မိမိရဲ့ ကိုယ်တွင်းအင်္ဂါတွေနဲ့ လူသုံးယောက်အသက်ကိုကယ်ပြီး ဘဝတစ်ပါးကိုကူးပြောင်းသွားတဲ့ ကလေးလေး

ဇန်နဝါရီလ 19ရက်နေ့က အမေရိကန်နိုင်ငံမှာ Leopauld Sanchez လို့ခေါ်တဲ့ တစ်နှစ်အရွယ်ကလေးငယ်လေးဟာ ကားတိုက်မှုကရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့်ပဲ သေဆုံးသွားခဲ့ပါတယ်။ ဒီကလေးငယ်လေးဟာ အသက်တစ်နှစ်အရွယ်သာ ရှိသေးပြီး ကားတိုက်မှုကြောင့် ဆေးရုံတက်နေရတာ နှစ်လဝန်းကျင်လောက်ရှိပြီပဲဖြစ်ပါတယ်။အစပိုင်းမှာတော့ Leopauld ရဲ့အခြေအနေဟာ ပြန်ကောင်းလာခဲ့ပေမယ့် နောက်ပိုင်းမှာ ဦးနှောက်သေသွားခဲ့ပြီး သေဆုံးရမယ့် အခြေအနေကိုရောက်လာခဲ့ပါတယ်။

အဲ့အခြေအနေအရောက်မှာတော့ ဒီကလေးလေး သေဆုံးတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေကို လှူပေးဖို့ မိဘတွေထံ အကူအညီတောင်းခံမှုတွေ ရှိလာခဲ့ပါတယ်။မိဘတွေဟာလည်း ရင်နာနာနဲ့ ကြေကွဲရပေမယ့် သားလေးရဲ့နောင်ဘဝအတွက်ကို ရည်မှန်းပြီး ကိုယ်တွင်းအင်္ဂါတွေကို လှူဖို့ လက်ခံခဲ့ပါတယ်။မနေ့က ညပိုင်းလောက်မှာဆိုရင်တော့ မိဘတွေဟာ Leopauld ကိုနောက်ဆုံးနှုတ်ဆက်စကားပြောခဲ့ကြပြီး ရှိုက်ကြီးတငင်နဲ့ ငိုကြွေးနေတဲ့ မိဘနှစ်ယောက်လုံးကို မြင်တွေ့ရတာက တကယ်ကြေကွဲစရာကောင်းလှပါတယ်။

အဲ့ဒီနောက်မှာတော့ Leopauld လေးကိုခွဲစိတ်မှုတွေ ပြုလုပ်ခဲ့ပြီး ခြောက်လအရွယ်ကလေးလေးတစ်ဦးဟာ Leopauld ရဲ့ နှလုံးကို လက်ခံရရှိခဲ့သလို နောက်ထပ်ကလေးမလေးတစ်ယောက်က အသည်းကို ရရှိခဲ့ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ Leopauld ရဲ့ ကျောက်ကပ်ကို ရရှိခဲ့ပြီး သူတို့သုံးယောက်လုံးဟာ Leopauld ရဲ့ကျေးဇူးနဲ့ အသက်ဆက်ရှင်သန်ခွင့်ရရှိခဲ့ပြီပဲဖြစ်ပါတယ်။ Leopauld လေးကတော့ လက်ရှိအချိန်မှာ သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေနဲ့ အခြားသူတွေရဲ့အသက်ကိုဆက်ပေးခဲ့ပြီး ဘဝတစ်ပါးကို ကူးပြောင်းသွားခဲ့ပါပြီ။ Rest In Peace ပါ Leopauld လေးရေ

Credit to original writing

မိမိရဲ႕ ကိုယ္တြင္းအဂၤါေတြနဲ႔ လူသုံးေယာက္အသက္ကိုကယ္ၿပီး ဘဝတစ္ပါးကိုကူးေျပာင္းသြားတဲ့ ကေလးေလး

ဇန္နဝါရီလ 19ရက္ေန႔က အေမရိကန္ႏိုင္ငံမွာ Leopauld Sanchez လို႔ေခၚတဲ့ တစ္ႏွစ္အ႐ြယ္ကေလးငယ္ေလးဟာ ကားတိုက္မႈကရရွိခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ပဲ ေသဆုံးသြားခဲ့ပါတယ္။ ဒီကေလးငယ္ေလးဟာ အသက္တစ္ႏွစ္အ႐ြယ္သာ ရွိေသးၿပီး ကားတိုက္မႈေၾကာင့္ ေဆး႐ုံတက္ေနရတာ ႏွစ္လဝန္းက်င္ေလာက္ရွိၿပီပဲျဖစ္ပါတယ္။အစပိုင္းမွာေတာ့ Leopauld ရဲ႕အေျခအေနဟာ ျပန္ေကာင္းလာခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဦးေႏွာက္ေသသြားခဲ့ၿပီး ေသဆုံးရမယ့္ အေျ

ခအေနကိုေရာက္လာခဲ့ပါတယ္။

အဲ့အေျခအေနအေရာက္မွာေတာ့ ဒီကေလးေလး ေသဆုံးတဲ့အခါ ကိုယ္တြင္းအဂၤါေတြကို လႉေပးဖို႔ မိဘေတြထံ အကူအညီေတာင္းခံမႈေတြ ရွိလာခဲ့ပါတယ္။မိဘေတြဟာလည္း ရင္နာနာနဲ႔ ေၾကကြဲရေပမယ့္ သားေလးရဲ႕ေနာင္ဘဝအတြက္ကို ရည္မွန္းၿပီး ကိုယ္တြင္းအဂၤါေတြကို လႉဖို႔ လက္ခံခဲ့ပါတယ္။မေန႔က ညပိုင္းေလာက္မွာဆိုရင္ေတာ့ မိဘေတြဟာ Leopauld ကိုေနာက္ဆုံးႏႈတ္ဆက္စကားေျပာခဲ့ၾကၿပီး ရႈိက္ႀကီးတငင္နဲ႔ ငိုေႂကြးေနတဲ့ မိဘႏွစ္ေယာက္လုံးကို ျမင္ေတြ႕ရတာက တကယ္ေၾကကြဲစရာေကာင္းလွပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Leopauld ေလးကိုခြဲစိတ္မႈေတြ ျပဳလုပ္ခဲ့ၿပီး ေျခာက္လအ႐ြယ္ကေလးေလးတစ္ဦးဟာ Leopauld ရဲ႕ ႏွလုံးကို လက္ခံရရွိခဲ့သလို ေနာက္ထပ္ကေလးမေလးတစ္ေယာက္က အသည္းကို ရရွိခဲ့ပါတယ္။ေနာက္ဆုံးတစ္ေယာက္ကေတာ့ Leopauld ရဲ႕ ေက်ာက္ကပ္ကို ရရွိခဲ့ၿပီး သူတို႔သုံးေယာက္လုံးဟာ Leopauld ရဲ႕ေက်းဇူးနဲ႔ အသက္ဆက္ရွင္သန္ခြင့္ရရွိခဲ့ၿပီပဲျဖစ္ပါတယ္။ Leopauld ေလးကေတာ့ လက္ရွိအခ်ိန္မွာ သူ႔ရဲ႕ကိုယ္တြင္းအဂၤါေတြနဲ႔ အျခားသူေတြရဲ႕အသက္ကိုဆက္ေပးခဲ့ၿပီး ဘဝတစ္ပါးကို ကူးေျပာင္းသြားခဲ့ပါၿပီ။ Rest In Peace ပါ Leopauld ေလးေရ

Credit to original writing

Leave a Reply

Your email address will not be published. Required fields are marked *