စနေနေ့ဖွား တို့ ပင်ကိုယ် စရိုက်၊ လက္ခဏာ များ

စနေ သားသမီးတွေက လူ့ဘဝကို စရောက်လာပီ ဆိုကတည်းက စိတ်ကြီးတတ် ကြပါတယ်။ ဒေါသဖြစ်ပီဆိုရင်လည်း အရာဝတ္ထု တခုခုနဲ့ ကိုယ့်အသားကို နာကျင်အောင် လုပ်တတ်တယ်။ပြောချင်တဲ့ စကားကို သွယ်ဝိုက် မပြောတတ်ဘဲ တိုက်ရိုက် ပွင့်ပွင့်လင်းလင်း ပြောတတ်တာ စနေပါ။ အစွဲအလန်းကြီးတယ်။ အမှတ်တရတွေကို သတိရနေတတ်တယ်။ ကိုယ့်အပေါ် ကောင်းတဲ့လူ ဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်ကြဘူး။

ဒေါသကြီးရင်လည်း သူများနဲ့ မတူအောင်ပါပဲ။ စိတ်ကြီးတယ် မဟုတ်မခံတတ်ဘူး။ အချိန် ခနလေးနဲ့ ဒေါသအရမ်းထွက်တတ်ပေမဲ့ ဟုန်းခနဲ ထတောက်တဲ့ မီးလိုပဲ ဒေါသတွေက ခနပဲ ကြာကြာတော့ စိတ်ထဲမထားတတ်ဘူး။ ကိုယ့်ရှေ့မှာ သတ္တဝါတွေ မြင်ရင် ချစ်တတ်တယ်။ သနား တတ်တဲ့ စိတ်ထားရှိကြတယ်။မျက်နှာတည်ပီး ရင်ထဲမှာတော့ တကယ်ခင်တတ်တဲ့ စိတ်ထား စနေသားသမီးမှာ အပြည့်အဝရှိတယ်။ အနေအေးပေမဲ့ ကိုယ့်ကို လာခင်တဲ့ လူတွေနဲ့ဆို ဖော်ရွေစွာ နေတတ်တာ စနေပါ။ သူငယ်ချင်းတွေရဲ့ အချစ် ခင်မင်မှုတွေကိုလည်း လိုချင်ကြတယ်။ မိသားစုတွေရဲ့ ဂရုစိုက်မှုကိုလည်း ခံချင်ကြတာလည်း စနေပါ။

စိတ်ဆိုးနေရင် မျိုသိပ်မထားတတ်ဘူး၊ ဖွင့်ပြောမိတတ်တယ်။ ပြောပီးရင်လည်း အကြောင်းတခုကို အပြန်ပြန်အလှန်လှန် စဉ်းစားတတ်ပီး စိတ်မကောင်း ဖြစ်နေတတ်တာလည်း စနေပါဘဲ။

ချစ်သူနဲ့ဖြစ်ဖြစ် သူငယ်ချင်းနဲ့ပဲ ဖြစ်ဖြစ် ရန်ဖြစ်ပီး မခေါ်ကြရင် ကိုယ်က ဘယ်တော့မှ အရင် စမခေါ်ချင်ကြဘူး၊ မာနအိုးတွေပါ။ သူ့ဘက်က စခေါ်ပီဆိုရင်လည်း သူ့ထက် 2ဆ ခင်မင်ပြတတ်တာ စနေ။

ခင်ရတဲ့သူတွေကို ကိစ္စတွေတိုင်း မပြောပြတတ်ဘူး။ အချို့သောအရာတွေကို လျှို့ဝှက်ထားတတ်တယ်။ ကိုယ်လုပ်တဲ့ ကိစ္စတွေတိုင်းကို လက်ကြောတင်းအောင် အကောင်းဆုံး လုပ်ကြပါတယ်။ ကိုယ်လုပ်ထားတဲ့အရာတွေကို အကောင်းပြောတာဘဲ ခံချင်ကြတာလည်း စနေပဲ။

သီချင်းတွေ ဒဏ္ဍရီ စိတ်ကူးယဉ် ဆန်ဆန်တွေကို နှစ်သက်ကြတယ်။ တခါတလေ တယောက်ထဲရှိရင် သီချင်းတွေ ညည်းနေတတ်တယ်။ အိမ်မက်တွေကိုလည်း အမျိုးမျိုး အထအန ကောက်တတ်ကြတယ်။အမျှော်အမြင်ကြီးတယ်၊ တိုးတက်ချင်တဲ့စိတ်တွေ အင်မတန် ရှိတယ်။ စိတ်သဘောထား ကောင်းတတ်ကြတာ စနေပါ။အချစ်ရေးမှာတော့ ကိုယ့်ချစ်သူရဲ့ မြတ်နိုးမှု အချစ်တွေကို ခံရပေမဲ့ ခေတ္တယာယီတော့ ဝေးနေတတ်ကြတယ်။

Share this:xyznews

စေနေန႔ဖြား တို႔ ပင္ကိုယ္ စ႐ိုက္၊ လကၡဏာ မ်ား

စေန သားသမီးေတြက လူ႔ဘဝကို စေရာက္လာပီ ဆိုကတည္းက စိတ္ႀကီးတတ္ ၾကပါတယ္။ ေဒါသျဖစ္ပီဆိုရင္လည္း အရာဝတၳဳ တခုခုနဲ႔ ကိုယ့္အသားကို နာက်င္ေအာင္ လုပ္တတ္တယ္။ေျပာခ်င္တဲ့ စကားကို သြယ္ဝိုက္ မေျပာတတ္ဘဲ တိုက္႐ိုက္ ပြင့္ပြင့္လင္းလင္း ေျပာတတ္တာ စေနပါ။ အစြဲအလန္းႀကီးတယ္။ အမွတ္တရေတြကို သတိရေနတတ္တယ္။ ကိုယ့္အေပၚ ေကာင္းတဲ့လူ ဆိုရင္ လြယ္လြယ္နဲ႔ မေမ့တတ္ၾကဘူး။

ေဒါသႀကီးရင္လည္း သူမ်ားနဲ႔ မတူေအာင္ပါပဲ။ စိတ္ႀကီးတယ္ မဟုတ္မခံတတ္ဘူး။ အခ်ိန္ ခနေလးနဲ႔ ေဒါသအရမ္းထြက္တတ္ေပမဲ့ ဟုန္းခနဲ ထေတာက္တဲ့ မီးလိုပဲ ေဒါသေတြက ခနပဲ ၾကာၾကာေတာ့ စိတ္ထဲမထားတတ္ဘူး။ ကိုယ့္ေရွ႕မွာ သတၱဝါေတြ ျမင္ရင္ ခ်စ္တတ္တယ္။ သနား တတ္တဲ့ စိတ္ထားရွိၾကတယ္။မ်က္ႏွာတည္ပီး ရင္ထဲမွာေတာ့ တကယ္ခင္တတ္တဲ့ စိတ္ထား စေနသားသမီးမွာ အျပည့္အဝရွိတယ္။ အေနေအးေပမဲ့ ကိုယ့္ကို လာခင္တဲ့ လူေတြနဲ႔ဆို ေဖာ္ေ႐ြစြာ ေနတတ္တာ စေနပါ။ သူငယ္ခ်င္းေတြရဲ႕ အခ်စ္ ခင္မင္မႈေတြကိုလည္း လိုခ်င္ၾကတယ္။ မိသားစုေတြရဲ႕ ဂ႐ုစိုက္မႈကိုလည္း ခံခ်င္ၾကတာလည္း စေနပါ။

စိတ္ဆိုးေနရင္ မ်ိဳသိပ္မထားတတ္ဘူး၊ ဖြင့္ေျပာမိတတ္တယ္။ ေျပာပီးရင္လည္း အေၾကာင္းတခုကို အျပန္ျပန္အလွန္လွန္ စဥ္းစားတတ္ပီး စိတ္မေကာင္း ျဖစ္ေနတတ္တာလည္း စေနပါဘဲ။

ခ်စ္သူနဲ႔ျဖစ္ျဖစ္ သူငယ္ခ်င္းနဲ႔ပဲ ျဖစ္ျဖစ္ ရန္ျဖစ္ပီး မေခၚၾကရင္ ကိုယ္က ဘယ္ေတာ့မွ အရင္ စမေခၚခ်င္ၾကဘူး၊ မာနအိုးေတြပါ။ သူ႔ဘက္က စေခၚပီဆိုရင္လည္း သူ႔ထက္ 2ဆ ခင္မင္ျပတတ္တာ စေန။

ခင္ရတဲ့သူေတြကို ကိစၥေတြတိုင္း မေျပာျပတတ္ဘူး။ အခ်ိဳ႕ေသာအရာေတြကို လွ်ိဳ႕ဝွက္ထားတတ္တယ္။ ကိုယ္လုပ္တဲ့ ကိစၥေတြတိုင္းကို လက္ေၾကာတင္းေအာင္ အေကာင္းဆုံး လုပ္ၾကပါတယ္။ ကိုယ္လုပ္ထားတဲ့အရာေတြကို အေကာင္းေျပာတာဘဲ ခံခ်င္ၾကတာလည္း စေနပဲ။

သီခ်င္းေတြ ဒ႑ရီ စိတ္ကူးယဥ္ ဆန္ဆန္ေတြကို ႏွစ္သက္ၾကတယ္။ တခါတေလ တေယာက္ထဲရွိရင္ သီခ်င္းေတြ ညည္းေနတတ္တယ္။ အိမ္မက္ေတြကိုလည္း အမ်ိဳးမ်ိဳး အထအန ေကာက္တတ္ၾကတယ္။အေမွ်ာ္အျမင္ႀကီးတယ္၊ တိုးတက္ခ်င္တဲ့စိတ္ေတြ အင္မတန္ ရွိတယ္။ စိတ္သေဘာထား ေကာင္းတတ္ၾကတာ စေနပါ။အခ်စ္ေရးမွာေတာ့ ကိုယ့္ခ်စ္သူရဲ႕ ျမတ္ႏိုးမႈ အခ်စ္ေတြကို ခံရေပမဲ့ ေခတၱယာယီေတာ့ ေဝးေနတတ္ၾကတယ္။

Share this:xyznews

Leave a Reply

Your email address will not be published. Required fields are marked *