ ၁၀၀ ရာခုိင္ႏႈန္း ခြဲမရေအာင္ ခၽြတ္စြပ္တူၿပီး အလြန္လွပတဲ့ မိန္းကေလးေတြျဖစ္တာေၾကာင့္ အင္စတာဂရမ္မွာလည္း ပရိသတ္ ၂၇၀၀၀ ေက်ာ္ရရွိထားပါတယ္။

ၾသစေၾတးလ်ဟာသစီးရီးတစ္ခုျဖစ္ၿပီး Hughesy လို႔ အမည္ေပးထားတဲ့ ကၽြန္ေတာ္/ကၽြန္မတို႔မွာ ျပႆနာရွိေနတယ္ အစီအစဥ္မွာ အန္နာနဲ႔ လူစီတုိ႔က အခုလိုပဲ ေျပာၾကားခဲ့ပါတယ္။

“ေကာင္းၿပီေလ။ အဲဒီေတာ့ ကၽြန္မတို႔ ဘန္ကို ေဝမွ်ၾကတာေပါ့”

“ကၽြန္မတို႔ သူ႔ကုိတစ္ေန႔တည္းမွာပဲ လက္ထပ္ခ်င္ပါတယ္။ ဒါေပမယ့္ ၾသစေၾတးလ်မွာရွိတဲ့ ဥပေဒက အဲဒီလိုလုပ္လို႔မရဘူးေျပာေနတယ္။ အဲဒီေတာ့ ကၽြန္မတို႔ ဘယ္လုိလုပ္ၾကမလဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

အန္နာနဲ႔ လူစီတုိ႔ဟာ ယင္းတီဗီအစီအစဥ္က ရုပ္သံဖုိင္ကို ၎တို႔ရဲ႕ အင္စတာဂရမ္မွာ ‘အထူးဆန္းဆံုး ျပႆနာတစ္ခုကို မွ်ေဝလုိက္ပါၿပီ။ အမ်ိဳးသားတစ္ဦးတည္းကိုပဲ ကၽြန္မတို႔ လက္ထပ္ခ်င္ပါတယ္’ဆုိတဲ့ စာသားနဲ႔ မွ်ေဝခဲ့ပါတယ္။

Credit : Shweinlay

Unicode ဖြင့်ဖတ်ရန်

တစ်ယောက်ယူ တစ်ယောက်လက်ဆောင်ရမယ့် ကမ္ဘာ့ကံအကောင်းဆုံး အမျိုးသား

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အန်နာနဲ့ လူစီတို့ အမြွှာညီအစ်မ ဟာ ဘန်ဘရိန်းလို့အမည်ရတဲ့ အမျိုးသား နဲ့ ၆ နှစ်ကြာ ဒိတ်လုပ်ခဲ့ကြပြီး ၃ ဦးဆက်ဆံရေးကို ထူထောင်ထားကြသူတွေဖြစ်ပါတယ်။

အန်နာ နဲ့လူစီတို့ အမြွာညီအစ်မဟာ နောက်တစ်ဆင့်ကို တက်လှမ်းတဲ့အနေနဲ့ ဘန်ဘရိန်းနဲ့ လက်ထပ် လိုကြပေမယ့် တစ်ချိန်တည်းမှာ မိန်းမ ၂ ယောက်ယူလို့မရတဲ့ ဥပဒေ ကြောင့် အခက်တွေ့နေကြပါတယ်။

လက်ရှိအချိန်မှာတော့ လူစီနဲ့အန်နာတို့ဟာ တီဗွီ အစီအစဉ်မှာ ၎င်းတို့နေထိုင်ရာ သြစတြေးလျနိုင်ငံရဲ့ ဥပဒေကို ပြောင်းလဲနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

သြစတြေးလျအနောက်ပိုင်း ပါ့သ်မှာ နေထိုင်တဲ့ အန်နာနဲ့ လူစီတို့ အမြွှာညီအစ်မဟာ ၁၀၀ ရာခိုင်နှုန်း ခွဲမရအောင် ချွတ်စွပ်တူပြီး အလွန်လှပတဲ့ မိန်းကလေးတွေဖြစ်တာကြောင့် အင်စတာဂရမ်မှာလည်း ပရိသတ် ၂၇၀၀၀ ကျော်ရရှိထားပါတယ်။

သြစတြေးလျဟာသစီးရီးတစ်ခုဖြစ်ပြီး Hughesy လို့ အမည်ပေးထားတဲ့ ကျွန်တော်/ကျွန်မတို့မှာ ပြဿနာရှိနေတယ် အစီအစဉ်မှာ အန်နာနဲ့ လူစီတို့က အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ကောင်းပြီလေ။ အဲဒီတော့ ကျွန်မတို့ ဘန်ကို ဝေမျှကြတာပေါ့”

“ကျွန်မတို့ သူ့ကိုတစ်နေ့တည်းမှာပဲ လက်ထပ်ချင်ပါတယ်။ ဒါပေမယ့် သြစတြေးလျမှာရှိတဲ့ ဥပဒေက အဲဒီလိုလုပ်လို့မရဘူးပြောနေတယ်။ အဲဒီတော့ ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”လို့ ပြောကြားခဲ့ပါတယ်။

အန်နာနဲ့ လူစီတို့ဟာ ယင်းတီဗီအစီအစဉ်က ရုပ်သံဖိုင်ကို ၎င်းတို့ရဲ့ အင်စတာဂရမ်မှာ ‘အထူးဆန်းဆုံး ပြဿနာတစ်ခုကို မျှဝေလိုက်ပါပြီ။ အမျိုးသားတစ်ဦးတည်းကိုပဲ ကျွန်မတို့ လက်ထပ်ချင်ပါတယ်’ဆိုတဲ့ စာသားနဲ့ မျှဝေခဲ့ပါတယ်။

Credit : Shweinlay

Leave a Reply

Your email address will not be published. Required fields are marked *